မနက်ဖြန် (ဖေဖော်ဝါရီ ၁၂) အင်တာနက်ဖြတ်တောက်မယ့် မြို့နယ်များ စာရင်း
အင်တာနက်ဖြတ်ထားမယ်ဆိုတဲ့ကိစ္စ တရားဝင် သတင်းပို့တာက အော်ရီဒူး ကနေ ကုမ္ပဏီ တွေဆီကို ပေးပိုတဲ့သတင်းအချက်အလက်ဟာမှန်ကန်ပါတယ်။
မနက်ဖြန် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ မနက် (၄) နာရီမှ ည ၁၁ နာရီအထိ အင်တာနက်ဖြတ်ထားမယ့် မြိုနယ်တွေကို အောက်မှ ဖော်ပြလိုက်ပါတယ်-
ဗိုလ်တထောင်၊ ဒဂုံဆိပ်မြိုသစ်ဆိပ်ကမ်း(East/North/South)၊ မြောက်ဥက္ကလာ၊ တောင်ဥက္ကလာ၊ ရန်ကင်း၊ ပုဇွန်တောင်၊ တာမွေ၊ မဂ်လာတောင်ညွှန့်၊ သာကေတ၊ ဒေါပုံ၊ သယ်န်းကျွန်း၊ လမ်းမတော်၊ ပန်းဘဲတန်း၊ လသာ၊ကျောက်တံတား၊ ဒဂုံ၊ ဗဟန်း၊ စမ်းချောင်း၊ အလုံ၊ ကြည့်မြင်တိုင်၊ လှိုင်၊ ကမာရွတ်၊ မရမ်းကုန်းမြို့နယ်တွေကိုဖြတ်တောက်ထားမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။
အားလုံးပေါင်း ၂၆ မြို့နယ်ကို အင်တာနက် ဖြတ်တောက်ထားမှာလို့ သိရပါတယ်။ လတ်တလော သိရှိရတဲ့ ရန်ကုန်မြို့မှာ အင်တာနက် ဖြတ်တောက်မယ့် မြို့နယ်တွေ ဖြစ်ပါတယ်။