အသက် (၅) နှစ် ကလေးရဲ့ လည်ချောင်းထဲမှာ နှစ်နဲ့ချီ အသက်ရှင်နေတဲ့ မျှော့ (အထူးဂရုပြုကြပါ)
တရုတ်ပြည်၊ ယူနန်မှာ မနှစ်လောက်ကတည်းက နေမကောင်းစဖြစ်နေတဲ့ အသက် ၅ နှစ်အရွယ် ကောင်လေးဟာ လည်ချောင်းတွေနာပြီး အသက်ရှူခက်တဲ့ဝေဒနာ ခံစားနေ၍ ဆေးခန်းသွားပြခဲ့ပါတယ်။
ဒါပေမယ့် မသက်သာဘဲ မိဘက ဆေးရုံသို့ ခေါ်သွားပြလိုက်တဲ့အခါ ဆရာဝန်များက မှန်ပြောင်းနဲ့သေချာစစ်ဆေးကြည့်ပြီး အဆုတ်သို့သွားတဲ့ ပါးစပ်နှင့်နှာခေါင်းအဆက်လေပြွန်မှာ မျှော့တစ်ကောင်တွေ့ခဲ့ရပါတယ်။
ထို့နောက် ၎င်းကို ခွဲစိတ်ဖယ်ရှားပေးလိုက်ပြီး ပုံထဲမြင်ရတဲ့အတိုင်း ခွဲစိတ်ဆရာဝန်မှ ကလေးရဲ့လည်ချောင်းထဲကနေ မျှော့အရှင်လတ်လတ်တစ်ကောင်ကို ဆွဲထုတ်နေတာ အသည်းယားစရာမြင်ကွင်းပါ။
မျှော့ပါဝင်နေသော ရေသောက်သုံးမိ၍ ခန္ဓာကိုယ်ထဲဝင်ရောက်သွားပြီး လပေါင်းများစွာကျန်ရှိနေတယ်လို့ ဆရာဝန်ကဆိုထားပါတယ်။
ထို့ကြောင့် ကျေးလက်ဒေသနေထိုင်သူများ အထူးသဖြင့် ကလေးငယ်များအား မသန့်ရှင်းသော ချောင်းရေမြောင်းရေများသောက်သုံးရန် အထူးသတိထားသင့်ကြောင်း သတိပေးထားပါတယ်။