နွေရာသီနဲ့ လိုက်ဖက်ပြီး အရမ်းစားလို့ကောင်းတဲ့ စတော်ဘယ်ရီသီးအစစ် ရေခဲမုန့် ပြုလုပ်နည်း

အိမ်တွင် ကိုယ်တိုင်ပြုလုပ်သော စတော်ဘယ်ရီ ရေခဲမုန့်၊ အရောင်ဆိုးဆေး ဓာတုဗေဒဆေးဝါးလုံးဝမပါ။ စတော်ဘယ်ရီသီးအစစ်နဲ့ဆိုတော့ ချိုချဉ်လေးနဲ့စားလို့ကောင်း

စတော်ဘယ်ရီ ရေခဲမုန့် ပြုလုပ်ရန် လိုအပ်တဲ့ပစ္စည်းလေးတွေကတော့ Whipping Cream (စီးတီးမတ်မှာ ဝယ်လို့ရပါတယ်)၊ စတော်ဘယ်ရီအသီး တဗူး၊ နို့ဆီက ကိုယ်စားမယ့် အချိုပေါ်မူတည်ပြီး ထည့်ပါတယ်။ နို့များများ ကြိုက်ရင် ပိုထည့်ပေါ့ ညီမကတော့ နို့ဆီ တဝက်လောက်ထည့်ပါတယ်။ သကြား ထမင်းစားဇွန်း ၇ ဇွန်းထည့်တယ်။ အချိုကြိုက်ရင်တော့ပိုထည့်လို့ရပါတယ်။

ပြုလုပ်နည်း – Whipping Cream 300 ml ထည့်ပါတယ်။ Whipping Cream ကအရည်ဆိုတော့ Cream ဖြစ်တဲ့အထိမွှေပေးရပါတယ် ညီမက hand mixer နဲ့မွှေပါတယ် cream ဖြစ်သွားလျှင်ရပ်လိုက်ပါ မဟုတ်ရင်ခဲသွားတတ်ပါတယ်

စတော်ဘယ်ရီသီးနဲ့ သကြားကို blender မှာမွှေပါတယ်။ ပန်းကန်တလုံးမှာ နို့ဆီထည့်ထားပါတယ်။ Blender နဲ့မွှေလို့ရတဲ့ စတော်ဘယ်ရီကို နို့ဆီထည့်ထားတဲ့ ပန်းကန်ထဲ ထည့်ပြီးရောမွှေပါတယ်။

နောက်ဆုံးမှာ Whipping Cream ထဲ ရောပြီး မွှေပါတယ် (mixer) နဲ့မမွှေမိဖို့ သတိပြုရပါမယ်။ ခဲသွားတတ်လို့ပါ။ အကုန်လုံးသမအောင်မွှေပြီးရင် ကိုယ်ထည့်ချင်တဲ့ ဘူးထဲထည့်ပြီး ၅ နာရီမှ ၈ နာရီခန့် ခဲထားလျှင် သန့်ရှင်းလတ်ဆတ်သော စတော်ဘယ်ရီ ရေခဲမုန့်ရပါပြီ။

Moh Khine

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page