ထူးဆန်းစွာ ပျောက်ဆုံးသွားခဲ့တဲ့ သာမညဆရာတော်ကြီး ရုပ်ကလာပ်နဲ့ အဖြေမရှိတဲ့ ပဟေဠိပုစ္ဆာ

သာမညကျောင်းတိုက်၊ သာသနာ့နယ်မြေ၊ ဘားအံမြို့။ နွေရာသီဖြစ်သော် လည်း မှောင်မိုက်သော ညတစ်ညဖြစ်သည်။

မြန်မာနိုင်ငံ၏ နယ်စပ်အနီး ကရင်ပြည်နယ် မြို့တော်ဖြစ်သော ဘားအံအနီး သာမည ဆရာတော်နှင့် သာသနာ့ နယ်မြေသည် မြန်မာနိုင်ငံ၌ သာမက ထိုင်းနိုင်ငံ အထိပါ ဘုန်းတန်ခိုး ကျော်ကြားလျက် ရှိပါသည်။

သို့သော် ၂၀၀၃ ခုနှစ် နို၀င်ဘာ တွင် ဘုန်းတန်ခိုး ကြီးမားတော်မူသော သာမည ဆရာတော် သည် ဘ၀နတ်ထံ ပျံလွန်တော်မူသွားသည့် အတွက် ဗုဒ္ဓဘာသာ၀င်များ ကြားတွင် ၀မ်းနည်းပူဆွေး သောက ရောက်ခဲ့ကြရသည်။

သာမည ဆရာတော်၏ သာသနာ့ နယ်မြေအတွင်း ၀င်ရောက်လာသည့် အချိန်မှ စ၍ သက်သက်လွတ် စားသောက်ရခြင်း၊ နူးညံ့ညင်သာစွာ စကားပြောဆို ရခြင်း တို့ကို လိုက်နာရသည့် ဘုရားဖူးများသည် ဆရာတော်ကြီး ပျံလွန်တော် မူပြီးသည့် နောက်တွင်လည်း လာရောက်ဖူးမျှော်သူ လျော့ပါးသွားခြင်း မရှိပေ။

သာမည ဆရာတော်ကြီး၏ ရုပ်ကလာပ်ကို သာမညတောင်ပေါ်၌ မှန်ခေါင်း တလားဖြင့် ထားရှိခဲ့သည်။ သို့သော် ၂၀၀၈ ခုနှစ်၊ ဧပြီလ၊ ၂ ရက်နေ့ညက သာမည တောင်ပေါ်တွင် ရုတ် တရက် မီးပျက်သွားခဲ့သည်။ မှောင်မိုက်သွား အချိန်တွင် တောင်ပေါ်သို့ ခပ်မွဲမွဲ ခပ်ညစ်ညစ် အရောင်ရှိသော ကား ၂စီး တက်လာခဲ့ပြီး၊ ဆရာတော်ကြီး၏ ဂူဗိမာန်ရှေ့တွင် ရုတ်တရက် ရပ်လိုက်သည်။

ထို့နောက် လက်နက်ကိုင် လူတစ်စုသည် အမှောင်ရိပ်ထဲသို့ ရောက်လာပြီး တာ၀န် ကျ အစောင့်ကို အဓမ္မကြိုးဖြင့် တုပ်လိုက်ပြီး၊ ကျည်ကာမှန် တပ်ထားသော ခေါင်း တလားသော့ကို ထုတ်ပေးရန် ပြောဆိုခဲ့ သည်။

ခေါင်းတလားသော့ကို ဆရာတော်ကြီး တစ်ပါးကသာ ကိုင်သည်ဖြစ်ရာ ဆရာတော် ၏ ဆေးစိမ်ထားသော အလောင်းတော်ကို အလွယ်တကူ ယူဆောင် ၍ မရမှန်း လက်နက်ကိုင် အဖွဲ့က သိထားသည်။

စကျင်ကျောက်ပြားများဖြင့် အလှဆင်ထားသော ဂူဗိမာန် အတွင်းရှိ အလောင်းတော် ကို ရယူရန် မှန်တံခါး ဖွင့်မှသာ ရရှိမည်ဖြစ်ရာ ရုပ်ကလာပ် ထည့်ထားသော မှန်များကို ရိုက်ခွဲဖျက်ပစ် လိုက်သည်။ ထို့နောက် ဆရာတော်ကြီး ၏ ရုပ်ကလာပ်အား အဓမ္မ ယူဆောင်ကာ ကားပေါ်တင်ပြီး၊ သာမညတောင်ပေါ်မှ မောင်းထွက်သွားကြသည်။

ယင်းအဖြစ်အပျက် အား နိုင်ငံပိုင် သတင်းစာ များတွင် ဖော်ပြခဲ့သော်လည်း ဆရာတော် ရုပ်ကလာပ် ယူဆောင်သွား သူများအား လိုက်လံ ရှင်းလင်းသော တပ်မတော် စစ်ကြောင်းများ ၏ နောက်ဆက်တွဲ သတင်းများ မပေါ်ထွက် ခဲ့ပေ။

လေးရက် အကြာမှ ဆရာတော်၏ ရုပ်အလောင်းကို မီးသင်္ဂြီုလ်ပြီး ဖြစ်၍ အရိုးပြာများကို ဘုန်းကြီးကျောင်း ပရ၀ဏ် အနီးရှိ ကော့ကဒါကျေးရွာ အတွင်း ထားလိုက်ကြောင်း အမည်မသိ လူတစ်ဦးက သာမည ဘုန်းကြီးကျောင်းရှိ ဆရာတော်များထံ ဖုန်းဆက် အကြောင်းကြား ခဲ့သည်။

ယင်းသတင်းအရ လိုက်လံ စစ်ဆေးရာတွင် စေတီငယ်တစ်ဆူ အနီးရှိ ဆရာတော် ၏ အရိုးပြာများဟု ယူဆရသည့် ပြာပုံလေး တစ်ပုံကို အရိုး ပါမီး သွေး များ မှန် အခေါင်းတလား၏ လက်ကိုင်တို့နှင့်အတူ ယှဉ်တွဲ တွေ့ရှိ ခဲ့ရသည်။

ယင်းအရိုး မီးသွေးများကို သာမည ကျောင်းတိုက်သို့ သယ်ဆောင်လာခဲ့ပြီး၊ သိမ်းဆည်းထား ခဲ့သော်လည်း ခေတ်မီ DNA စစ်ဆေးမှုဖြင့် မစစ်ဆေးနိုင် ခဲ့သည့် အတွက် ဆရာတော်၏ အရိုးပြာ ဟုတ်၊ မဟုတ် မည်သူမှ အဖြေ မထုတ်နိုင်ခဲ့ပေ။

သက်ဆိုင်ရာ အာဏာပိုင်များ အနေဖြင့်လည်း ဆရာတော် ရုပ်ကလာပ် ပျောက်ဆုံးမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ဆက်လက် မလုပ်ဆောင်နိုင်ခဲ့သလို သတင်းထုတ်ပြန်မှုလည်း မရှိတော့ပေ။ ယခုအခါ ဆရာတော်၏ ရုပ်ကလာပ် ပျောက်ဆုံးသွားခဲ့မှုသည် အစိုးရ အပြောင်းအလဲ၌ ၁၄ နှစ်ကျော် ကြာမြင့်သွားခဲ့ပြီ ဖြစ်သည်။

ဆရာတော်ကြီး သည် မြန်မာနိုင်ငံ တစ်လွှားလုံး မှ လာရောက် အဖူးမျှော် ခံရ သည့် တန်ခိုးကြီး ထူးခြားသည့် ဆရာတော်ကြီး တစ်ပါး ဖြစ်ပါ သည်။ ပြည်ပနိုင် ငံ အသီးသီးမှလည်း လာရောက် ဖူးမျှော်ကြပါသည်။ အထူးသဖြင့် ထိုင်းနိုင်ငံ အစိုးရ ပြည်သူများ လာရောက်ကြည်ညို ဖူးမျှော်ကြပါသည်။ ဆရာတော် ဘုရားကြီး သည် ကရင်ပြည်နယ်၊ သာမည တောင်ပေါ်တွင် သီတင်းသုံး နေ ထိုင်သော ဆရာတော် ဖြစ်ပါသည်။

သာမည တောင်ပေါ်သို့ လာရောက်ကြသူ ဘုရားဖူး အားလုံးအား သတ်သတ် လွတ် ထမင်းဟင်းလျာများဖြင့် ကျွေးမွေးပါသည်။ ဘုရားဖူး ဘယ်လောက် များ များ ကျွေးမွေးနိုင်ပါသည်၊ သာမည တောင်ပေါ်ရှိ စပါးကျီထဲ ဆန်စပါးများကို နတ်ဒေဝါများက လာရောက်ဖြည့်ထားသည့်အလား စပါးကျီထဲ စပါးများ မကုန်နိုင်အောင်ပင် ဖြစ်ခဲ့ရသည်ဟု ဆိုကြပါသည်။

ဘုရားဖူးသူများနှင့် ရှင်ပြုရဟန်းခံများ အလှူဒါန ပြုသူများဖြင့် အစဉ်ပြည့် လျှံနေသော သာမညတောင် ဖြစ်ခဲ့ပါသည်။ သာမည ဘုရားဖူး ပို့ဆောင်ရေး လုပ်ငန်း လုပ်သူများ များပြားပြီး၊ အားလုံး ကြီးပွားချမ်းသာ အဆင်ပြေသွားကြ သည် အထိ ဖြစ်ပါသည်။

ဘုရားဖူးများအား ဆရာတော် ဘုရားကြီးမှ မည်သည့် ဒေသအရပ်မှ လာရောက် ခဲ့ကြောင်း မေးမြန်းပြီး၊ ထိုဒေသရှိ ဘယ်ဘုန်းကြီး၊ ဘယ်ဆရာတော်သည် မိမိကဲ့သို့ ကိုးကွယ်ထိုက်သူ ဖြစ်ကြောင်း ဖော်ညွှန်းလေ့ ရှိပါသည်။ သာမည ဆရာတော် ဘုရားကြီးသည် ဝိဇ္ဇာ ဖြစ်ကြောင်း၊ ဇော်ဂျီဖြစ်ကြောင်း၊ အထက်လမ်း ဘိုးတော် ဖြစ်ကြောင်း၊ အကြားအမြင်ရကြောင်း၊ ရဟန္တာ တစ်ပါး ဖြစ်ကြောင်း ပြောဆိုသမုတ် ကြပြီး၊ လူအများ အားကိုးအားထားပြု ကိုးကွယ်ခဲ့ကြပါသည်။

သေချာသည် ကတော့ ဆရာတော်ကြီး ရုပ်အလောင်း ကတော့ ပျောက်ဆုံးသွား ခဲ့သည် မှာ အမှန်ပင် ဖြစ်ပြီး၊ ယနေ့ အထိ တရားခံ မပေါ်ခဲ့ခြင်းပင် ဖြစ်ပါသည်။

ဝိဇ္ဇာ၊ ဇော်ဂျီ ဘိုးတော်များသည် မိမိခန္ဓာကိုယ်ကို သေဆုံးသည့်အခါ မီးရှို့မခံကြ ပါ။ ဂူသွင်းလေ့ ရှိကြပါသည်။ တစ်ချိန်ချိန် အခါအခွင့် သင့်ပါက မိမိရုပ်အလောင်းတော်နှင့် ပြန်လည် ချိတ် ဆက်နိုင်ရန်ဟု ပြောဆိုကြပါသည်။ ထိုကဲ့သို့ ပုဂ္ဂိုလ် များ၏ ခန္ဓာကိုယ် အစိတ် အပိုင်းများကို ဆေးစီရင်၍သော် လည်းကောင်း၊ အသွေး အသား ကို ဆေးဖော် ချက်စား၍ လည်းကောင်း၊ မိမိတို့ အသက်ရှည်ရန် ဘုန်းတန်ခိုးကြီး ရန်၊ သိဒ္ဓိမြောက်ရန် စီမံကြသူများလည်း ရှိကြကြောင်း သိရှိရသည်။ သာမည ဆရာတော်ကြီး၏ ရုပ်ကလာပ်ကို ထိုကဲ့သို့ အသုံးပြုခဲ့ကြပြီလော။

သာမည ဆရာတော် ဘုရားကြီး အုတ်ဂူဖောက် အခိုးခံရချိန်သည် ၂၀၀၈ ခုနှစ်ဖြစ် ၍ စစ်အစိုးရ လက်ထက်ပင် ဖြစ်ပါသည်။ ထောက်လှမ်းရေးများလည်း တန်ခိုးထွားနေချိန် ဖြစ်ပါသည်။ သာမညတောင်သည် ကရင်ပြည်နယ်တွင် ရှိပါ သည်။ ကရင်ပြည်နယ် စစ်တိုင်းမှူး လက်အောက်၌ ရှိပါသည်။

မိမိနိုင်ငံ၊ မိမိတိုင်းတွင် ပြည်သူလူထု လေးစားကြည်ညို တန်ဖိုးထားသည့် ဦးထိပ်ထားသည့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး၏ ရုပ်ကလပ်ဂူအား အတင့်ရဲစွာ ခိုးယူသွားခဲ့သည့် ကိစ္စရပ်သည် မိမိ စစ်တိုင်းကြီး၊ မိမိနိုင်ငံကြီးကို စော်ကား သွားခြင်းပင် ဖြစ်ပါသည်။ စိန်ခေါ်သွားခြင်း ဆိုပါကလည်း မမှားပါ။ ခွင့်လွှတ်နိုင် စရာ အကြောင်းမရှိပါ။

သို့သော် ထိုအချိန်မှစ၍ ယနေ့ထိတိုင် ငြိမ်ချက်သား ကောင်းနေခဲ့ပါသည်။ အစပင် မဖော်ရဲခဲ့ကြသည်မှာ ထူးဆန်းသည့် အကြောင်းတစ်ခု ဖြစ်ခဲ့ပါသည်။ တစ်ချို့က တစ်ဖက်နိုင်ငံမှ လာရောက် ယူဆောင်သွားခဲ့သည်ဟု သုံးသပ်ကြ ပါသည်။ ထိုသို့ဖြစ်ခဲ့ပါက မြန်မာနိုင်ငံ အစိုးရမှ ချက်ခြင်း တန့်ပြန်ရမည် သာ ဖြစ် ပါသည်။

ထို့အပြင် ထိုအချိန်က ထိုဒေသရှိ လက်နက်ကိုင် အဖွဲ့များမှလည်း သူတို့ပင် မသိလိုက်၍ တစ်ဖက်နိုင်ငံက ယူဆောင်သွားခြင်း မဖြစ်နိုင်ပါဟုလည်း ကြား သိခဲ့ရပါသည်။ ထိုစဉ်က တာ၀န်ရှိခဲ့သူ ဗိုလ်မှူးကြီး တစ်ဦးကမူ ထလရ (ထောက်လှမ်းရေး)များပင် လုပ်ခဲ့သလားဟု သုံးသပ်ခဲ့သည်ကိုလည်း သိခဲ့ကြား ခဲ့ရပြန်သည်။ ထောက်လှမ်းရေး လုပ်သည် ဆိုပါက မည်သူမျှ မပြောရဲ၊ မဆိုရဲ ၍ ဖြစ်ပါသည်။

မသမာသူများမှ ဆရာတော်ကြီး ရုပ်ကလာပ်တော် ထားရှိရာ မှန်ခန်းဆောင်ကို ရိုက်ခွဲဖျက်ဆီးသွားပုံ

တချို့ကလည်း ထိုစဉ် မြန်မာနိုင်ငံ၏ နံပါတ်တစ် ပုဂ္ဂိုလ်ကြီး ဆေး ဆရာ၊ ဗေဒ ဆရာ၊ ဘိုးတော်များ၏ အကြံအဉာဏ်ဖြင့် အလောင်းတော်အား ဆေးစီရင် သုံးစွဲခဲ့သည်လည်း ဖြစ်နိုင်ကြောင်း သုံးသပ်ခဲ့ကြပါသည်။

မည်သို့ပင် သုံးသပ်ကြသည် ဖြစ်စေ၊ ဆရာတော်ကြီး၏ ရုပ်ကလာပ် အလောင်းတော် သည် ထူးဆန်းစွာ ပျောက်ဆုံးခဲ့ပြီး၊ ဘယ်သူတွေ ဘယ်လို အသုံးပြု အသုံးချစီရင် လိုက်သည်ကို တိတိကျကျ မသိရှိခဲ့ခြင်းပင် ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ အကျိုးအကြောင်း အဆိုးအကောင်း သိသူများမှ အများပြည်သူ သိရှိနိုင်ရန် ဖော်ထုတ်ရေးသား ပေးကြပါလို့ တောင်းဆိုရင်း သာမည ဆရာတော်ကြီး ရုပ်ကလာပ် ဘယ်မှာလဲဟု မေးခွန်းထုတ် လိုက်ရပါသည်။

ရည်ညွှန်း-အေမီဂိုးလ်ဒ်မေ (Amy Gold May) Will Thamanya Sayadaw’s Body Ever Rest Peace?

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page