ဘားအံမြို့က ကရင်ရိုးရာချက်နည်းတွေနဲ့ မြန်ကောင်းသက်သာ (၅၀၀) ကျပ်တန် ဇလုံထမင်းဆိုင်
တိုင်းနဲ့ ပြည်နယ် အသီးသီးမှာ အခြေခံ လူတန်းစားတွေအတွက် မြန်ကောင်းသက်သာ (၅၀၀) ကျပ်တန် ဇလုံ ထမင်းဆိုင်တွေ အပြိုင်အဆိုင် ပေါ်လာကြတာ ဝမ်းသာစရာ အလွန်ကောင်းပါတယ်။
(၅၀၀) ကျပ်တန် ထမင်းဆိုင်တွေကို လူတွေ စိတ်ဝင်စားလာတာနဲ့ အမျှ ဝန်ဆောင်မှု အမျိုးမျိုး၊ ဟင်းချက် လက်ရာ အမျိုးမျိုးနဲ့ အခြေခံလူတန်းစားတွေ ဝမ်းဝဖို့အတွက် အပြိုင်အဆိုင် ဖွင့်လှစ်လာကြပါတယ်။
ယခုလည်း ကရင်ပြည်နယ်၊ ဘားအံမြို့ အမှတ် (၄) ရပ်ကွက်၊ ခရေလမ်းမှာ ဖွင့်လှစ်ထားတဲ့ မြန်ကောင်း သက်သာ (၅၀၀) ကျပ်တန် ဇလုံ ထမင်းဆိုင်ရဲ့ မြင်ကွင်းတွေကို ဖော်ပြလိုက်ပါတယ်။
ကရင်ပြည်နယ်၊ ဘားအံမြို့မှာ ဖွင့်ထားတယ်ဆိုတဲ့ အတိုင်း ဟင်းလက်ရာတွေကတော့ ကရင်ရိုးရာစတိုင် တို့စရာများများနဲ့ စားလို့ကောင်းတဲ့ လက်ရာတွေ အများဆုံး ပါနေမှာ အသေချာပါပဲ။
လှူဒါန်းကျတဲ့ စေတနာဇောတိကတွေနဲ့ ကာယဒါန လုပ်အားပေးကြတဲ့ လူတွေ အားလုံး ကျန်းမာ ရွှင်လန်းကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ် ခင်ဗျာ။