မြန်မာပြည်ကို ပတ်လည်ဝိုင်းနေတဲ့ အိုမီခရွန်နဲ့ နှစ်ပေါင်းထောင်ချီ တည်ရှိတော့မယ့် ကိုဗစ်ပိုး

အိုမီခရွန် ဟာ နိုင်ငံ ၆၀ ကျော် ကူးသွားပါပြီ။ အင်္ဂလန်မှာ တနေ့ လူ ၂ သိန်းအကူးခံနေရပါတယ်။ အိုမီခရွန် ဟာ ၂၀၂၂ ဆန်းမှာ ဒယ်လ်တာအမျိုးအစား ကိုဗစ်ကို ကျော်ပြီး ကမ္ဘာမှာ ဗိုလ်စွဲပါမယ်။ ကူးစက်နှုံးအလွန်မြန်တယ်။

ထူးခြားချက်ကတော့ အိုမီခရွန် ဟာ တုတ်ကွေးဆန်ဆန် ခေါင်းကိုက်တယ်၊ ကိုယ်လက်နာတယ်၊ ဖျားတယ်။ များသောအားဖြင့် ရောဂါ ခပ်ပျော့ပျော့ နဲ့ ပြီးဆုံးသွားတယ် လို့ ဆိုပါတယ်။

အရင် ကိုဗစ်လို အောက်စီဂျင်လိုတာ မရှိစလောက်နည်းတယ်၊ အဆုတ်ထဲ ကိုဗစ်ပိုး ဝင်ပြီး နှလုံခုန်နှုံးမြန်တာ၊ နှာခေါင်းပိတ်တာ၊ အနံ့ပျောက်တာ မျိုး မတွေ့ရဘူး လို့ဆိုပါတယ်။ ဒယ်လ်တာက ၁၀၀ သေရင် အိုမီခရွန်က တယောက် အချိုးလောက်ပဲ ရှိနေပါတယ်။

အကူးခံရသူ တော်တော်များများကတော့ ပါရာစီတီမောနဲ့ တင် ပျောက်နိုင်ကြောင်းပါ။ အိုမီခရွန်ဟာ လူမသေဘူးလားဆိုတော့ တုတ်ကွေး ကနေတောင် လူသေတတ်တာမို့ ရောဂါအခံရှိသူတွေ အသက်ကြီးသူတွေ နောက်ဆက်တွဲ ပြဿနာနဲ့ အသက်အန္တရာယ် ကြုံနိုင်ပါတယ်။

မြန်မာပြည်ရောက်လာရင် (ရောက်နေပြီလားတောင်မသိ) သုံးလေးလ နဲ့ တနိုင်ငံလုံး ကူးသွားနိုင်တယ်။ မြန်မာပြည် ကံကောင်းတဲ့အချက်က နောက်လတွေဟာ နွေ လတွေ ဖြစ်တယ်၊ ဗိုင်းရပ်စ် ရှင်ဖို့ခက်တယ်။ ဇွန် ဇူလိုင် ဆိုရင်တော့ အိုမီခရွန်ဟာ ပြဿနာအတော်ပေးနိုင်တယ်။

အိုမီခရွန် ကနေ နောက် ဘယ်လိုမျိုး ထပ်ပြောင်းပြီး ဘာဖြစ်မလဲ မသိပါ။ ပျော့သွားမလား? ပိုပြင်းတာ လာမလားပဲ။ ကိုဗစ်ကတော့ ကမ္ဘာပေါ်မှာအမျိုးစုံပုံ ပြောင်းပြီး တုတ်ကွေးပိုးလို နှစ်ထောင်ချီရှိနေမှာပါ။

Kyaw Swa Min

Leave a Reply

Your email address will not be published.

x

You cannot copy content of this page