လှည်းတန်းစင်တာရှေ့မှာ ဖုန်းပြောနေတုန်း ဝင်လုခံရတာတဲ့ (လူတွေ ဒီလောက်တောင် ဖြစ်နေကြပြီလား)
ဒီနေ့ (၁၉-၂-၂၀၂၀) နေ့လည် ၁၂ နာရီ လောက် ကပါ။ ခေတ်ပျက်နေတဲ့အချိန် ဒင်းတို့လုပ်စားနေတာ လှည်းတန်းစင်တာရှေ့ မှာ ဖုန်းပြောနေတုန်း ကျွန်တော့် ဖုန်းကို လုပြီး ပြေးတာပါ
ဘေးနားလူတွေ အော်ပြောပေမဲ့ ဖမ်းပေးဖို့ကိုအစီအစဉ် မရှိတာနဲ့ ပြေးလိုက်ပြီး မီတော့မယ့် ဆဲဆဲမှာ အဲ့ကောင်မက ဖုန်းကို ကားလမ်းပေါ်ပစ်ချ ထားခဲ့ပြီး ပြေးတာပါ…
သူ့အတွေးထဲမှာတော့ ကျွန်တော်က ဖုန်းအရင်ကောက်နေတဲ့ အချိန် သူပြေးမယ်ပေါ့… ကျွန်တော် က သူ့ကို အရင် ဖမ်းပြီး ဆံပင်ကနေ စောင့်ဆွဲပြီး ဖုန်းကို ပြန်ကောက်တာပါ။
သူက မိကောင်းဖခင်သားသမီးပါတဲ့။ တစ်ခါမှ ဒီလိုမလုပ်ဖူးပါဘူးတဲ့ အိတ်ထဲမှာ ဖုန်းသုံးလုံး ထပ်ထွက်လာတယ်။ ဒါတောင် ပြောသေးတာ အကိုရယ် ကြိုက်သလောက်-ိုက်ပါ။ အကို့ဖုန်းလဲ ပြန် ရပြီပဲ ဘာမှလည်း မဖြစ်ဘူး မကွဲမှန်လေး ပဲ ကွဲသွားတာ ပါ တဲ့
ဪ… ဒေါသ ကငယ်ထိပ်ရောက်သွားပေမယ့် ဘာမှ မလုပ်ဘူး ထားထားသေးတာ၊ ရဲကို ဖုန်းဆက်တဲ့ အချိန် မှ ပြေးလို့ ဒေါသက ထိန်းမရတော့လို့ ပါး ချည်း ၁၆ ချက်လောက်ဆင့် -ိုက်လိုက်တယ်..
အခုတစ်လော လှည်းတန်း မှာ အတော်ဆိုးနေတာတဲ့ သတိထားကြပါ မြို့ထဲမှာ လည်း နေ့ခင်းနေ့လည်တောင် မလုံခြုံပါဘူး…
ဗီဒီယိုထဲက အမျိုးသမီးလေးကိုတော့ နောက်လူတွေ ကိုယ့်လိုမဖြစ်အောင် ရဲစခန်းပို့ထားပေးခဲ့လိုက်တယ်။ ငါ့လျော့တွက်တာကိုး…
Nay Min Kha