ဖားကန့်က ထွက်တဲ့ သိန်း ၉၈၀၀၀ ကျော်တန် ကျောက်စိမ်းတုံးကြီး (ဘယ်သူမှ စျေးမပေးရဲပါဘူးတဲ့)
တရုတ်ငွေ သိန်း ၃၅၀ (မြန်မာငွေ သိန်း ၉၈၀၀၀ ကျော်) နဲ့ ဝယ်လိုက်တဲ့ ကျောက်လို့ဆိုပါတယ်
မနှစ်ကမှ ဝယ်တာဆိုတော့ သိပ်မကြာသေးပါဘူး။ ကျောက်ကြီးက အလေးချိန် ၃.၅ တန်ချိန်တောင် ရှိပါတယ်တဲ့။
ဖောက်ချက်အကြီးကြီးတွေ ဖောက်ထားပြီး အရည်ပေါက်မဆိုးပေမယ့် အသားတန်းကတော့ အသင့်အတင့် ခါးလောက်ပါပဲ။
ဝယ်တုန်းက လူသိများပြီး နာမည်ကြီးသွားပေမယ့် လအတော်ကြာတဲ့ထိ စျေးပေးရဲတဲ့သူ မရှိတဲ့အပြင် ဖြတ်လည်းမဖြတ်ရဲလို့ စိတ်ညစ်နေရတယ်လို့ရေးထားပါတယ်။