ဆံပင်အနက်ရောင် ရှိမှ လူကောင်းလား၊ လူကောင်းတိုင်း ဆံပင် အနက်ရောင် ရှိတာလား
ဆံပင်ဟာ အမြဲတမ်းအနက်ရောင်ရှိရမယ်လို့ ယူဆထားတာဟာလည်း အစွဲဥပါဒါန်တမျိုးပါပဲ၊
ဆံပင် ဖြူနီကြောင်ကြားဆိုးထားတိုင်း လူဆိုးမဟုတ်သလို ဆံပင်အနက်ရောင်ရှိသူတိုင်းကလည်း လူကောင်းမဟုတ်ကြဘူး၊ ဆံပင်နီခြင်း နက်ခြင်းက လူတစ်ယောက်ရဲ့ ကိုယ်ပိုင်ရွေးချယ်မှုအခွင့်အရေးပါ၊ ဘာသာရေးနဲ့လည်း ဘယ်လိုမှ မပတ်သက်ဘူး၊
ခေတ်ရေစီးကြောင်းကို မျက်ကွယ်ပြုတော့ ဘာသာရေးဆရာတချို့ဟာ ပတ်ဝန်းကျင်နဲ့ သဟဇာတ ဖြစ်မနေကြဘူး၊ ဘာသာရေး ကျောင်းတော်ကြီးက ဒီလိုခွဲခြားဆက်ဆံတာဟာ ရှက်စရာလို့မြင်တယ်၊ ဗုဒ္ဓရဲ့ မေတ္တာတရား ကရုဏာတရားကို ခေတ်လူငယ်တွေက မေးခွန်းထုတ်ကြလိမ့်မယ်။
လူတွေကိုတော့ ငါစွဲ ဒိဌိစွဲ အတ္တစွဲတွေအကြောင်း ဟောပြောနေကြပေမယ့် တကယ့်လက်တွေ့မှာတော့ ဆံပင်ကအရောင်ကိုတောင် လက်မခံနိုင်တာဟာလည်း စဉ်းစားစရာကောင်းတယ်။
သာမန်ကြည့်ရင်တော့ ဒီလုပ်ရပ်ဟာ မြန်မာ့ယဉ်ကျေးမှုကို အရမ်းထိန်းသိမ်း စောင့်ရှောက်နေတဲ့ ပုံစံပေါ့၊ တကယ်အလေးနက်တွေးကြည့်ရင်တော့ မေတ္တာခေါင်းပါးခြင်းရဲ့ ပြယုဂ်တစ်ခုပါပဲ၊ (Ashin Zanaka)
မှတ်သားဖွယ် ကွန်းမန့်တချို့ကို ဖော်ပြလိုက်ပါတယ်-
မှတ်ချက် (၁) – လူငယ်တွေဆံပင်ဆိုးပြီး ဘုန်းကြီးကျောင်းထဲဝင်တာ ဘာညာ လူဆိုးသူခိုး မကောင်းတဲ့ကောင်တွေလို ထင်နေမြင်နေရင် ခေတ်ကိုမှ နားမလည်နိုင်ရင် ကိလေသာတွေ ရဲ့ ပါကာသန ဖြစ်တဲ့ phone တို့ fb တို့ သုံးတဲ့ ဘုန်းကြီးတွေလဲ ရွာထဲ မြို့ထဲ မဝင်လာကြနဲ့ဟေ့
သူတို့ကျ ခေတ်နဲ့အညီနေပြီး လူတွေကိုကျ ခေတ်နဲ့ အညီ နားမလည်နိုင်တာ တဖတ်ပိတ်ရာကြပါတယ်…..ဝတ်နည်းနဲ့ ညီလားမေးရင်လဲ ဘုရားရှင်လက်ထပ်က ဖုန်း မပေါ်သေးဘူးပဲ ပြောမှာမလား အဲ့တော့ ဆံပင်ဆေးဆိုးတာ မြန်မာရိုးရာယဉ်ကျေးမူးနဲ့ မညီဘူးပြောရင်လည်း ယဉ်ကျေးမူ စတည်ရာ ပျူ ပုဂံ ခေတ်က ဆံပင် ဆေး ရှိ ရင် သူတို့ လဲ ဆိုး ကြ မှာပဲဟေ့။
မှတ်ချက် (၂) – ဆံပင်နီကြောင်ကြားဆိုးထားသူတွေကိုပဲ မလာရလို့ ရေးထားတာ စကဒ်တို ဘောင်းဘီတို အင်္ကျီလည်ဟိုက်တွေ ဝတ်မလာရလို့ ရေးမထားဘူး ဘာလို့လဲ … ရေးထားစရာမလိုအောင် သိနေကြမယ်လို့ ယူဆလို့ မရေးတာ
မြန်မာပြည်မှာ နေရင် မြန်မာဘုန်းကြီးကျောင်းရဲ့ အထာတွေ သိနေကြမှာပဲ ဘုရားရင်ပြင်တွေနဲ့တော့ သိပ်ဆိုင်မယ်မထင်၊ ဆံပင်နီကြောင်ကြားကို ကန့်သတ်တာကျ ဘုန်းကြီးကျောင်းတိုင်းက မနှစ်သက်တဲ့ ဓလေ့မဟုတ်လေတော့ သောက်မြင်ကတ်လွယ်တဲ့ ဒီဂရီမြင့်တဲ့ ဘုန်းကြီးတွေက သီးသန့်တားမြစ်ချက်တွေ ဖြစ်မှာပေါ့
ဒကာရင်း ဒကာမရင်းတရင်း စသဖြင့် အဆင့်အတန်းခွဲခြားတဲ့ ဘုန်းကြီး ကျောင်းထိုင်တဲ့ ဘုန်းကြီးကျောင်းမျိုး ဖြစ်ဖို့များမယ် များများလှူရင် ဒကာရင်း နည်းနည်းလှူရင် ဒကာမရင်းတရင်းဘဲ