ကျိုက်ထီးရိုးဘုရားကို ပြစားနေကြသူများနဲ့ ဘာသာရေး အကြောင်းပြ ရိုက်စားဂျင်း သာသနာ

ဆုတောင်းပြည့်စေတီတွေအကြောင်းပြောရရင်တော့ ပြောကိုမကုန်ဘူး။ အဲ့ထဲမှာမှ အဆိုးဆုံးက ကျိုက်ထီးရိုးပဲ။

ဆိုးပေမယ့် အခြေအနေတွေ ဒီလိုမဟုတ်ခင်က ဆိုးမှန်းသိသိကို တစ်နှစ်တစ်ခါ တစ်ခါတစ်လေ တစ်နှစ်ထဲနှစ်ခါ မတက်ရရင်မနေနိုင်ဘူး။ ဘာလို့လဲမေးရင် နန့်ချင်လို့ လို့ဒဲ့ဖြေရမှာပဲ။

ဘုရားကတော်ရုံကွက်ကွက်လေး နတ်ကများများ၊ ဘုရားတောင် ကျုံ့ကျုံ့လေး ဒူးတုပ် သီတင်းသုံးနေရလားမသိဘူး။ အနီးအနားရှိတဲ့တောင် ၃၃ လုံးဆိုလား တစ်တောင်မှ နတ်မရှိတဲ့တောင်မရှိဘူး။

ရှိတဲ့နတ်တွေကလဲ အေးဆေးနေတာမဟုတ်ဘူး။ ဟိုဟာလုပ်ရင်လဲကိုင် ဒီဟာလုပ်ရင်လဲကိုင်၊ နတ်က တကယ်ကိုင်မကိုင်ကမသိ ဂေါပဂတွေကိုင်တာတင် ဘုရားဖူးတွေမှာ လက်ယောင်တွေလိုက်လို့

တောင်ခြေကို ရောက်ပြီဆိုထဲက နတ်ကိုင်မယ်ဆိုလို့ စကားဟဟမပြောရဲဘူး။ ကိုယ့်ပါးစပ်ကလဲ ဟတာနဲ့ဗရမ်းဗတာတွေက ထွက်တတ်တာကိုး။ ဘုရားရင်ပြင်တော်အဝင်မှာ ရွှေနန်းကျင်နတ်နန်း ယုံကြည်ကိုးကွယ်မှုကိုမစော်ကားပါဘူး ဆို​နေဘေမက် နတ်နန်းအဝကဂေါပကနဲ့တော့ တစ်နှစ်သား ရန်ဖြစ်ရသေးတယ်။

ကိုယ်တွေက နတ်ကိုးကွယ်ပူဇော်တာတွေ မလုပ်တဲ့ မိသားစုမို့ မကန်တော့တတ်ဘူး။ ကိုယ်နဲ့သွားတဲ့ ဘော်ဒါလေးယောက်ကလဲ မကန်တော့ဘူး။ အဲ့ဒါကို အဲ့နတ်နန်းရှေ့က ကျောက်တုံးမှာ မောလို့ ထိုင်နေတုန်း အတင်းဝင်ကန်တော့ခိုင်းတာ မယ်တော်ကြီးကို ဝင်ဦးခိုက်ကြတဲ့၊

အော် ရပါတယ်ဦးလေး မခိုက်တော့ပါဘူးလို့ အေးဆေးပြောတာကို ငေါက်တာဟောက်တာ ရစရာမရှိဘူး။ တောင်ပေါ်ကပြုတ်ကျမှာ လမ်းခရီးမှာဒုက္ခတွေ့မှာနဲ့၊ စိတ်ကတိုသွားပြီး “ဦးလေးအပူပါလား ကျချင်းကျ ဦးလေးအရင်ကျသေမှာ” လို့ပြန်အော်ကြတာ လေးယောက်တစ်ယောက်၊ ကုသိုလ်ရမရတော့မသိ ငရဲကတော့ Give away ပေးနေသလိုပဲ

ကားနေရာလုရင် တစ်ခါရ၊ ထမင်းစားရင်တစ်ခါရ၊ နတ်နန်းမှာတစ်ခါရ၊ တည်းခိုဆောင်မှာရ ရင်ပြင်မှာရ၊ ယိုစုံ ငှက်သိုက်သည်တွေပေးလို့ရနဲ့ ဘုရားရိပ်တရားရိပ်မှာ ပူလောင်နေတာဆိုတာ ဝက်ဝက်ကွဲ

တောင်တက်ကားစီးရင်လဲ ကိုယ်တွေကနေရာရွေးတော်တော့ အတက်ဆို နောက်ဆုံးခုံတန်းမှာ ပက်လက်ကြီး အဆင်းဆို ရှေ့ဆုံးခုံမှာမှောက်ခုံကြီး၊ ပိုက်ဆံမပေးရတဲ့ ဒါန Corner တစ်နေရာမှမရှိ၊ ခြေလှုပ်ရင်လဲပေးရ လက်လှုပ်ရင်လဲပေးရ၊

ကိုယ်ကလဲ ဆီးရွှင်ဝမ်းရွှင် သံမနိုင်ကျောက်မနိုင်ဆိုတော့ တခြားကုန်ကျတာထက် ကျိုက်ထီးရိုးတစ်ခါတက်ရင် သေးပေါက်တာ ၃၀၀၀ ဖိုးလောက်ကျတယ်၊ ဒါတောင် ကိုယ့်ရေပုံးကိုယ်ဆွဲတန်းစီရသေးတာ၊

တစ်နှစ်သားတော့ အခန်းမရလို့တောင်စောင်းက Hall အဆောင်မှာစုအိပ်ကြတာမှာ ကိုယ်ကအိပ်နေရင်း ခြေရင်းက ပေါင်းအိုးကိုကန်မိတာ၊ ပေါင်းအိုးက လိမ့်ပြီး အဆောင်ပါ်ကနေ တောင်စောင်းအတိုင်းကျသွားတော့ မအိပ်သေးတဲ့ အစ်ကိုနှစ်ယောက်က လိုက်ကောက်တာ၊

ပေါင်းအိုးက ရှေ့ကလိမ့် သူတို့က နောက်ကလိုက်၊ ခွေးတွေ အုပ်လိုက်ကြီး ထွက်ဆွဲလို့ ပြေးလာရတယ်။ တောတောင်အတော်နက်နေပြီ ပေါင်းအိုးကလဲပိန်လိန်နေပြီ။ ခွေးတွေလိုက်ဆွဲနေတော့ ပြန်လဲ မကောက်လာနိုင်ဘူး။

ကိုယ်ကတော့ မနိုးပါဘူး။ ပြန်ရောက်တော့ ဆဲလိုက်တာဆိုတာ၊ နတ်ကိုင်ကြေးဆို သူတို့နှစ်ယောက်အရင် စမုံတုံးနေပြီ။ ယုံကြည်ကိုးကွယ်မှုကို အကြောင်းပြုပြီး ဂျင်ပေါ်ကထုံးတွေ ရိတ်စားတဲ့ တကယ့်ဂျင်းသာသနာတွေ

Kywat Pu

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page