တက်သလိုလို မတက်သလိုလို ဖြစ်နေတဲ့ ဝိုင်ဘီအက်စ်ယာဉ်စီးခနဲ့ လမ်းပျောက်နေတဲ့ ပြည်သူများ
၂၂.၂.၂၀၂၂ ရက်နေ့ မှစတင်ပြီး YBPC ယာဉ်လိုင်းများသည် ယာဉ်စီးခ ပုံသေ ၄၀၀ကျပ် YPS ယာဉ်စီးခ ၃၆၀ ကျပ်ဟူ၍ ကောက်ခံသွားမည်ဟု YBPC ကုမ္ပဏီပိုင်ယာဉ်များတွင် စာများကပ်ထားပြီဖြစ်ပါသည်။
YUPT အနေဖြင့် ၁၆.၂.၂၀၂၂ရက်နေ့မှ စတက်ပြီး ယာဉ်စီးခကို ခရီးစဉ်တစ်ပိုင်း ၂၀၀ ကျပ် အစဆုံး ၄၀၀ကျပ်ဟုသတ်မှတ်ထားပြီး ကုမ္ပဏီအနေဖြင့်ယာဉ်စီးခကို တိုးမြင့်ကောက်ခံမည်ဟု မကြေညာထားသော်လည်း ယာဉ်လိုင်းတစ်ချို့မှာ စတင်ကောက်ခံလျက်ရှိခဲ့ပါတယ်။
YBPC အနေဖြင့် YUPT ကဲ့သို့ ခရီးစဉ်တစ်ပိုင်း ၂၀၀ကျပ် မသတ်မှတ်ဘဲ ပုံသေ ၄၀၀ကျပ် ဟုကြေညာထားတာဖြစ်ပါတယ်။
YRTC အနေဖြင့် ယာဉ်စီးခတိုးမြင့်ကောက်ခံမည်မဟုတ်ကြောင်း ကြေညာထားသော်လည်း YBS ယာဉ်လိုင်းတစ်ချို့မှာ ယာဉ်စီးခ ၄၀၀ကျပ် သတ်မှတ်ကောက်ခံမည်ဟု ကြေညာလျက်ရှိသည်ကို ခရီးသွားပြည်သူများ ထင်ရှားစွာ သိရှိလာတာ ဖြစ်ပါတယ်။
လက်ရှိတွင် ယာဉ်စီးခ ၂၀၀ကျပ်ဖြင့် ပြေးဆွဲနေသည့် ယာဉ်လိုင်းကုမ္ပဏီ တစ်ချို့သာ ကျန်ရှိတော့မှာဘဲဖြစ်ပါတယ်။
ရန်ကုန်မြို့မှာ ပြေးဆွဲနေတဲ့ ဘတ်စ်ကားလိုင်းတွေမှာ မနက်ဖြန် ဖေဖော်ဝါရီလ ၂၂ ရက်ကစလို့ ခရီးစဉ်တစ်ကြောင်းကို စီးနင်းခ ၄၀၀ ကျပ်အထိ တိုးမြှင့်ကောက်ခံမယ်ဆိုတဲ့အကြောင်း စာကပ်ကြေညာထားတာ တွေ့ရပါတယ်။
ဒါပေမဲ့ ယာဉ်လိုင်းတချို့မှာ ပြီးခဲ့တဲ့တစ်ပတ်ကတည်းကစလို့ ခရီးစဉ်တစ်ကြောင်းကို ၄၀၀ ကျပ်အထိ ကောက်နေပြီဆိုတဲ့အကြောင်း ခရီးသွားပြည်သူတွေက ပြောကြားထားပါတယ်။
အာဏာမသိမ်းခင်အထိ ယာဉ်စီးခတစ်ကြောင်းစာကို ပုံမှန် ၂၀၀ ကျပ်ရှိခဲ့ပေမဲ့ အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် ယာဉ်လိုင်းတစ်ချို့က ဘတ်စ်ကားတွေမှာ ယာဉ်စီးခကို သတ်မှတ်ပုံးထဲမထည့်ခိုင်းတော့ဘဲ ယာဉ်နောက်လိုက်တစ်ဦးက ကောက်ယူနေတာ၊ လေအေးပေးစက် ဖွင့်မမောင်းတော့တာ၊ ရှေ့တံခါးတက်ပြီးနောက်တံခါးဆင်းတဲ့စနစ် အားနည်းသွားတာတွေကြုံနေရတယ်လို့ ခရီးသွားပြည်သူတွေက ပြောကြပါတယ်။