တနေ့ ထမင်း ၂ နပ်တင်မကဘူး မနက်စာ မုန့်ဟင်းခါးပါ အလကားကျွေးတဲ့ နေရာ (ရှာမှ ရှားပါပဲဗျာ)
နေပြည်တော်မှာ အော်လံနဲ့ကို ဗျို့ဟစ်ပြီး နေ့စဉ် ထမင်းဟင်း ဖရီးကျွေးနေတဲ့ နေရာ
“ထိုက်သူပန်” အဟာရဒါနအလှူနေရာ လူမျိုးမရွေး ဝင်ရောက်သုံးဆောင်နိုင်ပါတယ်။ စေတနာထက်သန်မှု ရှာမှရှားပါပဲ။
“ထိုက်သူပန်” ညနေခင်းအဟာရဒါန အမည်နဲ့ နေ့စဉ် လူ(၂၅၀) နဲ့ (၃၀၀) ကြားကို ထမင်းကျွေးလာတာ ရက်ပေါင်း (၅၀၀) တောင် ရှိပါတော့မယ်။
အလှူရှင်ဟာ ညနေခင်းဒါနတင် အားမရဘူး။ နံနက်စာ အဆာပြေ ထမင်းပါ ထပ်မံတိုးချဲ့ လှူလာခဲ့တာရက်ပေါင်း (၅၀) ပြည့်ပါတော့မယ်လို့ သိရပါတယ်။
နေပြည်တော်မှာ နေသူပဲဖြစ်ဖြစ် အလည်လာသူပဲဖြစ်ဖြစ် လူမျိုးမရွေး နေ့စဉ် ဝင်ရောက်သုံးဆောင်နိုင်ပါတယ်။
နံနက်ခင်း ထမင်းအလှူ – နံနက် (၇)နာရီမှ(၈)နာရီအထိ၊ ညနေခင်းထမင်းအလှူ – ညနေ (၅)နာရီမှ (၆)နာရီအထိပါခင်ဗျာ။
လိပ်စာက အမှတ်(၅၄၁၃-C)၊ မန္တလေးလမ်းနှင့်သော်က(၁၇)လမ်းဒေါင့်၊ ချင်းရွာအနီး၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်။
ဒီနေ့ကျွေးမွေးတဲ့ ဟင်းလျာတွေကိုလည်း ပုံတွေမှာ တွေ့မြင်နိုင်ပါတယ်။ စေတနာ ထက်သန်မှု သန့်ရှင်းသပ်ရပ်မှုကို အတိုင်းစား တွေ့ရမှာပါ။
ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ပါတယ်။