ဘဝပျက်မယ့် တူးဒီအပတ်ရှင်းနဲ့ မှားယွင်းနေတဲ့ လူမွဲတို့ရဲ့ ထွက်ရပ်လမ်း
တူးဒီ ဟာ သိပ်ကြောက်စရာကောင်းပါတယ်။ အသိအန်တီကြီးတစ်ယောက် တစ်ရာဖိုးနှစ်ရာဖိုးပေါက်ရာကစပြီး နေ့တိုင်းထိုးတာ အိမ်ဝိုင်းပါထိုးအပ်လိုက်ရတဲ့အထိဘဲ။
လိုင်းပေါ်မှာလည်း တူးဒီအကြွေးမပေးလို့ black list ပို့စ်တွေ မကြာခဏ တွေ့နေရတယယ်။ လူတွေဟာ ပမာဏနည်းနေတုန်းသာ ခံနိုင်ပေမယ့် များလာရင် စိတ်ပြောင်းတတ်ကြပါတယ်။
တူးဒီမှာ အပတ်ရှင်းဟာ ဘဝပျက်ဖို့အများဆုံးပါဘဲ လေလေးနဲ့ထိုးရတာဆိုတော့ လူတိုင်းကအလွယ်တကူထိုးကြတယ်။
ပေါက်ရင် ထိုးကြေးနှုတ် အမြတ်ယူ အဆင်ပြေနေရော မပေါက်ဘဲ တစ်ပတ်နှစ်ပတ်ဖြစ်လာတဲ့အခါ အကြွေးနွံနစ်ရော၊ အိမ်ကအဆင်ပြေရင်ဆပ် မဆပ်နိုင်ရင်ပြေးကြရော လူရော နာမည်ရော ဘဝရော အကုန်သွားရော
ခေတ်ကပျက်နေတာမို့ မထိုးကြပါနဲ့လို့လည်း မတားချင်ပါဘူး ငွေရလွယ်တဲ့လမ်းမို့ အလွယ်တကူလိုက်နေကြရတာကိုး၊ ဖြစ်နိုင်ရင် ကိုယ်နိုင်သလောက်နဲ့ထိုးကြပါ လုံးဝ အပတ်ရှင်းမထိုးကြပါနဲ့ တူးဒီထိုးချမ်းသာတယ်ဆိုတာ ရှိနိုင်ပေမယ့် အလွန်အင်မတန်ရှားပါတယ်။
ခေတ်ပျက်နေတော့ တူးဒီနဲ့ အမ်အယ်လ်အမ်က အခြေခံလူတန်းစားတွေနဲ့ ခက်ခဲနေတဲ့သူတွေကို ဦးတည် လာနေတယ် ဘဝပျက်ပျက်သွားကြတာမြင်တော့ စိတ်လည်မကောင်းဘူး။ တားမရမှန်းသိပေမယ့် ချင့်ချိန်လုပ်ကြပါ ကို့ယ်ဘဝကို အပျက်မခံကြပါနဲ့ စဉ်းစဉ်းစားစားလုပ်ကြပါဗျာ
La Gon Eain