ထမင်းစားရုံသာမက ဝိုင်ဖိုင်ပါ အလကား ထိုင်သုံးနိုင်မယ့် မကွေးက (၅၀၀) ကျပ်တန် ဇလုံ ထမင်းဆိုင်
တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာ အခြေခံလူတန်းစားတွေ အတွက် မြန်ကောင်းသက်သာ (၅၀၀) ကျပ်တန် ထမင်းဆိုင်တွေ အပြိုင်အဆိုင် ဖွင့်လာကြတာကို တွေ့ရတာ ဝမ်းသာ ပီတိ ဖြစ်စရာ ကောင်းလှပါတယ်။
တဆိုင်ထက် တဆိုင် ဝန်ဆောင်မှု၊ သန့်ရှင်းမှု၊ စနစ်ကျမှုတွေ ပိုကောင်းလာတာကိုလည်း အားရစရာ တွေ့ရပါတယ်။
အခုလည်း မကွေးမြို့ ကားကြီးဝင်းထဲက ဆိုင်ကတော့ ထမင်းစားရုံသာမကဘူး ဝိုင်ဖိုင်နဲ့ အင်တာနက်ပါ အလကား ထိုင်သုံးလို့ ရမယ်လို့ သိရပါတယ်။
ဖုန်းအင်တာနက် ဒေတာခတွေ ဈေးကြီးတဲ့ အချိန်မှာ ယခုလို အာဟာရ ဒါနတင်မက အင်တာနက် ဒါနပါ ကုသိုလ်ပြုထားတာကတော့ လေးစားဖို့ အလွန်ကောင်းပါတယ်ဗျာ။
အသား တမျိုး၊ အရံဟင်း နှစ်မျိုး၊ အရည်သောက်နဲ့ ငပိရည် တို့စရာ အစုံအလင်နဲ့ စားကောင်းတဲ့ ဇလုံ ထမင်းတပွဲကိုမှ (၅၀၀) ကျပ်ထဲနဲ့ လည်း ရောင်းချပေးနေပါတယ်။
အခြေခံ လူတန်းစားတွေ အားကိုးရာ ဖြစ်လာတဲ့ မြန်ကောင်းသက်သာ (၅၀၀) ကျပ်တန် ထမင်းဆိုင်တွေ ထပ်မံ ပေါ်ပေါက်လာစေဖို့ မျှော်လင့် ဆုတောင်းလိုက်ရပါတယ် ခင်ဗျာ။