မြန်မာပြည်က ဘွဲ့ရလူငယ်တွေရဲ့ သနားဖို့ကောင်းတဲ့ဘဝနဲ့ နိုင်ငံနဲ့ ချီ၍ အရှက်ကွဲခြင်းအကြောင်း

-ာသည် တစ်လ သိန်း(၇၀)၊ ဘွဲ့ရ လူငယ် တစ်ဦး လစာ ကျပ်(၁)သိန်းခွဲ ဒီစကားလုံးတွေ သုံးရတာ သဘောမကျမိပေမယ့် လက်ရှိ အခြေအနေက ဒါကို ဖော်ပြနေတယ်။

တလောက အွန်လိုင်းပေါ်မှာ နာမည်ကြီး မင်းသားတစ်ယောက်ရဲ့ အမျိုးသမီးက live လွင့်ခက တစ်ရက်(၃)နာရီ ကို သိန်း(၁၀၀)ရတယ်တဲ့။ လွန်ခဲ့တဲ့ ရက်‌တွေတုန်းကပဲ အနုပညာ အလုပ်လုပ်တာ သုံးလပြည့်တော့ ကားတစ်စီး ဝယ်စီးနိုင်တယ် ဆိုတဲ့ ဖဘ ဆယ်လီ၊ ဘေထုပ် ရောင်းတာ သုံးလပြည့်တော့ ကားတစ်စီး ဖို့ အမြတ်ရတယ် ဆိုတဲ့ အရောင်းသမား စသည်ဖြင့်ပေါ့။

နောက်ပိုင်း သိရသလောက် ဆယ်လီအဖော်အချွက်မယ်တွေဟာ တလ တလ သိန်းရာဂဏန်း နီးပါး ရကြတယ်။

အခုရက်ပိုင်း ထွက်တဲ့ သတင်းတွေက မုန့်ဟင်းခါးရောင်းရတဲ့ သူက တိုက်ခန်း(၁၀)ခန်း ပိုင်တာတို့၊ ကွမ်းယာသည်လေးက အိမ်၊ခြံနဲ့ ကားတို့ ပိုင်နေပြီတို့ စသည်ဖြင့် တွေ့ရတယ်။ သို့သော် မြန်မာပြည်မှာ သာမန်မိသားစုက မွေးဖွားလာတဲ့ ဘွဲ့ရပညာတက် တစ်ဦး ဝင်ငွေဟာ ကိုယ်အခြေအနေကို ကိုယ်မဖန်တီးနိုင်သေးဖူး။

ပညာဆိုတဲ့ နေရာမှာ နေရာတခုမှာ အသေအချာ ကျွမ်းဝင်ခြင်း ဆိုရမှာပဲ။ လမ်းဘေးဈေးသည်တွေ ကြီးပွားတာ ဝမ်းသာတယ်။ ဒါပေမယ့် ပညာနဲ့ ကြီးပွားတာ မဟုက်ဘူး။ အနုပညာသည် ဆိုပြီး အွန်လိုင်းဆယ်လီတွေ ကြီးပွားတယ်။ ဒါအနုပညာ မဟုက်ဖူး။ ကိုတွတ်တို့ ဒီလို အနုပညာကို ရင်ဘက်ပေါင်းလာတာ ဆုံးတော့ တိုက်ခန်းအဌားဘဝပဲ။

မြန်မာပြည်မှာ ဒီကောင်ကတော့ ဘာပညာတက် ၊သူ့ဘွဲ့ပညာနဲ့ လုပ်သွားလိုက်တာ ကြီးပွားသွားတဲ့ သတင်း မကြားဖူးသေးဖူး။ အီလွန်မောစ့် သည် သူသည် နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုကနေ တဆင့် တက်တာ။ မိုက်ခရိုဆော့ တို့ ၊ အက်ပဲ တို့၊ ဖေ့ဘုတ်တို့ဆိုတာ သူတို့ ကျွမ်းကျင်မှု ပညာနဲ့ တက်လှမ်းကြတာမျိုး။

ခင်များတို့ လမ်းဘေးဈေးသည် ကြီးပွားတိုးတက်တာ မုဒိတာ ပွားလို့ရတယ်။ ဝမ်းသာပေးလို့ ရတယ်။ သို့သော် သူတို့ကို ပညာတက်တွေနဲ့ သွားနှိုင်းလို့တော့ အဆင်မပြေဘူး။ ခင်များတို့ နှိုင်းနေရင် ခင်များတို့ ခံယူချက်ပဲ။ သူတို့ ကြီးပွားတိုးတက်မှုသည် တကိုယ်ရေစာတိုးတက်မှုသာ ဖြစ်ပြီး နိုင်ငံတိုးတက်မှုကို အထောက်အကူမဖြစ်စေဘူး။

ကိုယ်လည်း ‌အခု အလုပ်လက်မဲ့မို့ဈေးရောင်းပါတယ်။ ဒါ ကိုယ့်တကိုယ်ရေစာ တိုးတက်ရေးအတွက်ပဲ။ အရင်က ကိုယ့် ပညာနဲ့ လူတော တိုးပါတယ်။ မအလ အုပ်စု လက်ချက်ကြောင့် ပညာနဲ့ လုပ်ရတဲ့ အလုပ်အကိုင်တွေ စွန့်ခဲ့ရတယ်။ ကိုယ့်လို ပညာနဲ့ သက်မွေးဝမ်းကြောင်းတဲ့ အလုပ်တွေ စွန့်ရတဲ့ လူငယ် သိန်းချီ ရှိတယ်။ ဒီတော့ အလုပ်မရှိတဲ့ အတွက် ကြုံရာကျပန်း ရရာအလုပ် လုပ်ရတယ်။

ကိုယ်တွေအတွက် ရှက်စရာ မဟုက်ပေမယ့် နိုင်ငံအတွက်က ရှက်စရာပဲ။ နိုင်ငံအတွက် ပညာနဲ့ အထောက်အပံပြု အကျိုးပြုနေတဲ့ လူငယ်သိန်းချီ အလုပ်မဲ့သွားတာ နိုင်ငံတော်က ရှက်ရမှာ။ လူငယ် ပညာတက်ဘွဲ့ရတွေ ကိုယ့်ပညာနဲ့ အလုပ်မလုပ်နိုင်ပဲ လမ်းဘေးဈေးသည် ဖြစ်လို့ ဖြစ် လိုင်းပေါ် ဈေးရောင်းတာ ရှက်စရာ မဟုက်ပေမယ့် နိုင်ငံတော်က ရှက်ရမှာ။

လူငယ်တွေ အလုပ်အကိုင်မရှိလို့ ထိုင်းကို သွားကြတာ မနှစ်အတွင်း သိန်းကဏန်းကျော် ရှိလောက်ပြီ။ သောင်း ကဏန်း အထက် အဖမ်းခံရမယ် လို့ ယူဆရတယ်။ မြန်မာက ဘွဲ့ရလူငယ်တွေ ထိုင်းမှာ ဘာသွားလုပ်ကြတယ် ထင်လဲ။အလုပ်ကြမ်း သို့ အောက်ခြေသိမ်းအလုပ်ပဲ လုပ်ကြတာ။

နောက်ပြီး တရုတ်နယ်စပ်က အလုပ်ကောင်းတယ်ဆိုလို့ ဘွဲ့ရ လူငယ်တွေ သွားလုပ်ကြတယ်။ လောင်းကစား လုပ်ငန်းဖြစ်နေပြီး ဉရောပနိုင်ငံတွေက လူတွေကို လိမ်ရတဲ့အလုပ်တွေ ဖြစ်နေတယ်။ နောက်ဆုံး လစာကောင်းကောင်းနဲ့ အလုပ်ခေါ်စာ တခု တွေ့ရတယ်။ ဟိုတယ် ဘိမှာ လုပ်ရမယ်။ တလသိန်း(၇၀)တဲ့။ ဒီအလုပ်အကိုင် ဂရုထဲမှာ လောက်ကိုင်ရောက်နေပြီး အလုပ်မရသေးတဲ့ ဘွဲ့ရတွေအပါ အမျိုးသမီး ရာချီ ရှိနေတယ်။

ပြောရရင် ဒီနိုင်ငံမှာ ဘွဲ့ရ ပညာတက် လူငယ်တွေ အနှိမ့်ခံရတာ နှစ်ပေါင်းများစွာ။ ပြီးခဲ့တဲ့ အန်နယ်ဒီ အစိုးရခေတ်မှာ ပညာတက်တွေ နေရာ ပိုရလာကြတယ်။ ပိုထွန်းပြောင်လာတဲ့ အချိန်မှာ မလိုလားသူတွေကြောင့် အကုန်မြောင်းထဲ ပြန်ရောက်ကုန်တယ်။ ဆိုတော့ တနိုင်တပိုင်းဈေးရောင်း ၊အရောင်းအဝယ်လုပ်၊ကုန်ထမ်း၊ပွဲစားလုပ် ကြိုးစားရင်း ချမ်းသာလာတဲ့ လူတွေ များလာတော့ ဘွဲ့ရ ပညာတက်တွေကို အထင်အမြင်သေးလာတယ်။

မင်းတို့ ဘယ်လောက် ဘွဲ့ရ ပညာတက်ပါစေ အချိန်တန် ငါတို့ဆီ လစာလေး ယူပြီး လာလုပ်နေရတာပါ ဆိုတဲ့ အယူအဆတွေ ကြီးထွားလာတယ်။ ဘယ်လောက် ရီစရာကောင်းလဲ။ ဒီနိုင်ငံမှာ ပညာတက်၊အသိပညာတက်ကျွမ်းသူတွေ အနှိမ်ခံရတဲ့ ဘဝဆိုတာက။ ပေးတဲ့ လစာတွေကလည်း -ာသည်တောင် တလ သိန်း(၇၀) အထက် ဝင်ငွေရနေချိန်မှာ ဘွဲ့ရလူငယ်တွေ လစာ(၂)သိန်းပြည့်ဖို့ မသေချာ။

ဘာကြောင့် ဒီလို ဖြစ်နေလဲ ဦးဆောင်နေသူတွေကိုလည်း ကြည့်အုန်းလေ။ ဒီနိုင်ငံမှာ management ဆိုတဲ့ စကားလုံး ခောတ်စားတာတောင် ဆယ်စုနှစ် မပြည့်သေးဖူး။ မဆိုင်တဲ့ သူတွေက မဆိုင်တဲ့ နေရာတွေမှာ ထုံးတမ်းဆင်လာတွေနဲ့ ရောသမ မွေနေတာ တိုးတက်ပါမလား။ အစောနက သတင်းတစ်ပုဒ်ဖတ်ရတယ်။ ဂျပန်နိုင်ငံက နှစ်(၄၀)သတ်တမ်းရှိတဲ့ ရုပ်ပွားတော် တစ်ဆူဟာ ပျက်ဆီးယိုယွင်းလာတာကြောင့် ဂျပန်အစီုးရက ယန်းသန်း(၈၀၀)သုံးပြီး ဖြိုချနေတဲ့ သတင်း။

ဒီသတင်း ကော်မန့်တွေမှာ ရုပ်ပွားတော်မို့ နှစ် ကြာရှည်ခံအောင် စီမံထိန်းသိမ်းသင့်တယ် ဆိုသူက တမျိုး၊ မင်းတို့တွေ အကျိုးပြန်ခံစားရမယ် ဆိုသူက ဆို၊ ဂျပန်နိုင်ငံဟာ ကပ်ဘေးကြီး ကြုံရမယ် ဆိုသူက ဆို၊ ဘုရားကို ဖြိုချတာ မကောင်းဖူး ဆိုသူက ဆို ဒီအဖြစ်ကို ကြည့်ရင် ပညာတက်သူတွေ လုပ်ရပ်နဲ့ ပညာမတက်သူတို့ရဲ့ အတွေးအမြင် ဘယ်လောက်ကွာတယ် ဆိုတာ တွေ့နိုင်ပါတယ်။ ဒီလောက်ပါပဲ။ စာတွေ မရေးတာ ကြာလို့။

Salai Htun Htun

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page