အကြွေး (၄) သောင်းမဆပ်နိုင်လို့ စုံစီနဖာပစ္စည်းလေးတွေ လမ်းဘေးမှာရောင်းနေရတဲ့ အသက် (၈၈) အဘွား
မငိုပါနဲ့ အဖွား…အဖွား အကြွေးတွေ ဆပ်လိုက်တော့နော်
အဖွား အသက် (၈၈)နှစ်၊ အသက် (၈၄)နှစ် ညီမနဲ့ အတူနေပါတယ်။ အဖွား ညနေဆို မှန်တွေ/ဘီးတွေ/စုံစီနဖာလေးတွေ ရောင်းတယ်
အဖွားရေ…မှန်လေးတွေ ဘယ်လိုရောင်းလဲ ဗျ။ သားရေ…အစုံပါပဲ…ဘယ်အရွယ်လိုချင်လဲ သား။ အဖွား စျေးအကြီးဆုံး နဲ့ အကောင်းဆုံးက ဘယ်မှန်လဲ အဖွား
သား ဒါက (၆၅၀၀)ကျပ်…အကောင်းဆုံးပဲ။ ဒါနဲ့ အဖွား စျေးဦးပေါက်ပြီလား။ ခုမှ အဖွား ခင်းတာ..သား ပထမဆုံးပဲ။
ဟုတ် အဖွား…မလျော့တော့ဘူးလား။ သား ယူမယ်ဆို (၆)ထောင်ပဲ ပေးပါ သားရယ်။ ဟုတ် အဖွား…ရော့ ၇၀၀၀၀ ကျပ်၊ သား…ပိုက်ဆံတွေ အများကြီးပဲ ပိုနေတယ်နော်…
ဟုတ်တယ် အဖွား…(၇)သောင်းလေ…အဖွား ဘာလုပ်ချင်လဲ။ အဖွား အကြွေးတွေ ဆပ်ချင်တယ်…ဒါလေးတွေ ရောင်းတာ အကြွေးတွေ ယူထားရတယ်။ ဟုတ်လား အဖွား…အကြွေး ဘယ်လောက်ရှိလဲ
(၄)သောင်းလောက် ရှိတယ် သား (အဖွား မျက်ရည်တွေ ကျပြီ ငိုပါရော)၊ မငိုပါနဲ့ အဖွား…ခု ပိုနေတာလေး အဖွား အကြွေးဆပ်လိုက်နော်။
သားရယ်…အဖွား ဝမ်းနည်းပြီ ပျော်ရတယ် (မျက်ရည်တွေနဲ့ ငိုနေရှာတယ်)၊ အဖွားရယ်…မငိုပါနဲ့နော် အိမ်အစောကြီးပြန်နော် (အဖွား တာ့တာတွေ ပြပြီ ငိုနေတယ်)
(ကျနော်တို့နှင့်အတူ ပူးပေါင်းပါဝင်လှူဒါန်းပေးကြသော (၇)ရက်သားသမီးများအား အဖွားက်ုယ်စား ကျေးဇူးတင်ပါတယ်ဗျ)
ဪ…အဖွား ငိုနေတာမြင်တော့…ရင်ထဲမှာ ကိုယ်ပါ အတော်ခံစားရတယ်။
ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက
ကိုပူတူးနှင့်ဘော်ဒါများ