လစာ သိန်း ၂၀ ပေးမယ်ဆိုပြီး အလုပ်ခေါ်နေကြတဲ့ မြဝတီနဲ့ လောက်ကိုင်က ကာစီနိုများရဲ့ နောက်ကွယ်
လောက်ကိုင် နဲ့ မြဝတီ မှာ အခုအခေါ်များနေတဲ့ အလုပ်ကြောင်းပြောပြမယ်။ သိက္ခာပိုင်းနဲ့ ဆိုင်ပေမယ့် ပညာတတ်လေးတွေ နှမျောလွန်းလို့ ထပ်ပြီး ဆုံးရှုံးမခံချင်တော့လို့ မြဝတီ လောက်ကိုင်သွားပြီး ကာစီနိုမှာ အလုပ်လုပ်ဖို့ တွေးနေတဲ့လူငယ်တွေ ဖတ်ဖို့ပါ။
အလုပ်ခေါ်တဲ့ပုံစံက အွန်လိုင်း Game , customer Service, Online Marketing အစရှိလို နာမည်တွေနဲ့ ခေါ်ကြတယ် English 4 skill ကျွမ်းရမယ်။ ကွန်ပြူတာတက်ရမယ်ဆိုပြီး ခေါ်တယ်။ လစာက နေစားငြိမ်း ၁၂ သိန်း ၁၅ သိန်းဝန်းကျင်ပေးကြပါတယ်။ အဲ့အလုပ်က နိုင်ငံခြားသားတွေဆီက Chat တင်ထိုင်ပြီး လိမ်ရတာပါနော်။ နိုင်ငံခြားသားတွေကို ပထမဆုံး မိန်းကလေးအယောင်ဆောင်ပြီး ရင်းနီးအောင် လုပ်ရတယ်။ ရင်းနီးသွားပြီဆို အလုပ်အကိုင်အကြောင်းတွေပြောတယ်။ ငါဝင်ငွေဘယ်လောက်ကောင်းကြောင်း ဘာလုပ်ငန်းတွေ လုပ်ကြောင်းပေါ့။
သူ့ကို ရင်းနှီးမြုတ်နှံဖို့ခေါ်ရမယ်။ အတိုးဘယ်လောက်ပေးမယ်ပေါ့။ ပထမဆုံး ၁ ကြိမ် ၂ ကြိမ်တော့ အတိုးကို ထည့်ပေးတယ်။ ဟိုဘက်က ယုံကြည်ပြီး အများကြီး ငွေလွှဲ ရင်းနှီးမြုတ်နှံမှ block လိုက်ရတာ။ ဂိမ်းတွေဆိုလဲ သူ့ဆီက ငွေရောက် block လိုက်ရတာ အလုပ်က အပြင်လုံးဝ မထွက်ရဘူး။ ထွက်ရလဲ တစ်လတစ်ခါ အဲ့တာလဲ သူ့တို့ကားနဲ့ လိုက်ပို့တာ။ လစာက ပထမဆုံးလတာ ၁၂ သိန်း ၁၅ သိန်း ပေးတာပါ။ နောက်လဆို ကိုယ်လိမ်နိုင်မှ ပိုက်ဆံရတာ မလိမ်နိုင်ရင်လဲ ရိုက်ခံရတယ် အထုခံရတယ်။
လိမ်နိုင်တဲ့သူ ငွေများများ ရှာပေးနိုင်သူဆို အိမ်ပြန်ရဖို့ လမ်းမရှိတော့ဘူး။ သူ့ကို လက်လွှတ်မခံတော့ဘူး။ အလုပ်ချိန် ၁၂ နာရီ အနည်းဆုံးလုပ်ရပါတယ်။ တစ်ခါတလေ မအိပ်ရဘူးနော်။ မိန်းကလေးတွေဆို နိုင်ငံခြားသားတွေနဲ့ ဘာညာ ချက်ရတဲ့အထိ ပါတက်တယ်။
အလုပ်ကလုပ်မဲ့သူဆို ကားစရိတ် ခံခေါ်တက်ကြတယ်။ အပြင်ထွက်ရတဲ့သူဆိုတာကလဲ သူဌေးလူယုံဖြစ်မှ ထွက်ရတက်တာ ပြည်သူ့စစ် လုံခြုံရေးအပြည့်နဲ့ ဟိုတယ် အထက်မြင့်တွေ မြို့အစွန်ဖျားတွေမှာ လုပ်ရတာပါ။ ခိုးထွက်လို့လဲ မရဘူး။ ထွက်ခဲ့ရင် အသက်ပါပေးရပါလိမ့်မယ်။ လုံးဝ အဲ့အလုပ်တွေ မလုပ်ကြပါနဲ့နော်။
ခုမြန်မာပြည်က ပညာတက်လေးတွေက ယုံစားပြီး အရမ်းကို ဒီဘက်တက်လာကြတာ။ တရုတ်လူမျိုးတွေက ပြည်တွင်းမှာ အဖမ်းအဆီးများလို့ မြန်မာ နယ်စပ်တွေမှာ လုပ်စားနေနေတာပါ။ တချို့မိန်းကလေးတွေဆို တရုတ်သူဌေးရဲ့ ပြုကျင့် ခံရတက်ပါတယ်။ မြန်မာပြည်က ပညာတက်လေးတွေ သတိထားဆင်ခြင် နိုင်ဖို့ပါ။ အရမ်းကို စွားရွားတဲ့ အလုပ်ပါနော်။
သူများဆီက ရတဲ့ အပူစာတွေဖြစ်သလို မိမိလဲ လူလိမ်ဖြစ် မိမိ အသိုင်းဝိုင်းလဲ မကောင်း မိမိ အသက်ရှင်ရေးဟာလဲ မသေချာ အရိုက်ခံအထုခံ အနှိပ်ဆက်ခံ အလုပ်ကြီးပါ။ ပညာတက်ကလေးတွေ အများကြီး နွံနစ်ခံနေရလို့ ပညာတတ်တွေကို အဲလိုမဆုံးရှုံးစေချင်ဘူး။
မူရင်းရေးသားသူအား ခရက်ဒစ်ပေးပါတယ်။ ခုမြန်မာနိုင်ငံထဲမှာ ကျပ်တည်းနေတဲ့အတွက် အဲပိုင်းတွေ ရောက်ရောက်သွားကျတာ စိတ်မကောင်းဘူး။ သူများပြောရင် မယုံဘူးတတ်ဘူးနော်။ ကျွန်မက ကိုယ်တိုင် မြဝတီလိုမြို့မှာ စားသောက်ဆိုင် ဖွင့်ခဲ့သူမို့ ကိုယ်တိုင် မြင်ခဲ့တာမို့ ပညာတတ်လေးတွေ နှမျောတယ်။
မြန်မာငွေ ၁၅သိန်း သိန်း၂၀ ရတယ်ဟု နာမည်ကြီးနေတဲ့ လောက်ကိုင်နှင့် မြဝတီမြို့ရှိ တရုတ်ကုမ္ပဏီများ၏ နောက်ကွယ် မြဝတီမြို့ ၂၅ ဂိတ်, ဝမ်း Online ကာစီနို ငရဲခန်းမှ လွတ်မြောက်လာသူ ညီလေးတစ်ယောက်ရဲ့ ရင်ဖွင့်သံ
ယခုဖော်ပြပါ အကြောင်းအရာသည် မြဝတီမြို့ ၂၅ ဂိတ်, Onlineကာစီနိုတွင် ဝင်ရောက်အလုပ်လုပ်ကိုင်ခဲ့တဲ့ ညီငယ်တစ်ယောက်ရဲ့ ဖြစ်ရပ်မှန် အတွေ့အကြုံကို မသိသေးကြတဲ့ ညီငယ် ညီမငယ်များသိစေရန်နှင့် သူလိုအလိမ်မခံကြမိစေရန်အတွက် ပညာပေးရေးသားလိုက်ရခြင်းဖြစ်ပါသည်။
အလုပ်ဝင်ဖြစ်ရတဲ့အကြောင်းကတော့ Eng 4 skill နဲ့ ကွန်ပျူတာ ရရင် လစာ ဘတ်၂၇၀၀၀ ပေးတယ်ဆိုလို့ သွားလုပ်ခဲ့မိတာပါ အကို။ ရှင်းရှင်းပြောရရင် သူတို့ပေးမယ်ဆိုတဲ့ လစာ ဘတ် ၂၇၀၀၀ ကိုမက်လို့သွားလုပ်ခဲ့တယ်ဆိုရင်လည်း မမှားပါဘူး။
အလုပ်စဝင်တာနဲ့ Q ၁၂ ရက်ဝင်ရပါတယ်။ Q စဝင်တာနဲ့ စာချုပ်ယူလာပြီး လက်မှတ်ထိုးခိုင်းပါတယ်။ ဘာအတွက် စာချုပ်မှာ လက်မှတ်ထိုးရတယ် ဆိုတာကိုလည်း မပြောပါ။ ဘုမသိဘမသိနဲ့ စာချုပ်မှာ လက်မှတ်ထိုးပေးလိုက်ရတာပါ။၁၂ ရက် Q ပြီးတာနဲ့၊ ကိုဗစ် ရောဂါပိုးရှိ/မရှိ တန်းစစ်ပါတယ်။ ရောဂါမရှိမှ အလုပ်ခန့်တာပါ။
အလုပ်ခန့်စဉ်က Online game လုပ်ရမယ်လို့ပြောမဲ့၊ ရှင်းရှင်းပြောရရင် တကယ်တန်းလုပ်ရတာကတော့ what app သုံးပီးလိမ်ရတာပါ။ အလုပ်ဝင်ဝင်ခြင်းရက်မှာ IG အကောင့်ဖွင့်ခိုင်းပါတယ်။အကောင့်ဖွင့်လို့ရပြီဆိုတာနဲ့၊အဲ့ဒီ IG အကောင့်ကနေ ကောင်မလေး ပုံတွေရှာရတယ်။ကိုယ်မသိတဲ့ကောင်မလေးပုံတွေ ယူသုံးပြီး လိမ်ခိုင်းတာပါ။ အကောင့်ဖွင့်ပြီး ၃ ရက်အကြာမှာ လိမ်လည်ဖို့ရန်အတွက် သားကောင် (လူ) စရှာရပါတယ်။
နောက်ပြီး တစ်ရက်ကို လူ ၅ ယောက်၊ ရအောင်ရှာခိုင်းပါတယ်။ လူ ၅ ယောက်ရှာ မရရင် အချိန်ပိုထပ်ဆင်းခိုင်းပြီး မရ ရအောင်ရှာခိုင်းပါတယ်။လူရှာလို့ရပြီးဆိုတာနဲ့ ပိုက်ဆံရအောင် လိမ်လည်လှည့်ဖြားရပါတယ်။ ပိုက်ဆံရအောင် မလိမ်နိုင်ရင်တော့ ကျနော်တို့လစာထဲက ဖြတ်မယ်လို့ပြောပါတယ်။
အလုပ် လုပ်ရတဲ့အချိန်ကတော့၊ ည ၁၁:၀၀ နာရီ ကနေ၊ မနက် ၁၁:၀၀ အထိ လုပ်ရပြီး၊ နားနေချိန်ကတော့ ၂:၀၀ နာရီ ပေးနားပါတယ်။ ကျနော် ဒီအလုပ်ကို ၁၁ လပိုင်း၊ ၂ ရက်နေ့က ဝင်လုပ်ခဲ့တာပါ။ ဒါပေမဲ့ ၁၁ လပိုင်း၊ ၂၆ ရက်မှာတော့၊ ကျနော်ကိုဘာမှ မပြောပဲ အလုပ်ကထုတ်ပစ်ခဲ့ပါတယ်။
ကျနော်ကိုအကြောင်းမဲ့ အလုပ်ထုတ်ယုံတင်မကပါဘူး။ အလုပ်ထုတ်သည့်အပြင် လျော်ကြေး ဘတ် ၁၀၀၀၀ ပါ၊တောင်းပါတယ်၊ တကယ်လို့ သူတို့တောင်းတဲ့ ဘတ် ၁၀၀၀၀ မပေးရင် အပြင်ပေးမထွက်ပဲ ကျနော်ဖုန်းသိမ်းပြီး အခန်းထဲမှချုပ်ထားမယ်လို့ ပြောတယ်ပါတယ်။
၁၁ လပိုင်း၊ ၂၆ ရက်နေ့က အလုပ်ထုတ်တာ ကျနော်တစ်ယောက်တည်းမဟုတ်ဘူးဗျ။ ကျနော်အပါဝင် ယောက်ျားရော မိန်းကလေရော စုစုပေါင်း ၁၈ ယောက်၊ အလုပ်ထုတ်ခံရတာပါ။ သူတို့လည်း ကျနော်လိုပဲ သူတို့ခိုင်းသမျှလုပ်ပေးတာတောင် ဘာအပြစ်မှမရှိပဲ အကြောင်းမဲ့ အလုပ်ထုတ်ပစ် ခံခဲ့ကြရတာပါ။
ကျနော်တို့ကို အလုပ်ထုတ်ယုံတင်မကပဲ လျော်ကြေးပါတောင်းပြီး ပြဿနာရှာနေလို့ အဲ့ဒီဂိတ်ထဲအသိ သူငယ်ချင်းမိန်းကလေးကို ဖုန်းဆက် အကူညီတောင်းတော့…
သူ့အသိ လက်နက်ကိုင်အဖွဲ့အစည်းထဲက လူကြီးတစ်ယောက်ကို အကျိုးအကြောင်းပြောပြီး ကျနော်တို့ကိုကူညီပေးဖို့ ကူပြီးပြောပေတယ်။ အသိသူငယ်ချင်း မိန်းကလေးက အဖွဲ့အစည်းကိုခေါ်လာပြီး ကျနော်တို့ကို ပြန်လွတ်ဖို့ပြောတာတောင် ၃ နာရီလောက် ပြောယူရတယ်။
ကျနော်တို့ဘက်က လက်နက်အဖွဲ့အစည်းပါနေလို့ သူတို့က ပြဿနာဖြစ်မှာစိုးလို့ ကျနော်တို့ကို ပြန်လွှတ်လိုက်တာပါ။ အခုဆိုရင် တရုတ်ငရဲခန်းက လွတ်မြောက်ခဲ့ပါပြီ၊ အခုကျနော်ပြောပြတဲ့ အကြောင်းအရာတွေအားလုံးက ကျနော့်ကိုယ်တွေ့မို့ ကျနော်လို အလိမ်မခံရအောင် မသိသေးတဲ့သူတွေအတွက် ရည်ရွယ်ပြီး ပြောပြတာပါ။
ကျနော်တို့ကို တရုတ်ငရဲခန်းက လွတ်မြောက်အောင် ကူညီပေးကြတဲ့ သူငယ်ချင်း မိန်းကလေးအပါအဝင် လာရောက်ကူညီပေးတဲ့ အဖွဲ့အစည်းကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျ။