ဘုန်းကြီးလောဘ အတောမသတ်နိုင်တဲ့ အဖြစ် (လှူထားတဲ့ မြေကို အပိုင်စီး မြေရှင်တွေကို မောင်းချတာတဲ့)

ပွဲက ပိုကြမ်းတယ် ဘုန်းကြီးကို ပိုင်တဲ့ ၁၂ဧကထဲက ၃ ဧက ခွဲလှူ ဘုန်းကြီး ခပ်တည်တည်နဲ့ ၁၂ဧကလုံး သာသနာ့မြေဆိုပြီးလျောက် သစ်တောက မစစ်ပဲချပေး ကျလည်းလာရော ဘုန်းကြီးက အလှူရှင် မိသားစုကို သာသနာ့မြေ ကျူးကျော်တယ် ဆိုပြီး တရားစွဲမောင်းထုတ် ခြေနှစ်ချောင်းလည်း မလှူနဲ့တဲ့ (သက္ကမိုးညို)

ဖြစ်စဉ်အပြည့်အစုံကို ဖော်ပြ ပေးလိုက်ပါတယ်-

ပြင်ဦးလွင်မြို့မှ သီတင်းသုံးတော်မူကြသော ရပ်ကြေးဥက္ကဌဆရာတော်များ မြို့နယ်သံဃနာယက ဆရာတော်များဘုရား ဒီမြေ လူတန်းမူ့ ကိစ္စဟာနှစ်အတော်လည်းကြာပီဖြစ်သလို အရှင်ဘုရားတို့အနေနဲ့လည်း သိတော်မူပီးကြပီလို့ တပည့်တော်ယူဆပါတယ်ဘုရား

ခုနောက်တစ်ကြိမ် အသိပေးလျှောက်ထားပါရစေဘုရား အလူရှင်ကတော့ တပည့်တော် တင်ထားဓာတ်ပုံထဲမှ အလူရှင် ဦးဇင်းဉီးကေလာသပါဘုရား ခုတော့ ပျံလွန်တော်မူသွားပါပီဘုရား နောက်တစ်ယောက်ကတော့ ဦးဇင်းဦးကေလသ လူ့ဘဝ ကတော်စပ်ခဲ့တဲ့အမျိုးသပီးပါဘုရား အဖွားလည်း ဆုံးသွားတာကြာပါပီဘုရား နောက်တစ်ပါးကတော့ အလူခံပုဂ္ဂိုလ်ကတော့ ဆရာတော် အရှင်စန္ဒာသိရီပါ ဘုရား

တပည့်တော်ရှောက်တင်ချင်တာကတော့ ဒီဦးဇင်းနဲ့ဒကာမ ကလူတန်းခဲ့တဲ့မြေအလူကိစ္စလေးပါဘုရား တကယ်ဦးဇင်းတို့ မြေအကျယ်က၁၂ဧကပါ အဲ့ဒီမှ တကယ်လူတန်းခဲ့တာက၃ဧကပါဘုရား အဲ့ဒီနောက်အလူခံပုဂ္ဂိုလ် ဆရာတော် အရှင်စန္ဒာသိရီက ဓမ္မဒီပဆိုကျောင်းကို မြေအလူရှင်​ကျောင်းအလူများနဲ့ ကျောင်းဆောက်ပီးသတင်းသုံးနေထိုင်တော်ပူပါတယ်ဘုရား

နောက်နှစ်အနည်းငယ်ကြာတော့ ဆရာတော် အရှင်စန္ဒာသိရီမှ မြေအလူရှင်များကို တရားဆွဲဆိုပါတယ်ဘုရား အဲ့ဒါကတော့ ခုသူကိုလူတန်းတဲ့မြေတွေရော မလှုတန်းတဲ့မြေတွေပါ ဆရာတော်ပိုင်ဖြစ်ပီး အလူရှင်တွေက သူကျောင်းအတွင်းမှာ လာရောက်ကျူးကျော်နေထိုင်ပါတယ်ဆိုပီး တရာဆွဲဆိုပါတယ်ဘုရား

တကယ်တော့ အဆရာတော် အရှင် စန္ဒာသိရီက အလူရှင်တွေ မသိအောင် ကျောင်းအနောက်နှင့်ဘေးက အလူရှင်များနေထိုင်တဲ့အိမ်တွေ ကို မရှိသလိုလိုနဲ့ သစ်တောမှာ သာသနာ့မြေအဖြစ်သွားရှောက်ပါတယ်ဘုရားဒါကို သစ်တော်ကလဲ ကွင်းဆင်ပီးစစ်ဆေးမူ့မရှိပဲ သာသနာ့မြေအဖြစ်ချပေးပါတယ်

သာသနာ့မြေလဲကြရော အလူရှင် မိသားစုကို သူ့ကျောင်းဝိုင်းအတွင်းမှာနေထိုင်တယ်ဆိုပီး မောင်းထုတ်ပါတယ်ဘုရား အရင်ကတော့ အလူရှင်ဦးဇင်းဦးကေလာသနဲ့ အလှုရှင်ဒကာမကြီးတို့ မတိမ်းပါးခင် ကတည်းကတရာဆွဲဆိုခဲ့တာပါ ခုသားသမီး/မြေးတွေ​လက်ထက်မှာ အမှု ရှုံးပြီး အပြင်ကို စွဲထုတ်ခံရပါတယ်ဘုရား

ခုအလှုရှင်တွေကတော့ လမ်းဘေးကိုရောက်နေပါပီဘရား မြေလူတန်းခဲ့တာလဲအမှန်ပါ စာချုပ်စာတန်းလည်းရှိပါတယ် သက်သေတွေလည်း ရှိပါတယ် တကယ်တော့ ဆရာတော် အရှင်စန္ဒာသိရီက လူအချို့နဲ့ပေါင်းပီး အမှန်တရာကိုအမှားဖြစ်အောင်လည့်စားပီး မလူတန်းတဲ့မြေတွေကို သူပိုင်ပါတယ်ဆိုပီး အလှုရှင်မိသားစုကိုတရားစွဲဆိုပါတယ်ဘုရား

အမှု့ဆိုတာကတော့ ငွေများရင်တရားနိုင်ဆိုတဲ့စကားအတိုင်း ပေးနိုင်ကမ်းနိုင်ရင်တော့ အမှုကတော့နိုင်ပါတယ်ဘုရား တပည့်တောပြောတာက တရားဥပဒေကို မလေးစာလို့မဟုတ်ပါ ခုတော်တော်များများဖြစ်နေတာကိုပြောတာပါဘုရား

တကယ်တော့ သံဃာတစ်ပါးအနေနဲ့ သာသနာ့မြေရှောက်တယ်ဆိုရင်တောင် လူထားတဲ့ ၃ဧကကိုပဲရှောက်သင့်ပါတယ်ဘုရား ခုတော့ဆရာတော် အရှင်စန္ဒာသိရီက အလူရှင်များမသိအောင် ကျန် ၉ဧကပါ သာသနာ့မြေအဖြစ် ရှောက်ပါတယ်ဘုရား အဲ့ဒါက သံဃာတစ်ပါးအနေနဲ့ ဘယ်လိုအပစ်မျိုးဖြစ်နိုင်ပါသလဲဘုရား

အရှင်ဘရားတို့အနေနဲ့ ပြန်လည်စီစစ်ပေးဖို့ရှောက်ထားတောင်းပန်လိုပါတယ်ဘုရား အမှု့ရှုံးတယ်ဆိုပေမယ့် ဝိနစ္စယနဲ့တော့ရှုံးမယ်လို့တပည့်တော် မထင်ပါဘူးဘုရား ဒါကတကယ်ဖြစ်နေတဲ့ကိစ္စပါ လူတန်းထားတဲ့စာချုပ်စာတန်းနဲ့ သက်သေအထောက်အထားတွေလည်းရှိပါတယ်ဘုရား ဆရာတော်တို့အနေနဲ့ ရပ်​ကြေးဆရာတော်များ မြို့နယ်သံဃ့နာယတော်များမှ မြေအလှုရှင်းများ အပေါ် သနားဂရုနာရှေ့ထား၍ အမှု့မှန်ပေါ်ပေါက်ရန် ပြန်လည်လက္ခံစီစစ်ပေးသနားတော်မှုကြပါရန် ရတနာ သုံးပါဂုဏ်​ကျေးဇူးကို ရည်မှန်းပီးရှောက်ထားအပ်ပါသည်ဆရာတော်ဘုရားများဘရား။ (Hla Tun Win)

လမ်းဘေးမောင်းချ ခံလိုက်ရတဲ့ မိသားစုဝင် တဦးရဲ့ ရင်ဖွင့်သံ

ဘယ်လိုတောင် ရက်စက်နိုင်လွန်းစွာ လုပ်ရက်လိုက်တာလဲဘုရား၊ အရှင်ဘုရားကို တပည့်တော်တို့ပင့်ပြီး လှူခဲ့တဲ့ မြေနေရာဟာ တပည့်တော်တို့ မိသားစုနေထိုင်ရာမြေထဲက အညီညာဆုံးအပြန့်ဆုံးနဲ့ အဝင်အထွက်ကောင်းတဲ့ လမ်းမကြီးဘေးက မြေကွက်ကို အရှင်ဘုရားအတွက် လှူတန်းခဲ့ကြပြီး ကျောင်းမြေနေရာ ကျဉ်းမှာစိုးလို့ တပည့်တော်တို့အိမ်တွေကို ကျောင်းနဲ့ဝေးတဲ့ တောင်စောင်းကမ်းပါးရံတွေမှာ ရွှေ့ဆောက်နေခဲ့ကြတာကို အရှင်ဘုရားအသိဘဲ။

အိမ်ဆောက်မယ့် မြေနေရာတွေလည်း အရှင်ဘုရားပဲ မြေနှုတ်ပေးခဲ့တာပါ။ တပည့်တော်ရဲ့ အိမ်ဆိုရင် နှစ်ကြိမ်တောင် နောက်ဆုတ်ပေးခဲ့တာပါ။

ကျောင်းမြေလှူရုံတင်မဟုတ်ဘူး ဖခင်ဘဘုန်းကြီးသီတင်းသုံးတဲ့ သွပ်မိုးထရံကာနှစ်ထပ်ကျောင်းဆောင်ကြီးကေ ာပရိဘောဂတွေကိုပါ တစ်ခုမှမယူဘဲလှူခဲ့တာပါ။

ပြင်ဦးလွင်ကို အရှင်ဘုရားရောက်လာတာ သင်္ကန်းတစ်ထည် ကိုယ်တစ်ခုသာပါခဲ့တာပါ။ အစစအရာရာပြည့်စုံသင့်သလောက် ပြည့်စုံပြီးသား အရံသင့် သီတင်းသုံးခဲ့ရတာပါ။

အသိပညာနည်းပါးပြီး ချို့တဲ့ပြီး ဆင်းရဲတဲ့ ဒီမိသားစုတွေအပေါ်ကို ကျေးဇူးမသိရင်တောင် တရားစွဲအနိုင်ယူပြီးလမ်းဘေးမောင်းချတဲ့အထိ လုပ်ရက်တာကို အံ့ဩလွန်းလို့ပါ

အရှင်ဘုရားက သာသနာတော်က ဘုရားသားတော်တစ်ပါးဖြစ်ပြီး စာနာစိတ်မရှိ လုပ်ရက်တာကို ရင်နာလို့မဆုံးဘူး။ ကိုယ့်မြေပေါ်မှာ စိုက်ထားတဲ့ စီးပွားဖြစ်နှစ်ရှည်ပင်တွေကို ဘယ်လိုစိတ်မျိုးနဲ့ စွန့်လွတ်နိုင်ပါ့မလဲ။

အရှင်ဘုရားလို အရိယာသံဃာတော်ကြီးတောင် ဒီလောက် လောဘအတောမသတ်နိုင်ရင် တပည့်တော်တို့လို ပုထုဇဉ်တွေက ဘယ်လိုဖြေလို့ ဘယ်လိုနေရမှာလဲ ဘုရား။ (Khin Maddy)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page