ပူတင် ကျန်းမာရေးအတွက် ယတြာချေနေ၊ သူ့မိသားစုကို နျူကလီးယားဗုံးခိုကျင်းအတွင်း ပြောင်းရွှေ့ထားဟုဆို

နျူကလီးယား စစ်ပွဲ ဖြစ်လာခဲ့ရင် အသက်ရှင်လွတ်မြောက်စေရန် ရည်ရွယ်ပြီး ရုရှား သမ္မတ ဗလာဒီမာ ပူတင် က သူ့ရဲ့ မိသားစု ကို ဆိုက်ဘေးရီးယား ရှိ လျှို့ဝှက် ဗုံးခိုကျင်းတစ်ခု ဆီမကြာသေးခင်ကပြောင်းရွှေ့ပြီးဝှက်ထားကြောင်း ရုရှား နိုင်ငံရေးသိပ္ပံပညာရှင် ပါမောက္ခ တစ်ဦး ကပြောကြားပါတယ်။

ပူတင် ကနျူကလီးယား စစ်ပွဲ ဖြစ်လာရင် အကာအကွယ်ရအောင်လို့ သူ့မိသားစု ဝင်တွေ ကို အယ်လ်တိုင်း တောင်တန်းတွေမှာ တည်ရှိတဲ့ ဇိမ်ခံ နည်းပညာ မြင့် ဗုံးခိုကျင်းတစ်ခုဆီသို့ ရွှေ့ပြောင်းထားကြောင်း ပါမောက္ခ ဗာလီရီ ဆာလိုဗေး ၆၁ နှစ် ကထုတ်ဖော်ပြောကြားပါတယ်။

ထိပ်တန်း သံတမန်ဟောင်းတွေ နဲ့ ထောက်လှမ်းရေး အရာရှိဟောင်းတွေ တက်ရောက် ခဲ့ကြတဲ့ မော်စကို အစိုးရ နိုင်ငံတကာ ဆက်ဆံရေး အင်စတီကျု့ဒ် ပါမောက္ခဟောင်း ဆာလိုဗေး က ပူတင် ဟာ အမည်မသိ ရောဂါ တစ်မျိုး ဖြစ်ပွားနေပေမယ့် ပြည်သူတွေ မသိအောင် လျှို့ဝှက်ထား ပြီး ရုရှား ကာကွယ်ရေးဝန်ကြီးနဲ့ အတူ ဘာသာရေး အစီအစဉ်တွေ မှာ ပါဝင်နေတယ်လို့ အရင်ကပြောခဲ့ဖူးပါတယ်။

ဆာလိုဗေး ရဲ့ ပြောဆိုချက်ကို မော်စကို ရှိ လူပုဂ္ဂိုလ် အချို့ ကထင်ရာမြင်ရာပြောဆိုမှု အဖြစ် ပယ်ချထားပေ မယ့် ပူတင် ရဲ့ရောဂါ နဲ့ စိတ်ကျန်းမာရေး အခြေအနေနဲ့ပတ်သက် တဲ့ ပြောဆိုမှုကြောင့် ဆာလိုဗေး ကို ရုရှား အရာရှိတွေ ကမေးမြန်းစစ်ဆေးခဲ့သလို သူ့အိမ် ကိုလည်းစီးနင်းရှာဖွေ ခဲ့ကြပါတယ်။

ပူတင် က သူ့မိသားစု ကိုရွှေ့ပြောင်းထားတဲ့ မြေအောက် ဗုံးခိုကျင်း ဆိုတာ ဟာ ဗုံးခိုကျင်း လို့ပြောရပေမယ့် အမှန်တကယ်မှာ သိပ္ပံနဲ့ နည်းပညာ ပစ္စည်းတွေ တပ်ဆင်ထားတဲ့ မြေအောက် အဆင့်မြင့် မြို့ငယ်တစ်မြို့လိုပဲ လို့ ဆာလိုဗေး ကပြောကြားပါတယ်။ အဲဒီဗုံးခိုကျင်းတည်ရှိရာ တောင်တစ်ဝိုက်မှာ လေဝင်လေထွက်ပေါက် အများကြီးတွေ့ရပြီး ဗို့အားမြင့် လျှပ်စစ် လမ်းကြောင်း လည်းသွယ်တန်းထားကြောင်း လေ့လာသူတွေ ကပြောကြားပါတယ်။

“ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ “အထူးစစ်ဆင်ရေး” ဆိုတာကြီး အဆုံးသတ်ကြောင်း ဒါမှမဟုတ် အဆုံးသတ်ခါနီးပြီလို့ ကြေညာပြီး ရုရှားတပ်တွေအငြင်းပွားစရာမရှိ အောင်ပွဲခံဖို့ ပူတင်က စီစဉ်ထားခဲ့တာ” ဟု ဆာလိုဗေးက ပြောပါတယ်။

ကရင်မလင်တွင် အတွင်းလူများနှင့်အချိတ်အဆက်ရှိသည်ဟုဆိုသော ဆာလိုဗေး ပြောသောနေရာသည် ဂတ်ဇ်ပရွန် က အယ်လ်တိုင်ရီပတ်ဘလစ်၏ အွန်ဂူဒေးစကိုင်းခရိုင်တွင် ဆယ်စုနှစ်တစ်ခုခန့်က တည်ဆောက်ထားခဲ့သောအဆောက်အဦများကိုညွှန်းဆိုထားတယ်လို့ ယုံကြည်ရပါတယ်။

ဆာလိုဗေး ပြောသည့်အထဲ ထူးထူးကဲကဲလူစိတ်ဝင်စားခံရသည်က ကာကွယ်ရေးဝန်ကြီး ဆာဂျေရွိုင်ဂုက ပူတင်အတွက် ဆိုင်ဘေးရီးယားတွင် ရှာမန်းတို့ရိုးရာဖြင့် မြေခွေးနက်ကို ယစ်ဇ်ပူဇော်မှု သမ္မတ၏ကျန်းမာရေးကောင်းလာစေရန် လုပ်ဆောင်ခဲ့သည်ဆိုသော ပြောစကားဖြစ်ပါတယ်။ ဆာဂျေဟာ လောလောဆယ်တွင် ယူကရိန်းရှိ ရုရှားစစ်တပ်စစ်ဆင်ရေးကို ထိန်းချုပ်နေရပါတယ်။ ” မြေခွေး‌ေ-ွးစိမ်ထားတဲ့အဝတ်ဖြူစကို မီးရှိုခဲ့တာ” ဟု ဆိုလိုဗီးနှင့်ဆက်နွယ်သော တယ်လီဂရမ်ချန်နယ် General SVR တွင်ပြောသည်။

ပူတင် မှာ ၃၆ နှစ် အရွယ် မာရီယာ ဗိုရွန်ဆိုဗာ လို့ ခေါ်တဲ့ မျိုးဗီဇပညာရှင် တစ်ယောက် နဲ့ အကသမား အဖြစ် ကနေ သင်္ချာ ပညာရှင် ဖြစ်လာတဲ့ အသက် ၃၅ နှစ်အရွယ် ကက်တာရီနာ တစ်ဟိုနိုဗာ ဆိုတဲ့ သမီးနှစ်ယောက် ရှိတယ်လို့ သိရပါတယ်။

ပူတင်မှာ တစ်ခြားအိမ်ထောင်ဖက် တွေနဲ့ ရတဲ့ အခြားသားသမီးတွေ လည်းရှိသေးတယ်လို့ ဆိုပေမယ့် သူ့မိသားစုဝင်တွေ ကို အများမသိအောင် လျှို့ဝှက်ထားတာ ကြာပြီဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page