ကစားစရာလေးတွေ ရောင်းပြီး မိသားစုကို ရှာကျွေးနေရတဲ့ အသက် (၇၈) နှစ်အရွယ် အဖိုး

စျေးဦးလဲ ပေါက်…အိမ်အစောကြီးလဲ ပြန်ရပြီ

အဖိုး အသက် (၇၈)နှစ်တဲ့…. အဖွားနှင့်သားက အိမ်မှာ… သားက ဂျင်လေးတွေ လုပ်ပေးတယ်တဲ့…အဖိုးက ဆေးခြယ်တယ်တဲ့….

အဖိုးရေ…ဂျင်လေးတွေ ဘယ်လိုရောင်း သား ဗိုလ်ချုပ်စျေးမှာဆို ၃ ထောင်ရောင်းကြတယ်…အဖိုးကို ၂၀၀၀ ပဲ ပေးပါ ဘယ်လိုဆော့ရတာတုန်း အဖိုး ဒီလိုကြိုးလေး ဆွဲပြီ လက်ပေါ်တင်ထားလို့လဲ ရတယ် သား

ဟုတ် အဖိုး…စျေးဦးပေါက်ပြီလား မပေါက်သေးပါဘူး သားရယ် အရင်ကကော…တနေ့ ဘယ်လောက်ရောင်းရလဲ တခါတလေ (၅)ခုပဲ ရောင်းရတယ်…မမှန်ပါဘူး သားရယ်

ဟုတ် အဖိုး…ဘယ်နှခုရှိလဲမသိဘူးနော်… အဖိုး မသိဘူး…ပြန်သွားလို့ အဖိုး အိတ်ထဲ ပါသွားတာ အဖိုး ပိုက်ဆံလိုပဲ တွေးပါတယ် သားရယ် သားတွက်ကြည့်တာ….(၁၂)ခုရှိတယ် အဖိုး ဟုတ်လား…

ဟုတ် အဖိုး…သား အားလုံးယူမယ်လေ ဟာ…တကယ်လား…သားက ဘာလုပ်ဖို့လဲ အဖိုးရှေ့က သား ကလေးလေး ဆော့ဖို့ပါ

သမီး ဆော့ဖို့လား… ဟုတ်တယ် အဖိုး….(အဖိုးက သူမကို သင်ပေးနေတာ ဆော့ပုံဆော့နည်းတွေ) အဖိုး ရော့….၅၀၀၀၀ ပါ… သား ပိုနေတယ်မလား…အဲ့လောက်မကျဘူးလေ… ဟုတ်တယ် အဖိုး ပိုနေတာ အဖိုးယူလိုက်ပါ… အဖွားအတွက် တခုခု ဝယ်သွားလိုက်နော်

ကျေးဇူးတင်လိုက်တာ သားရယ်…စျေးဦးလဲပေါက်…အိမ်လဲ အစောကြီးပြန်ရပြီ ဟုတ် အဖိုး…ဂရုစိုက်ပြန်နော် ခဏ ခဏ သားနာမည်လေးပြောခဲ့ပါ…အဖိုး မေတ္တာပို့ပေးချင်လို့ပါ

ဟုတ် အဖိုး….သား နမည် ပူတူးပါဗျ…ကျေးဇူးတင်ပါတယ် အဖိုးရယ် (ကျနော်တို့နှင့်အတူ ပူးပေါင်းပါဝင်လှူဒါန်းပေးကြသော (၇)ရက်သားသမီးအားလုံးကို အဖိုးကိုယ်စား ကျေးဇူးတင်ပါတယ်ဗျ)

ဪ…အဖိုး အိမ်စောပြန်ရလို့ ပျော်နေတာလေးကြည့်ပြီ ပျော်နေမိတယ်

ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက
ကိုပူတူးနှင့်ဘော်ဒါများ

Leave a Reply

Your email address will not be published.

x

You cannot copy content of this page