ဗိုက်အရမ်းဆာလို့ တောင်းစားနေရတဲ့ ခိုကိုးရာမဲ့ စကားမပြောတတ်တဲ့ အဖွား (တွေ့ရင် ကူညီပေးလိုက်ကြပါ)
စကားမပြောတတ်သော အဖွား နှင့် ကျနော်
အာ..ဘာ…အာဘာ (လက်လေးနဲ့ ပါးစပ်နား ထမင်းခွံ့တဲ့ပုံစံလေး ပြတယ်) ကျနော်မှ…(လက်နဲ့ ဗိုက်လေး ပွတ်ပြပြီ…ထမင်းခွံ့တဲ့ ပုံစံလေး ပြန်ပြတော့…)
ခေါင်းလေး ညိမ့်ပြရှာတယ် (အဖွား ဗိုက်ဆာတယ်တဲ့) ကျနော်လဲ အဖွားအတွက် ၂၀၀၀၀ ကျပ် ထုတ်ပေးလိုက်တော့…. အာ..ဘာ…ဘာ…အာဘာဘာ… (ဘာပြောလဲ မသိပေမဲ့ အဖွား ပျော်သွားတာလေးတော့ မြင်လိုက်ရတယ်)
ကျနော်မှ…လက်ဟန်နဲ့ အဖွား ဂရုစိုက်ပြန်ပါနော် ပြတော့… ခေါင်း ညိမ့်ပြ…ကားလေးပေါ် မှီပြီ မျက်ရည်တွေ သုတ်နေရှာတယ် (ကျနော်တို့နှင့်အတူ ပူးပေါင်းပါဝင်လှူဒါန်းပေးကြသော (၇)ရက်သားသမီးများအား အဖွားကိုယ်စား ကျေးဇူးတင်ပါတယ်ဗျ)
ဪ…အဖွား စကားမပြောတတ်တော့ ဘယ်လောက်တောင် ဗိုက်ဆာနေမလဲ မသိဘူးနော်
ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက
ကိုပူတူးနှင့်ဘော်ဒါများ