သခင်ဖြစ်သူကို မြွေဟောက်ရန်ကနေ ကာကွယ်ရင်း အသက်ပေးလိုက်ရတဲ့ ခွေးလေးဘွန်ဘာ

၁၄-၄-၂၀၂၂ ကျွန်တော့်နာမည် ဘွန်ဘာ ဗျ ကျွန်တော်က နယ်မြို့လေးကပါ ကျွန်တော့် သခင်နဲ့အတူ ခြံထဲမှာ ပြေးလွှားဆော့ကစားရင်း သဘာဝတရားကို ခံစားပြီးနေတယ် ချောင်းအကျယ်ကြီးထဲ ရေဆင်းကူးတယ် စိုက်ခင်းတွေထဲ ဆော့ကစားတယ်။

ကျွန်တော့်ဘဝက သခင်၊ ကျွန်တော့်အလုပ်က သခင်ကို ကာကွယ်ဖို့ ခုလိုကာလမှာ သခင်က ကျွန်တော့်ကို ပိုလိုအပ်တယ် ကျွန်တော့်သခင်က မှန်ကန်မျှတသောသူ သူ့ရှေ့ မဟုတ်တာတွေ့ရင် မနေနိုင်တဲ့သူဆိုတော့ ရန်သူများသဗျ ကျွန်တော့်ကို မွေးရခြင်းအကြောင်းအရင်းကလည်း ဒီအချက်ပါတယ်။

သခင် ရုံးဖွင့်စဉ်က ရုံးလိုက်ရတယ် အခက်အခဲရှိဒေသခံပြည်သူတွေကို သခင်က ကာကွယ်တယ် ကျွန်တော်က သခင်ကို ကာကွယ်တယ် သခင်က ကျွန်တော့်ကို သိပ်ချစ်တယ် သခင်က သူ့မိသားစုထက် ကျွန်တော်နဲ့အတူ အနေများတယ်ဗျ

မိသားစုစုံချိန်တော့ ကျွန်တော်လည်း ပျော်တာပေါ့ဗျာ သခင်ဘယ်သွားသွား ကျွန်တော် လိုက်ရတယ် သခင် ဆန္ဒပြထွက်တော့ ရုံးကလူတွေနဲ့လည်း လိုက်ရသေးတယ်ဗျာ ကျွန်တော်ကအရမ်းချစ်စရာကောင်းပါတယ် ဒါပေမယ့် တွေ့တဲ့သူတိုင်းက ရှိန်တယ်ဗျ အနားမကပ်ရဲကြဘူး ကျွန်တော်ရုပ်က တည်ကြည်တာကိုးဗျာ

ကျွန်တော် aircon လည်း ကြိုက်တယ် ရုံးသွားရင် ရုံးခန်းထဲ aircon ခန်းထဲက မထွက်ဘူးဗျ တခါခါ အိပ်ရင် သခင်ဖိနပ်ကို ဖက်အိပ်တယ် သခင်အပြင်ထွက်ရင် ဖိနပ်စီးရမယ်လေ ကျွန်တော်က အိပ်ပျော်နေရင် မသိမှာစိုးလို့ ဖိနပ် ယူထားရတာပါဗျ။

ကျွန်တော် ထင်ထားခဲ့တာ ကျွန်တော့်သခင်အနားမှာ သက်တမ်းစေ့ နေပြီး ကာကွယ်ပေးရမယ်လို့ ကာကွယ်ရမှာက လူအန္တရာယ်လို့ပဲ ထင်ခဲ့မိတာဗျာ ဘယ်ဟုတ်မလဲ မြွေဗျ မြွေမှ မြွေဟောက် သခင်နားမရောက်ခင် ကျွန်တော်ခုန်အုပ် သူကရစ်ပတ်ရန်လုပ်ရင်း ကျွန်တော်တို့ရန်ဖြစ်ကြတယ်

သူကလည်း ကျွန်တော့်ကို နည်းနည်းမှ အလျော့မပေး ကျွန်တော်ကလည်း သခင်အတွက်ဆို အသက်ပါပေးရဲတဲ့ကောင်ဗျာ။ မင်းနိုင်မလား ငါနိုင်မလား ချကြရင်း သူရော ကျွန်တော်ရော သေဆုံးသွားရပါပြီ ကျွန်တော်တာဝန်ကျေတယ်မို့လားမို့လားသခင် သခင် ရင်ကွဲနေမှာ ကျွန်တော်သိတယ် ကျွန်တော့်မျိုးဆက် ချန်ထားခဲ့တာမို့ သခင် စိတ်ချမ်းသာအောင် နေပါဗျာ သူတပါးအကျိုးကို ဆက်ပြီး ကူညီနိုင်သူအဖြစ် နေရစ်ခဲ့ပါဦးဗျာ ကျွန်တော်တော့ သွားနှင့်ပြီ သခင်…

အသက်ရှင်နေတုန်း ကျွန်တော်တို့တွေကို အပြည့်အဝချစ်ပေးကြပါဗျာ ကျွန်တော်တို့က သခင်တို့ကိုအသက်ပေးချစ် သစ္စာရှိသူတွေပါ သခင်တို့ကို ကာကွယ်ချင်စိတ်အပြည့်ရှိသူတွေပါဗျာ…

(လေးစားရသော အစ်ကို နှင့် ဘွန်ဘာအား အမှတ်တရ)

ရတနာမိုး

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page