အရမ်းအေးနေတဲ့ အချိန် ကားမှတ်တိုင်မှာ တညလုံး ထိုင်နေရတဲ့ ခိုကိုးရာမဲ့ အဘွား
ကျမတို့ အလုံ ဆင်မင်းစျေး မှတ်တိုင်မှာ အဘွား ရောက်နေတာ နှစ်ရက်ရှိပါပြီ။ ညဆို ရာသီဥတုက အရမ်းအေးနေတော့ မြင်ရတာ စိတ်မကောင်းဖြစ်ရပါတယ်။
ကိုယ်အိမ်ကိုယ့်အပိုင်မဟုတ်တော့ ခေါ်ထားလို့လည်း မရလို့ပါရှင်။ ညနေက စားစရာလေးနဲ့ စောင်လေး သွားပေးထားပါတယ်။
အဘွားရဲ့သားနှစ်ယောက်က ဆုံးသွားတယ်လို့တော့ ပြောပါတယ် စကားက သိပ်မပီတော့ အဘွားပြောတာ သိပ်နားမလည်ဖြစ်နေပါတယ်။
ဘိုးဘွားရိပ်သာ ဖြစ်ဖြစ် ပို့ပေးချင်ပါတယ်ရှင်။ အလုံမှာ ဘယ်ဘိုးဘွားရိပ်သာ ကိုပို့ပေးလို့ရပါသလဲရှင်။ ကူညီပေးစေချင်ပါတယ်ရှင့် (Môé Hśû Hlåińg)
ပရဟိတသမားများ၊ လူမှုကူညီကယ်ဆယ်ရေး အသင်းများ သွားရောက်ကူညီပေးနိုင်ပါရန် ဒီနေရာကနေ တင်ပြလိုက်ရပါတယ် ခင်ဗျာ။