အကြိုက်ဆွဲ (၂၀၀) ကျပ်တန် ထမင်းဆိုင် လာပါပြီ (မန်းလေးသားတွေ လုပ်ပြီဆိုရင် ရှယ်တွေချည်းပဲ)
မန္တလေးကတော့ လုပ်လိုက်ရင် သူများထက် ထူးရမှာ ဆိုသလိုပဲ သူများတွေ မြန်ကောင်းသက်သာ ထမင်းတနပ် ကျပ် (၅၀၀) နဲ့ ရောင်းနေချိန်မှာ ပိုက်ဆံ (၅၀၀)နဲ့ ထမင်း (၂) နပ်စားရပြီး ကွမ်း (၁၀၀) ဖိုးပါ စားလို့ ရအောင် လုပ်လိုက်ပါပြီ။
ဘယ်လောက်ဆွဲဆွဲ အားလုံး ဗိုက်ဝစေဖို့ စိတ်မပူပါနဲ့။ ချက်ထားတဲ့ ထမင်းအိုး၊ ဟင်းအိုးတွေသာ ကြည့်လိုက်တော့၊ အဲဒါကြောင့် ပြောပါတယ် မန်းလေးသားတွေ လုပ်ပြီဆို ရှယ်တွေ ချည်းပါလို့။
မန္တလေးမြို့ရွှေဘုန်းလူငယ် ပရဟိတအသင်း၊ လမ်း ၆၀ – ၆၁ ကြား၊ အမှတ် ၃၇ A လမ်း အကြိုက်ဆွဲ (၂၀၀) ကျပ်တန် ထမင်းဆိုင် မြင်ကွင်းဖြစ်ပါတယ်။
ဒီကနေ့အလှူရှင် ရှိတာကြောင့် အဝစား (၂၀၀) ကျပ်နဲ့ရောင်းချပေးနေပြီး ဒီနေ့အတွက် ဟင်းလျာများကတော့ ငါးကြော်နှပ်ချက်၊ ခရမ်းသီးချက်၊ ငါးခေါင်းသီးစုံဟင်းရည်၊ ငရုပ်သီးစိမ်းထောင်း ဖြစ်ကာ မည်သူမဆို လာရာက်သုံးဆောင်နိုင်ကြောင်း သိရပါတယ်။
ရာသီဥတု အေးအေးလေးနဲ့ ထမင်းပူပူနွေးနွေးလေး စားချင်ရင်တော့ အပေါ်က လိပ်စာကိုသာ မနှေးအမြန် ခြေလှမ်းနဲ့ ပြေးကာသာ လာလိုက်ပါတော့ဗျာ…