အညာဒေသက ရွာလေး တရွာရဲ့ ခြောက်ခြားဖွယ် ညတည (စုန်းခွေးနဲ့ ရင်ဆိုင်တွေ့ခြင်း)
ကျုပ်တို့အညာက နွေဆိုလဲပူတာ ပြောမနေနဲ့အခုလို နတ်တော်ပြာသို ကြတော့အေးလိုက်တာဗျာမနက်နိုးရင် ငယ်ပါတောင် ပျောက်သွားသလား အောင့်မေ့ရတယ်။
ဘယ်လောက်အေး အေးဘယ်လောက်ပူပူမနက်စောစော ထ၍အိမ်မှုကိစ္စတို့ယာလုပ်ငန်းကတော့ ထလုပ်ရတာပါပဲ။ ကျုပ်လဲအခုစောစောထ ထမင်းကြမ်းစားပြီး ယာတောသို့သွား မှာဗျ။ အိမ်က အမေနဲ့အဘ ကတော့ အသက်လဲကြီးပြီးဆိုတော့ ယာလုပ် ငန်းတွေက ကျုပ်ပဲဦးဆောင်လုပ်ရတာ ပေါ့ဗျာ။
အမေ့…ကျုပ်သွားပြီဗျို့ အေး… အေး ညိုမောင်…နေ့လယ်ထမင်းက အမေလာပို့လဲ့မယ်နော်… ရတယ် …အမေ လာမနေနဲ့ ပြန်လာစားမှာ… အေး… အေး ကျုပ်လဲအိမ်ကထွက်လာတော့ လမ်း ဒေါ်စိန်နဲ့တွေ့တော့ဒေါ်စိန်က ဟဲ့ …ညိုမောင်… ငါတို့အိမ်ကခွေးမလေးက မွေးပီတော့…နင်ခွေးမွေးချင်လာဖမ်း လဲ့ ဟုတ် … ဒေါ်ကြီးစိန် လာဖမ်း လဲ့မယ် ကျုပ်က ခွေးဆို လွတ် ချစ်တတ် တတ်တာဗျို့။
အရင်ကထဲက ခွေးမွေး ရင်ပေးဖို့ ကြိုတောင်းထားတာဗျ။ အခုတော့ ပေးမယ်ဆိုလို့ ညနေယာခင်းက ပြန်မှဝင်ဖမ်းရတော့ မှာပေါ့ဗျာ။ ကျုပ်လဲ ယာခင်းထဲပေါင်းပင်တွေ ပေါက်ပြီးတော့ ရေမြောင်တွေကို ပြန်ဆည် နေတာနှင့်ပင် မွန်းလွဲပိုင်ရောက်မှပြီး တော့သည်။
ဒီနေ့တွင် လုပ်စရာမရှိသေးသော ကြောင့် ရွာသို့ သားပြန်လာတော့သည်။ ကျုပ်လဲ ခွေးလေးမွေးဖမ်းရန် ဒေါ်စိန် အိမ်သို့ တန်းသာလာခဲ့လိုက်တော့ တယ်။ ဗျို့… ဒေါ်ကြီးစိန် အေး…အေး..ဝင်ခဲ့..ညိုမောင် လာခွေးပေါက်လေးတွေကဒီဘက်မှာ ကျုပ်ကို အိမ်နောက်ဖေးနွားစာတိုက် နားခေါ်သွားတာဗျ။
ဟင် .. ကျုပ်တောင်အံသြသွားတယ်ဗျာ ခွေးမဲလေး၅ကောင်ဗျ။ထူးဆန်းတာက နားရွက်ဖျားလေးတေကြမှအနီရောင် တောက်တောက်နဲ့ ခွေးတွေမျက်လုံး တွေကနည်းနည်းအစိမ်းရောင်တွေ ဖြစ်နေသလို့ခံစားရတယ်။ ဒါနဲ့ …ဒေါ်ကြီးစိန်ခွေးမကြီးရော အေး…ညိုမောင်ခွေးမကြီးက သူတို့မွေးပြီ သေသွားတာတော့ သေတောလဲ ဘာကြောင့်ရယ်မသိ တစ်ခါထဲ့ပုတ်သွားတာပဲ
ဗျာ…ဟုတ်လား ကျုပ်လဲဆက်မမေးတောဘဲ ခွေးလေး တစ်ကောင်ခေါ်ပြီးအိမ်သို့ပြန်လာ တော့သည်။ ကျုပ်လဲခွေးလေးကိုအိမ်ရောက် တော့နွားနို့တိုက်တာ ဘယ်လိုမှမ သောက်ဘူးဗျ။ ကျုပ်ထမင်းကျွေးတယ် မစားပြန်ဘူးဗျ။ အဲနောက်ခွေးလေးက ကျုပ်ဆီကပြေး သွားပြီးမီးဖိုချောင်ထဲဝင်သွားတာဗျို့။ ကျုပ်လဲနောက်ကလိုက်သွားတော့ သူ ကကြောင်အိမ်ထဲကငါးခြောက်တွေ စားနေတာဗျ။ ကျုပ်ဆိုအံသြသွား ဗျို့။
ကျုပ်တို့အိမ်ကကြောင်အိမ်က တော်တော်နဲ့ ဖွင့်မရဘူးဗျ။တံခါးက ကြပ်တယ်။ပွင့်နေရင်တောမပြောတတ် ဘူး သူစားနေတဲ့ပုံက ကြောင်တစ် ကောင်နဲ့တူတယ်။ဘာလို့လဲဆိုတော့ သူကငါးခြောက်ကိုလက်နှစ်ဖက်နဲ့ ညပ်ပြီးဝတ်ပြီးစားနေတာဗျ။ကျုပ်လဲ ကြောင်အိမ်ထဲကထွက်ခိုင်းပြီးစားနေ တာမို့အဲတိုင်းပဲထားလိုက်တော့တယ်။
ညကြတော့ကျုပ်အိမ်မက်တယ် ဗျ။အိမ်မက်ထဲမှာ နွားလောက်ရှိတဲ့ ခွေးမဲ ကြီးတွေက ရွာထဲကိုပတ် သောင်းကြမ်းတယ်လို့ ကျုပ်လဲ အိမ်မက်အကြောင်းမနက်အဘရဲ့ ပြောတော့ ဒါနမိတ်တော့မကောင်းဘူး အတိအကျသိချင် ဟိုဘက်ရွာက ဆရာစော ဆီမှာသွားမေးချင်ရ သိရလောက်တယ်လို့ပြောတယ်ဗျ။ ကျုပ်လဲပျင်းလို့သွားမမေးဘူး။
ကိုညိုမောင်ရေ .. ခြံရှေ့ကလှမ်းအော်တဲ့အသံဗျ။ ဟ..မောင်ဌေးပါလား လာလေ အိမ်ထဲ… ဟုတ် ဟုတ် လက်ထဲကအမဲသားတွေလား လာရောင်းတာလာ မင်းက.. မဟုတ်ရပါဘူးဗျာ ..လာပေးတာပါ ညကကျုပ်နွားတွေ အသလုပ်ခံရတာဗျ။ မနက်ကျုပ်ကြည့် တော့နှစ်ကောင်လုံး ဝမ်းဗိုက်တစ်ခုလုံးမရှိတော့ဘူးဗျ။ အခုလာပေးတာပေါင်သားတွေ.. တော်သေးတာပေါ့ အခုစီးပွားပြေ နေလို့ နို့မို့ဆို မလွယ်ဘူးဗျ…
ဘယ်လိုဖြစ်တာလဲ ညိုမောင်ရ… မသိပါဘူးဗျာ လုပ်ကြခံရတာလား ဘာလား စိတ်ညစ်လို့ အဲကြောင်းတွေ မပြောချင်ဘူး ပြန်တော့မယ်ဗျာ အလုပ်ရှိသေးတယ်ဗျ အေး..အေး ညိုမောင်နွားသေပြီ နောက်ရက် ရွာကလူသုံးယောက်နဲ့ နွားရှစ်ကောင် သေတာဗျို့။
သေတဲ့လူတေက ဝမ်းဗိုက်မှာ အပေါက်ကြီးတွေနဲ့ဗျ။တစ်ရွာလုံးလဲ ထိတ်ထိတ်ပြာပြာဖြစ်ကုန်တယ်။ လူစုရင်ဒီကြောင်းပဲပြောနေတာဗျ။ သေတဲ့လူတွေကဒေါ်စိန်တို့ လင်မယားနှစ်ယောက်နဲ့ရွာပြင်မှာနေတဲ့ ဦးချစ်ထူးတို့ဗျ။
အဲနေ့တစ်ရွာလုံးစုပြီ တိုင်ပင်တယ် ဗျ။ရွာလူကြီးဦးပိုင်ကတော့ သေတဲ့လူတွေက ဗိုက်တွေအဖောက်ခံ ရတာဆိုတော့ လူဖြစ်နိုင့်ပါ့ မလားဆိုပြီး ပယောဂဆရာ ဆရာစော နဲ့ တိုင်ပင်တယ်ဗျ။ ဆရာစောက အရင်ဆုံးလူငယ် အယောက်၁၀၀လောက်ထိစုဖို့ပြော တယ်။ ဒါမျိုးကြတော့ တခြားရွာကလူတွေ ကခေါ်စရာမလိုဘူးဗျ။ဝိုင်းကူပေးကြ တယ်။အဲညမှာရွာကလူကြီးကလေး မိန်းမတွေကတော့အိမ်ထဲအပေါက် နေခိုင်းတာဗျ။
အဲညမှာ လူ၇၀လောက်က ရွာထဲက လမ်းကြိုလမ်းကြာတေမှာပုန်းပြီအခြေ ကြည့်ခိုင်းတာဗျ။ ကျုပ်ကတောင်ရွာတောင်ဘက်လမ်း ထဲ့မောင်သောင်းနဲ့အတူတူခြုံကြားထဲ ကစောင်ကြည့်ရတာဗျ။ကျုပ်တို့က ဒုတ်ဓားတော့ယူလာရတာပေါ့ဗျာ။
ကိုကြီးညိုမောင်ခြင်ကိုက်ဘူး လား ၄ ..နှမပေးမောင်သောင်းရဲ့ ကိုက်တာပေါ့ကွ သည်းခံထားပါအုံကွာ ခနေတာ့ … ဒါကသည်းခံလိုရပါတယ် ဆေး လိပ်ကတော့ သောက်ချင်တယ် အိမ်ပြန် မှလာသိဘူး ဟျောင့်.. မသောက်ပါနဲ့ကွာ နောက်ရက်မှသောက် ထိုသို့ ကျုပ်ခြုံထဲစကားများနေစဉ် ခွေးအော်ကြီးကြားရတယ်ဗျ
အဲနောက်လူသံတွေဗျ လိုက်ဟေ့.. လိုက်ဟ နောက်ကျုပ်တို့လဲ အသံကြားရာပြေး လိုက်တော့ ခပ်ဝေးဝေးမီးလောင်နေတာ လှမ်းတွေတယ်ဗျ။ လောင်နေတာ ဒေါ်စိန်တို့နွားစာတိုက်ဗျ။ ကျုပ်တို့ရောက်တော့ မဲမဲအကောင်ကြီး၅ကောင်ဝင်ပြေးသွားလို့ အပေါက်ပိတ်ပြီး ရှိ့လိုက်တာတဲ့ တစ်ခုလုံးလောင်ပြီမီးငြိမ်းသွားတော့ မနက်မိုးလင်းပီဗျ။
ပြီးတော့မီးပုံထဲ လောင်စလေးတွေငြိမ်းပြီး အကောင် သေ၅ကောင်တွေ့ရတာဗျို့ ခွေးပေါက်လေးတွေဗျ။အကုန်လုံးလဲ အံသြနေကြတယ်။ ညကဝင်သွားတာ နွားလောက်အကောင်ကြီးတွေပါ ဘယ်လိုဖြစ်တာလဲပေါ့။ဒါပေမဲ့ခွေးလေး တွေက အမွေးပင် မီးလောင်ရာမရှိဘူးဗျ။ အဲခွေးထဲက တစ်ကြောက်ကကျုပ်ခွေးလေးဖြစ် နေတော့ ပိုပီးတောင်ထိတ်လန့်သွား တယ်။
ဆရာစော ခွေးလေးတွေယူ ပြီးသံရည်ကြိုစက် ပို့ဖို့ပြောတယ်။ ထို့နောက်တစ်ရွာလုံး ဘေးကင်းပြီ ဖြစ်ကြောင်းပြောလိုက်သောအခါ ရွာလူကြီးပိုင်းမှလွဲ၍ တစ်ရွာလုံးပျော် နေကြသည်။
အဘယ်ကြောင့်ဆို သော် ညကထိုစုန်းခွေးတွေလာရန် သူ့နွားသုံးကောင်ရဲ့ဝမ်းဗိုက်သားကို ယူ၍ဒယ်တွင်ထည့်ကာ ဆရာစောက ပွဲနှင့်ခေါ်ပြီးကျွေးရသည်။ ခွေးတွေစားချိန်တွင် လူ ၃၀ ကအလစ် ဝင်တိုက်ပြီးလမ်းကြားတွင့်စောင့်ခိုင်း ခြင်းမှာ ရန်သူမလွတ်စေရန် ဖြစ်သည်။ အခုတော့အားလုံးပြီးသွားပြီ ဖြစ်သည်။ အမှားပါလျှင်အဆင်မပြေလျှင် သည်းခံပါ။
စာရေးသူ Ywet Thit