ရွှေပြည်သာက ပြည်သူတွေ မြန်ကောင်းသက်သာ ဗိုက်ဝစေဖို့ ၅၀၀ ကျပ်တန် ဇလုံထမင်းဆိုင် ဖွင့်ပါပြီ

ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ် ၊၁၉ရပ်ကွက် သံဒင်းကမ္ဘာလုံးမှတ်တိုင်ဆင်း ကံ့ ကော်လမ်းမကြီးပေါ်တွင်ဒီဇင်ဘာ ၁ ရက်နေ့ မနက်၁၀နာရီမှာ ဇလုံထမင်း ဟင်းတစ်မျိုး ငပိတို့စရာ အရွက်ကြော် ဟင်းရည် ပါဝင်သော ၅၀၀ကျပ်တန် ထမင်းနဲ့ဟင်း စတင်ရောင်းချမှာဖြစ်ပါတယ်။

လက်လုပ်လက်စားများ ပြည်သူများ ဝမ်းရေးတထောင့် တနေရာ သက်သာစေရန် ရည်ရွယ်ကာ ရောင်းချလှူဒါန်းခြင်းဖြစ်ကြောင်း သိရပါတယ်။

အခုဆိုရင် ၅၀၀ ကျပ်တန်၊ ၆၀၀ ကျပ်တန် မြန်ကောင်းသက်သာ ဗိုက်ဝ ထမင်းဆိုင်လေးတွေ မြို့နယ်တွေမှာ အတော်များများ ဖွင့်လာကြတာကို တွေ့ရပါတယ်။

ပြည်သူတွေကို ပြည်သူတွေကပဲ ကူညီစောင့်ရှောက်ကြတဲ့ မြင်ကွင်းကတော့ အားရစရာပါပဲဗျာ။ အခြေခံလူတန်းစားတွေ သက်သာရာရစေဖို့ နောက်ထပ် ဇလုံထမင်းဆိုင်တွေ ဆက်တိုက် ဖွင့်နိုင်ဖို့လည်း မျှော်လင့် ရပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page