ကွမ်းပင်နဲ့ အရွက်စားအပင်တွေအတွက် နတ်ဆေးဖြစ်တဲ့ ထမင်းသိုးမြေဩဇာရည်ပြုလုပ်နည်း

အပင်အရွက် အတွက် ထမင်းသိုး ဂျူလင်စီ ဆေးရည်ကိုယ်တိုင်ပြုလုပ်နည်း

ထမင်းသိုး ဆန်တစ်ဗူးချက်ခန့် ၊ သကြား ထမင်းစားဇွန်း ၂ ဇွန်း၊ နို့ချဉ် ၅၀ စီစီ။

ထမင်းသိုးထဲ ရေ လီတာဝက်ခန့် လောင်းထည့်ပါ။ ပြီးနောက် ၅ မိနစ်ခန့်မွှေပေးပါ။ ထမင်းသိုးမှ အရည်အား လုံး သမသွားပါက ၅ မိနစ်ခန့်အနည်ထိုင်အောင် စောင့်လိုက်ပါ။ အနည်ထိုင်သွားပါက ရေစစ်ဖြင့် စစ်ယူပါ။

စစ်ယူထားသော ထမင်းသိုးရေထဲသို့ သကြား ၂ ဇွန်း နို့ချဉ်ဘူး ၅၀ စီစီ ဖေါက်ထည့်ပါ သမသွားအောင်နဲ့ သကြားများ ပျော်အောင် မွှေပါ။ အားလုံး သမသွားပြီ ဆိုပါက ရေသန့်ဘူးလွတ်ထဲထည့်ပြီး အရိပ်ထဲထားလိုက်ပါ။

ဘူးအဖုံးကိုတော့ အလုံမပိတ်ဘဲ တရစ်ခန့် ချန်ထားပါ။ ဂတ်စ် ထွက်ရန်ဖြစ်ပါတယ်။ ၃ ရက်မြောက်နေ့တွင် ထပ်ပြီးလှုပ်ခါပါ။ အဖုံးကိုတရစ် ချန်၊ ပြန်ပိတ်ပါ။ ၇ ရက်မြောက်မှာတော့ အသင့်သုံး ထမင်းသိုး ဂျူလင်စီ ကိုရပါပြီ။

ဒီဆေးရည်သည် အပင်၏ အမြစ်နဲ့အရွက်များ အတွက် များစွာ အကျိုးပြုပါတယ်။ နိုက်ထရိုဂျင်ဓာတ် အများဆုံး ပါဝင်သောကြောင့်ဖျန်းပြီး သုံးရက်နဲ့ငါးရက်ကြာပါက သိသာလာပါလိမ့်မယ်။

အပင်ထဲ ထည့်ပါက အမြစ်ရှင်သန်ပြီးအစာ စားကောင်းပါတယ်။ အရွက်မှ ဆေးရည်ကိုတိုက်ရိုက် စားသုံးနိုင်သောကြောင့် အရွက်များ သန်မာကြီးထွားစေပါတယ်။

ကွမ်းသမားများ အရွက်စား အပင်များ အတွက် လက်တွေ့ ဖြစ်ထွန်းစေပါတယ်။ အရွက်ဖျန်းဖို့အတွက်၊ ဆေးဖျန်းပုံးတစ်ပုံးကို ဆေးရည် ၅ ဇွန်း။ အပင်လောင်းရန်အတွက် ဆေးဖျန်းပုံးတစ်ပုံးကို ဆေးရည် ၁၀ ဇွန်း။

သီးပင်စားပင်အတွက် ကြက်သွန်နီ အခွံ ဆေးရည်ပြုလုပ်နည်း

ကြက်သွန်နီခွံမှာ ကယ်လစီယမ်၊ ပိုတက်စီယမ်၊ မဂ္ဂနီစီယမ်၊ အိုင်ရွန်း၊ ကော့ပါးစတဲ့ အပင်အတွက် လိုအပ်တဲ့ အဟာရဓါတ် များစွာပါဝင်တဲ့အပြင် ကြက်သွန်နီ အခွံ အနံ့ကြောင့် ပိုးတွေကိုလည်း မလာအောင် တားဆီးပေးစေပါတယ်။ ကြက်သွန်နီခွံခြောက် ၅ ကျပ်သား၊ ရေ ၁ လီတာထည့်၍ ၂၄ နာရီထားပါ။

နောက်ထပ် ရေ၁ လီတာ ထပ်ရော၍ နှံ့အောင်မွှေပြီး အရည်စစ် အရည်ညှစ်ယူပါ။ ကြက်သွန်နီခွံ အားဆေးရည်ကို အပင်များ သို့ တိုက်ရိုက် ပက်ဖျန်း၍ အသုံးပြုနိုင်ပါသည်။

ကျန်ရှိသော ကြက်သွန်နီခွံ အားဆေးအနည်အနှစ်များကို မြေကြီးဖြင့်ရော၍ အပင်ခြေတွင် အစာအဖြစ် ကျွေးနိုင်ပါသည်။

မူရင်းရေးသာသူအား လေးစားမှုဖြင့် – bkr

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page