လေဖြတ်ပြီး အိပ်ယာထဲမှာ တယောက်တည်း တချိန်လုံးလှဲနေရတဲ့ အသက် (၇၀) ကျော် အဖိုး
အရမ်းနာလို့ပါ သားရယ်…စျေးကြီးတော့ အဖိုး မဝယ်နိုင်ဘူး
အဖိုး အသက်(၇၀)ကျော်…..လေဖြတ်ပြီ အိပ်ယာထဲ လှဲနေ၊ မိသားစုမှာလဲ သိပ်အဆင်မပြေဘူးတဲ့…မိသားစုဝင်တွေ အလုပ်သွားတဲ့အခါ…တယောက်တည်း အိမ်မှာ ခုလို ကျန်နေခဲ့ရတာတဲ့
မလှုပ်ရှားနိုင်တော့…တင်ပဆုံးရိုးနားမှာ အိပ်ယာနာ ဖြစ်လာရော။ အိပ်ယာနာက တရက်နဲ့ တရက် ပိုဆိုးလာပြီ… အရိုးထိပါ မြင်ရတယ်။
အဖိုးဆီ ရောက်သွားတော့…တယောက်တည်း ပက်လက်နဲ့ နေနေရှာတယ်… အရမ်းနာလို့ပါ သားရယ်…အဖိုး လေမွှေ့ယာလေးနဲ့ အိပ်ချင်လိုက်တာ…စျေးကြီးတော့ မဝယ်နိုင်ဘူး
အဖိုး တကယ် အိပ်ချင်တာလား…အဲ့ဒါနဲ့ဆို အဖိုး သက်သာမှာ အိပ်ချင်တာပေါ့ သားရယ်…အရမ်း စပ်ပြီ နာတာပဲ…သက်သက်သာသာလေး အိပ်ချင်တာပေါ့
ဟုတ် အဖိုး…အိပ်ရမယ် ခဏစောင့်နော်…သွား ဝယ်မယ်။ အဖိုး ရော့…လေမွှေ့ယာ…အနာကျက်ဆေးရည်…အနာကျက်သောက်ဆေး…ဘီကိုဇင့် အဖိုးတွက်နော်၊ အားရပါးရ သက်တောင့်သက်သာ အိပ်လို့ရတယ်…အာမခံလဲပါတယ်နော်…ပေါက်သွားလဲ ဘာမှ မဖြစ်ဘူး… အဖိုး ဒီညကစပြီ စိတ်ချလက်ချ အိပ်လို့ရပြီ
ကျေးဇူးတင်လိုက်တာ သားရယ်…လိုချင်နေတာ ကြာပါပြီ…မဝယ်နိုင်လို့ပါ…ခုတော့ ပျော်လိုက်တာ (ကျနော်တို့နှင့်အတူ ပူးပေါင်းပါဝင်လှူဒါန်းပေးကြသော (၇)ရက်သားသမီးများအား အဖိုးကိုယ်စား ကျေးဇူးတင်ပါတယ်ဗျ)
ဪ…ကျနော်တို့ ဒူးလေးပွန်းရင်တောင် စပ်ပြီ နာနေတာ…အဖိုးခများ ညတွေ ဘယ်လောက်တောင် နာကျင်နေမလဲ မသိဘူး…ခုတော့
ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက
ကိုပူတူးနှင့်ဘော်ဒါများ