ဈေးရောင်းတဲ့သူတွေ အထူးဂရုပြု ရှောင်ကြဉ်ရမယ့် မိစ္ဆာအာဇီဝ ဈေးရောင်းနည်း
မြေပဲဆီထဲကို စားအုန်းဆီရောပြီး မြေပဲဆီစစ်စစ်ပါဆိုပြီး ရောင်းချတာမျိုး၊ အချိုမှုန့်သုံးပါရဲ့နဲ့ အချိုမှုန့်လုံးဝမသုံးပါဘူးလို့ ကြေငြာပြီး ရောင်းချတာမျိုး စသဖြင့် မမှန်မကန် ရောင်းချမှုအားလုံးက မိစ္ဆာအာဇီဝဒုစရိုက် ဖြစ်ပါတယ်။
ပစ္စည်းမှန် ဈေးမှန် ရောင်းချမှသာ သမ္မာအာဇီဝဖြစ်ပါတယ်။ တစ်ထောင်တန်ကို တစ်သောင်းဈေးတင်ရောင်းချတာမျိုးက မညီမျှတဲ့ အလိုကြီးလွန်းတဲ့ ဝိသမလောဘလို့ ခေါ်ပါတယ်။ မလုပ်အပ်ပါဘူး။
ဈေးဝယ်သူက ဈေးဆစ်တဲ့အခါ ကျွန်မတို့တောင် အဲဒီလောက် မမြတ်ပါဘူး။ အဲဒီလို လိမ်ညာပြောရင် မိစ္ဆာအာဇီဝဖြစ်ပါတယ်။
ကိုယ်မလျှော့နိုင်ရင် လျှော့ပေးဖို့ အဆင်မပြေဘူး လို့သာ ပြောပါ။
Ashin Khema Nanda