ရန်ကုန်စီးတီးတက္ကစီတွေကို တရောင်တည်း သတ်မှတ်မည်ဟုဆို (နောက်ခွင်တမျိုး ထပ်လာဦးမှာလား)

ရန်ကုန်စီးတီးတက္ကစီအသင်း( ယာယီ)က စီးနင်းအသုံးပြုမယ့် ခရီးသည်တွေ လွယ်ကူစွာ ချိတ်ဆက်ခေါ်ယူနိုင်မယ့် နည်းပညာအသုံးပြုစနစ်တွေဖြစ်တဲ့ Call Center တွေကို လုပ်ဆောင်သွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ထို့အပြင် ရန်ကုန်မြို့မှာ ပြေးဆွဲနေတဲ့ စီးတီးတက္ကစီတွေကို မှတ်သားရ လွယ်ကူတဲ့ အရောင် (သို့) အမှတ်အသားတွေကို တစ်ပြေးညီ သတ်မှတ်သွားဖို့ စီစဉ်နေတဲ့အပြင် လုံခြုံရေးစနစ်အတွက် ဂျီပီအက် ထိန်းချုပ်ရေးစင်တာနဲ့ စောင့်ကြည့်ထိန်းချုပ်တဲ့ စနစ်စတာတွေကိုပါ လုပ်ဆောင်ဖို့ ရှိနေတယ်လို့ သိရပါတယ်။

YRTC ရဲ့ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က လက်ရှိဖွဲ့စည်းတဲ့ အသင်းဟာ ယာဉ်ပိုင်ရှင် အသင်းဖြစ်ပြီး အခုကတော့ ယာယီအသင်း ဖြစ်တယ်လို့ ပြောပါတယ်။

ရန်ကုန်မြို့မှာ မှတ်ပုံတင်ထားတဲ့ စီးတီးတက္ကစီ ၆၅,၀၀၀ ကျော်ရှိပြီး၊ နယ်လိုင်စင်ဖြင့် ခွင့်ပြုပေးထားသော စီးတက္ကစီ ၂၀,၀၀၀ ကျော်ရှိတယ်လို့ YRTC ကနေသိရပါတယ်။

အဆိုပါ ကိစ္စနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့မှာ လက်ရှိပြေးဆွဲနေတဲ့ တက္ကစီယာဉ်မောင်းများရဲ့ ရင်တွင်းက စကားသံများကို ဖော်ပြ ပေးလိုက်ပါတယ်-

ယာဉ်မောင်း (၁) – သဘောမတူဘူး ဘယ်အသင်းမှ မဝင်ဘူး private အလုပ်လုပ်ချင်လို့ တက္ကစီ မောင်းတာ သာကူးတွေကိုလဲ မယုံဘူး ဆီစျေးသာ အရင်ကျအောင်လုပ်ပါ ခေါင်းကြီးတို့ရယ် ဒရိုင်ဘာတွေကို သောက ထပ်မပေးပါနဲ့။

ယာဉ်မောင်း (၂) – တက္ကစီတွေကို နောက်တခွင်နဲ့ ငွေညှစ်ဦးမယ်၊ ဒုက္ခရောက်နေရတဲ့ကြားထဲ၊

ယာဉ်မောင်း (၃) – ကားအုံနာတွေ တစ်နေ့ကို တစ်သောင်းကျော်ရဖို့ မနဲရှာနေရတယ်။ ကုန်ပေါက်တွေ ထပ်မလုပ်ပါနဲ့။ ပြင်ဆင်စရိတ်ကရှိသေးတယ်။ တစ်ခုပြီးတစ်မရိုးတော့ဘူး။ ဒုက္ခပေးဖို့ဘဲ ကြည့်နေတယ်။

ယာဉ်မောင်း (၄) – ဟေ ဟေ့ တင်ဒါအောင်တဲ့ Company တော့စားရတော့မယ်။

ယာဉ်မောင်း (၅) – ကားအရောင်နဲ့ဆိုင်တာလား၊ ယာဉ်နံပါတ်နဲ့ ဆိုင်တာလားတောင် မဆုံးဖြတ်တတ်တဲ့ ကလေးအတွေးတွေပါလား၊ တိုးတက်အုံးမယ် နိုင်ငံတော်ကြီးကတော့ ဆုတ်ယုတ်ဖို့

Leave a Reply

Your email address will not be published.

x

You cannot copy content of this page