ထိုက်တဲ့ သူမှ မြင်ရတဲ့ နောင်ချို တိမ်ပင်လယ်နဲ့ ထိန်းသိမ်းသင့်တဲ့ သဘာဝအလှတရား တခု

ရှမ်းပြည် နောင်ချိုက တိမ်ပင်လယ် အရမ်းလှပါတယ်။ ဒါပေမယ့် ကိုယ်ရောက်သွားချိန်နဲ့ တိမ်ပင်လယ်မြင်ရဘို့ကတော့ အင်မတန်ကို တိုက်ဆိုင်မှ မြင်ရပါမည်။

ရပ်ဝေးက မိတ်ဆွေတွေအတွက် အကြံပေးချင်တာကတော့ မသွားခင် ကြိုတင်ချိတ်ဆက် စုံစမ်း မေးမြန်းဘို့ လိုပါသည် ၊ မေးမြန်းရင်လည်း မနက်ဖြန်မနက် တိမ်ပင်လယ်ရှိမ / ရှိ စခန်းက သူတွေလည်း အာမမခံနိုင်ကြပါဘူး ၊ တစ်ချို့ ၃ ရက်လောက်အချိန်ပေးပြီးကြည့်တာတောင် ကံကောင်းမှ မြင်ရပါတယ် ။

တိကျတဲ့ Information ကို နေ့စဉ် တင်ပြပေးနေရင်တော့ တစ်မျိုးပေါ့ ၊ ကိုယ်တွေသွားတဲ့အချိန်က မမြင်ခဲ့ရပါဘူး ၊ သွားမောကြီးဖြစ်ခဲ့တယ် ၊ အေးတာတော့အရမ်းအေးပါတယ် ၊ အနီးအနားကသစ်ပင်တွေကို ထင်းအဖြစ် မီးဖိုပြီး မီးလှုံချင်ရင် ထင်းတစ်ပုံ ၁၀၀၀၀ ကျပ်ပေးရပါသည် ( ကြာရင်ပြောင်သွားလေမလားဘဲ)။

မိုးရွာထားပြီးကာစနဲ့ ကြုံကြိုက်တာတို့ ဆိုရင်တော့ အောက်က ရေငွေ့ပြန်တက်လာပြီး ယခုလိုလှပတဲ့တိမ်ပင်လယ်တွေကိုရှု့စားမြင်တွေ့ရမှာဖြစ်ပါတယ် ။

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ နောင်ချိုကြီးကျေးရွာက တိမ်ပင်လယ်ကို ခရီးစဉ်သစ်တစ်ခုအနေနဲ့ ဖော်ဆောင်ဖို့ တိမ်ပင်လယ် ဗျူးပွိုင့်စခန်းမှာ နားနေဆောင်အသစ်တွေ ထပ်မံတည်ဆောက်နေပြီမို့ယခင်ကထက် ပို၍လှပနေပါပြီ။

သဘာဝပါတ်ဝန်းကျင် အလှအပတွေကလည်း “ဥတုရာသီ တောကိုမှီ“ ဆိုသလိုဘဲ သစ်တောတွေပြုန်းတီးမှုတွေနည်းပါးမှ ၊ စည်းနဲ့ကမ်းနဲ့ ထိန်းသိမ်းကြပြီး ခရီးသွားတွေအတွက် ဘီယာပုလင်းနဲ့ အမှိုက်တွေက အစ စနစ်တကျ စွန့်ပစ်တတ်ကြဘို့ ဖြစ်သလို တောင်အောက်ကို မချဘို့ကိုလည်း သတိပေးဆိုင်းဘုတ်တွေ ချိတ်ဆွဲထားသင့်ပါသည်။

ညအိပ်မည်ဆိုလျှင် စောင်နှင့်အနွေးထည်ကို လုံလောက်အောင် ယူသွားသင့်ပါသည် ၊ LED မီး ( သို့ ) လက်နှိပ်ဓတ်မီး ၊ တစ်ရှူးအစိုနှင့်စက္ကူများ ၊ စားစရာနှင့် သောက်စရာတစ်ချို့ ကိုလည်း ဝယ်ယူသွားဘို့ လိုပါသည် ၊ အပေါ်မှာ ယခင်က အင်တာနက်ဖုန်းလိုင်များမမိပါ။ ကိုယ်တွေ့ကြုံခဲ့ရလို့ပါ။

SiThu Maung

Leave a Reply

Your email address will not be published.

x

You cannot copy content of this page