သိန်းထောင်ချီ တန်ဖိုး ရှိတဲ့ ရေဆင်အကြောင်း သိကောင်းစရာ (ရေဆင် ရရင် ထီပေါက်စရာ မလိုတော့ပါ)

ဆင်သမားတစ်​ယောက် ဆင်စီးရင်း ​ချောင်းနိမ့်တစ်ခုကိုဖြတ်ရာတွင် ဒုက္ခနှင့် လှလှ ​တွေ့​နေသည်။ ဆင်ကိုချွန်းနှင့်ဘယ်လို ဆွဆွ၊ ပါးစပ်မှ​အော်ပြီးဘယ်လို လှန့်လှန့် ဆင်က ​ချောင်းကိုမဖြတ်၊ ​ချောင်းစပ်တွင်သာရပ်၍ တဝူးဝူး​အော်​နေသည်။

ဘာ​ကြောင့်ပါလိမ့်… မြန်မာနိုင်ငံ အထက်ပိုင်း ကချင်ပြည်နယ်တဝိုက်နှင့် ထိုင်းနိုင်ငံအတွင်း သစ်​တောနယ်​မြေတချို့တဝက်တွင် ဆင်သမားများ(ဆင်စခန်းတွင်အလုပ်လုပ်ကိုင်သူများ၊ ဆင်ဦးစီးများ)အကြား အ​ပြောများတဲ့ ဒဏ္ဍာရီဆန်ဆန် သတ္တဝါတစ်​မျိုးရှိပါတယ်။

ထိုသတ္တဝါဟာ ကြီးကြီးမားမားအ​ကောင်မျိုးမဟုတ်တဲ့အပြင် အသွင်သဏ္ဍာန်မှာ ချစ်စရာပင်​ကောင်း​ပါသေးတယ်။ ဒါ​ပေမဲ့လျှော့တွက်လို့မရပါ။ ပါးစပ်ရာဇဝင်​တွေအရ ဒီအ​ကောင်​ကြောင့်လူ​သေမှုများရှိခဲ့တဲ့အပြင် ဆင်တစ်​ကောင်လုံးကိုပါ တုန်းခနဲလဲသွား​စေနိုင်​လောက်​အောင် အဆိပ်ပြင်းပါတယ်တဲ့။ အထူးဆန်းဆုံးအချက်က သူတို့ဟာ ကုန်းသတ္တဝါ​တွေထဲမှာ အကြီးဆုံးဖြစ်တဲ့ဆင်​တွေနဲ့ တထေရာတည်းတူပြီး လက်တဆုပ်သာသာအရွယ်အစားပဲ ရှိပါတယ်။

ဟုတ်ပါတယ်၊ သူတို့က​တော့အများက ​ရေဆင်လို့သိကြတဲ့ ချစ်စရာ ဒဏ္ဍာရီဆန်ဆန်သတ္တဝါ​လေး​တွေပဲ ဖြစ်ပါတယ်။ ​ရေဆင်ကို ကိုယ်တိုင်​တွေ့မြင်ခဲ့ရတယ်ဆိုတဲ့ မျက်မြင်သက်​သေ​တွေရဲ့ အချက်အလက်​တွေကိုကြည့်ရ​အောင်…

၁၉၇၀၊ သြဂုတ်လ ၁၃ ရက်၊ လုပ်သားပြည်သူ့​နေ့စဥ် သတင်းစာမှာ ​ရေဆင်နှစ်​ကောင်ဖမ်းမိတဲ့ သတင်း ပါလာခဲ့ပါတယ်။ သံတွဲမြို့မှာ​နေတဲ့ တိကုဆရာဝန် ဦးဘမြိုင်ဟာ​ပေါက်​တောမြို့ ၊ ဘရွန်ဂါကျွန်းအုပ်စုထဲမှာပါတဲ့ ဆံ​တော်ရှင်ကျွန်း​တောင်ဘက်ကမ်းမှာ ​ရေဆင်အမတစ်​ကောင်၊​တောင်ကုတ်မြို့၊ မဒင်ကျွန်း၊ င​ဆောက်​ကျေးရွာ အ​နောက်ဘက်မှာ​ရေဆင်အထီးတစ်​ကောင် ဖမ်းမိခဲ့တယ်ဆိုတဲ့သတင်းပါ။

နောက်တစ်ခုက ရဲဘော်သုံးကျိပ်ဝင် ဗိုလ်တာရာကိုယ်တိုင် ပျဥ်းမနား​၊ တောင်တွင်းကြီးနယ်၊ ပဲခူးရိုးမအ​နောက်ဘက် သစ်​တောအတွင်း ​ကျောက်​ရေအိုင်တစ်ခုမှ ​ရေဆင်အရှင် တစ်​ကောင်ဖမ်းမိခဲ့တယ်ဆိုတဲ့ သတင်းလဲ ထွက်ခဲ့ပါ​သေးတယ်။

ဒါ့အပြင် ​ရေဆင်ကိုမြင်တယ်၊ဖမ်းမိတယ်ဆိုတဲ့သတင်း​တွေကလဲစိတ်ဝင်စားသူ​တွေရဲ့နားမှာ ကွက်စိပ်ကြား​နေရပါတယ်။ ကျွန်​တော် စာ​ရေးသူကိုယ်တိုင် ​ရေဆင်ဖမ်းမိခဲ့တဲ့ အမည်မ​ဖော်လိုသူတစ်​ယောက်ဆီက ​မေးမြန်းရရှိတဲ့ အချက်အလက်​တွေကို တင်ပြပါမယ်။

သူဟာ မြန်မာပြည်အနှံ့ခရီးသွားလာတတ်သူဖြစ်ပြီး ဆင်စခန်းတချို့နှင့်လဲ အဆက်အသွယ်ရှိဖူးသူဖြစ်ပါတယ်၊ သူ​ပြောပြတဲ့စကားအရ ကချင်ပြည်နယ်ဘက်မှာ ​ရေဆင်အထီးနှင့် အမအရှင်နှစ်​ကောင်ဖမ်းမိခဲ့ပြီး၊ ကန်ထဲထည့်ထားရာက နှစ်ရက်၊ သုံးရက်​နေ​တော့ ​သေသွားတယ်လို့ဆိုပါတယ်။

​ရေဆင်အထီးမှာ မီးခြစ်ဆံ​ချောင်းခန့်အစွယ်ရှိပြီး အထက်​အောက်အံသွားပါပါတယ်။ ဆင်ထီးကဲ့သို့အင်္ဂါလဲ ပါတယ်လို့ဆိုပါတယ်။ ​ရေဆင်အမက​တော့ အစွယ်မပါ​ပေမဲ့ အထက်​အောက် အံသွား​တွေပါပါတယ်၊ အ​ရောင်မွဲ​ခြောက်​ခြောက်ရှိပြီး ဆင်မအင်္ဂါပါတယ်လို့ ဆိုပါတယ်။

တစ်ခုရှိတာက ​ရေဆင်ရဲ့​ခြေ​ထောက်​တွေက ဆင်​ခြေ​ထောက်နဲ့မတူပဲ ​ခြေ​ချောင်းငယ်​လေး​တွေပါပြီး ကြွက်​ခြေ​ထောက်နဲ့တူပါတယ်။ ​ရေဆင်ကိုဖမ်းတဲ့အခါ ငှက်​ပျောတုန်းကိုဆင်ချီးသုတ်ပြီး ​ရေဆင်ရှိမယ်ထင်တဲ့​နေရာမှာချလိုက်ရင် ​ရေဆင်က အစွယ်နဲ့​ပြေးထိုးပြီးငှက်ပျောတုံးမှာ စိုက်ပါလာတယ်လို့ဆိုပါတယ်၊ ​ရေဆင်​တွေဆင်ကိုဘယ်​လောက်မုန်းလဲဆိုတာသိသာပါတယ်။

ဒါ့အပြင် အဲ့ဒီလူရဲ့စမ်းသပ်ပြချက်အရ ​ရေဆင်အ​သေ​ခြောက်ကို ဆင်​တွေ နားယူသွားတဲ့အခါ ဆင်ဟာ ​နောက်ကိုတအားဆုတ်ပါ​တော့တယ်၊ ဆင်​တွေက ​ရေဆင်ကိုတအား​ကြောက်ပါတယ် တချို့ဆင်ဦးစီး​တွေဆို ​ရေဆင်အစွယ်ကိုဆွဲကြိုးလုပ်ပြီး ဝတ်ထားရင် ဘယ်ဆင်မဆို အဲ့ဆင်ဦးစီးကို​ကြောက်ကြပါတယ် ခိုင်းသမျှလုပ်​ပေးတတ်ပါတယ်။

​ရေဆင်အစွယ်ဟာ တန်ဖိုးအရမ်းကြီးပြီး ထိုင်းက လူဆိုးဂိုဏ်း​ခေါင်း​ဆောင်တချို့ဟာ ​ရေဆင်စွယ်ကို အန္တရာယ်ကင်းအ​ဆောင်အဖြစ်​ ဆောင်ထားတတ်ကြတယ်လို့ သိရပါတယ်။

ဟုတ်ပါပြီ၊ ဒါက​တော့​ရေဆင်အ​ကြောင်း အ​ပေါ်ယံအမြင်​တွေပါ အခု​​ရေဆင်ကို ရှု​ထောင့်တစ်ခုက​နေ​ ကြည့်ရ​အောင် လက်တစ်ဆုပ်သာသာရှိတဲ့ အရွယ်​ရောက်ပြီးသားဆင်ဆိုတာ ​တွေးကြည့်ရင်​တော်​တော် အံ့သြဖို့​ကောင်းပါတယ် ဒါ့အပြင်​ရေမှာပါ​နေတယ်ဆို​တော့ ပိုပြီးစိတ်ဝင်စားဖို့​ကောင်း ​နေပြီ​ပေါ့။ အခုကျွန်​တော်တို့ ဒဏ္ဍာရီ​တွေခဏ​မေ့ထားပြီး ရိုးရိုး​လေးစဥ်းစားကြည့်ရ​အောင်…

​ရေဆင်ကိုပုံသဏ္ဍာန်အရ ကြည့်မယ်ဆို အ​မွှေး​တွေပါဝင်ပြီး ကြွက်လို၊ ဆင်လို ပုံရှိတာ​ကြောင့် ​​သွေး​နွေးသတ္တဝါ၊ နို့တိုက်သတ္တဝါ အဖြစ်သတ်မှတ်လို့ရပါတယ်။ အုပ်စုဖွဲ့​နေတတ်တဲ့အကျင့်ရှိပါတယ်။ ​ ရေညှိ​ရေ​မှော်​တွေစားပါတယ်။

Charle Darwin ရဲ့ ဆင့်ကဲ​ပြောင်းလဲမှုသီအိုရီကို​ထောက်ပြီး​ပြောပါမယ်။ ​ရေမှာအကြာကြီးနေနိုင်တဲ့ကြွက်​တွေကိုမြင်ဖူးကြပါသလား။ တချို့ကြွက်မျိုးစိတ်​တွေဟာ ​ရေမှာအကြာကြီး ငုပ်​နိုင်ကြပါတယ် အရမ်း​အေးတဲ့​ဒေသ​တွေက ခဲ​နေတဲ့​ရေခဲကန် မျက်နှာပြင်​တွေ​အောက်က ​ရေခဲ​ရေ​တွေထဲမှာ အကြာကြီး ငုပ်လျှိုးသွားလာနိုင်တဲ့ကြွက်မျိုးစိတ်​တွေ​တောင် ရှိပါ​သေးတယ်။

ဒီကြွက်​တွေက ​ရေကန်​တွေ၊ အိုင်​တွေနားမှာ ​နေကြပြီး ရေကန်ထဲက ပိုးမွှား​လေး​တွေ၊ပုစဥ်းသား​လောင်း​တွေ၊ အပင်​တွေ နဲ့ ငါး​သေး​သေး​လေး​တွေကို ဖမ်းဆီးစား​သောက်ကြပါတယ်။ သူတို့အတွက်အစာအရင်းအမြစ်ဟာ ကုန်းမှာထက်​ရေမှာ ပိုများ​နေတာ​ကြောင့်တစ်​ကြောင်း၊ သူတို့ကို အန္တရာယ်ပြုမယ့် သတ္တဝါ​တွေဟာ ​ရေထဲမှာအလွန်နည်းတာ​ကြောင့် တစ်​ကြောင်း​ကြောင့် ကုန်းက​နေ ​ရေကိုတဖြည်းဖြည်း​ပြောင်းလာကြပါတယ်။

ဒီလိုနဲ့ အ​လေ့အကျင့်​တွေ၊ စား​သောက်​နေထိုင်မှုစရိုက်​တွေ တဖြည်းဖြည်းလိုက်​ပြောင်းလာပြီး ​ရေမှာ​နေနိုင်တဲ့ မျိူးစိတ်အဖြစ်ဆင့်ကဲ​ပြောင်းလဲလာကြပါတယ်။ ကြွက်က​နေ​ ရေဆင်ပုံကို ဘယ်လိုဆင့်ကဲ​ပြောင်းလဲမလဲ ကြွက်ဟာ ​ရေမှာအ​နေများတဲ့အခါ ​ရေမျက်နှာပြင်ကိုတက်ပြီး ခဏခဏအသက်ရှူရပါတယ်၊

ဒီအတွက် သူတို့နှာတံဟာ ပိုပြီးအဆင်​ပြေ​​ပြေ အသက်ရှူနိုင်ဖို့၊ ​ရေမျက်နှာပြင်အထက်ထိ မတက်ပဲ အသက်ရှူနိုင်ဖို့အတွက် ရှည်ထွက်လာပြီး ဆင်နှာ​မောင်းတစ်ခုအသွင် ဆင့်ကဲ ပြောင်းလဲလာတာဖြစ်ပါလိမ့်မယ်၊

ဒါ့အပြင် နှာ​မောင်းထွက်ရခြင်းရည်ရွယ်ချက်မှာ ​ရေညှိ​ရေ​မှော်ပင်​တွေကို လွယ်ကူစွာ နှုတ်ယူစား​သောက်နိုင်ဖို့ နဲ့ အခြား​သောရည်ရွယ်ချက်​တွေ ရှိပါလိမ့်ဦးမယ်။ ကမ်းပါးနံရံမှာ တွင်း​တွေတူးဖို့၊ ​ရေညှိ​ရေ​မှော်​တွေထိုး​ကော် စားဖို့ ကုန်း​ပေါ်မှာထက်​ရေမှာက သွား၊အစွယ်ကိုအသုံးချရမှု များတာ​ကြောင့် အစွယ်ဟာသာမာန်ထက်ရှည်ထွက်လာမယ်။

ဒါ့အပြင် ပြင်ပအန္တရာယ်​တွေကို ကာကွယ်ဖို့အစွယ်​တွေ ရှိထားရပါလိမ့်မယ်၊ ​အမ​တွေက​တော့ မျိုးပွားဖို့ကိုပိုအားစိုက် ရတဲ့အတွက် တိုက်ဖို့ခိုက်ဖို့၊ အစာရှာဖို့ဆိုတာသူတို့အဖို့ ပဓါနမဟုတ်တာ​ကြောင့် အစွယ်မရှိတာဖြစ်ပါလိမ့်မယ်။

ကြီးမားကျယ်ပြန့်တဲ့ နားရွက်​တွေက ​ရေကူးဖို့လွယ်​အောင် ဆင့်ကဲ​ပြောင်းလဲလာမယ်၊ ​ခြေ​ချောင်း​လေး​တွေကြား အဆက်က​လေး​တွေဖြစ်လာပြီး ​ရေကူးဖို့အသုံးဝင်လာမယ်။ အတွင်းပိုင်းက အဆုတ်ရဲ့ ​လေဝင်နိုင်စွမ်း​ကောင်းလာမယ်။ တခြား​ပြောင်းလဲမှု​တွေလဲရှိမယ်။ ဒါက ကြွက်တစ်​ကောင် ​ရေဆင်ပုံစံဘယ်လို​ပြောင်းလာ နိုင်သလဲဆိုတဲ့ ဖြစ်နိုင်​ချေ​တွေ​ပေါ့။

ဒါက​တော့ ​ရေဆင်အ​ပေါ်ကျွန်​တော့်အမြင်သက်သက်ပါ ဒဏ္ဍာရီ​တွေ ဘာ​တွေညာ​တွေ မပါပဲနဲ့​ပေါ့။ ဘာ​ကြောင့်​ရေဆင်​တွေက ဆင်​တွေကိုရန်လိုလဲ၊ ဆင်​တွေက​ရေဆင်​တွေကို ဘာလို့​ကြောက်လဲ ဆိုတဲ့ ​မေးခွန်း​တွေနဲ့​ရေဆင်စွယ်က အဆိပ်​အ​ကြောင်းက​တော့ ဆက်စဥ်းစားဖို့ ပြသနာ​တွေ​ပေါ့ဗျာ။

ကဲပါ အခု​ဖော်ပြခဲ့တာ​တွေက​တော့ ​ရေဆင် အ​ကြောင်းကို ထုံးစံအတိုင်း ယူဆချက်​လေး​တွေ၊ ဖြစ်နိုင်​ချေ​လေး​တွေညှပ်ပြီး​ဖော်ပြ ခဲ့တာပါ ​ကျေးဇူးတင်ပါတယ်။

phoe kyal

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page