လှည်းတန်းမှာ အတင့်ရဲလာတဲ့ ခါးပိုက်နှိုက်ဂိုဏ်းတွေရဲ့ ဖုန်းလုပုံ လုနည်းများ (အားလုံး ဂရုစိုက်ကြပါ)
လှည်းတန်းမှာ ခါးပိုက်နှိုက် အရမ်းများပါတယ် သတိထားကြပါ သူတို့က လူများတဲ့ နေရာတွေကိုပစ်မှတ်ထားပါတယ် လွယ်အိတ်/ မိန်းကလေး ပိုက်ဆံအိတ်တွေကို ဘေး/နောက်ကျောကို မလွယ်ထားပါနဲ့ ကိုယ့်အရှေ့မှာထားပါ
ဒီနေ့သွားတာ အသွားအပြန် နှစ်ဖွဲတွေ့ခဲ့ပါတယ်။ တစ်ဖွဲ့က it လဖ္ဘက်ရည်ဆိုင်ရှေ့နားမှာပါ အသက် ၄၀ အရွယ် မိန်းမ ၂ ယောက်ရယ် ၃၀ ဝန်းကျင် ကျားနစ်ယောက်ပါ၊ သူတို့ လုပ်ပုံလေးကို တွေ့ခဲ့ရသလောက် ပြောပြချင်ပါတယ်
သူတို့က လွယ်အိတ်ကို ကျောမှာလွယ်ပီး လမ်းလျောက်သူတွေကို ပစ်မှတ်ထားပါတယ် (ကျောပိုးအိတ်လွယ်ပီး သူငယ်ချင်းနဲ့ ယှဉ်စကားပြောရင်း တူတူလမ်းလျှောက်နေတာ၊ တစ်ယောက်တည်း သွားနေချိန်တွေမှာပါ)
ခါးပိုက်နှိုက် ကျားနစ်ယောက်က ပစ်မှတ်နောက်ကို စပီးလိုက်ပါတယ် သူတို့နောက် ၁/၂ ယောက်ခြားလောက်မှာ မိန်းမတစ်ယောက်က ပတ်ဝန်းကျင်ခြေနေလိုက်ကြည့်ပေးပါတယ် သတိထားခံရရင် အချက်ပြပီး လှည့်ထွက်သွားပါတယ်၊ ဝေးဝေးတော့ မသွားပါဘူး အဲဒီနားက ရှောင်သွားရုံလောက်ပါပဲ။
နောက်တစ်ခုက ဇေယျာသီရိ လမ်းထိပ်နားမှာပါ။ ကျားနစ်ယောက်က မိန်းကလေး ကျောပိုးအိတ်ကို လမ်းသွားနေရင်းကို နောက်က လိုက်ဖွင့်နေတာပါ သိသိသာသာပါပဲ ဒီကောင်တွေ အရွယ်ကတော့ ၂၅ ဝန်းကျင်လောက်တွေပါ။
နောက်ကနေ နစ်ယောက်ကွယ်ပီး လိုက်ဖွင့်တာဆိုတော့ တစ်ခြားသူတွေ မမြင်တာလဲဖြစ်နိုင်ပါတယ် ဒီနေ့တွေ့ခဲ့တဲ့ ကျား ၄ ယောက်ကတော့ လျှာထိုးဦးထုတ် ဆောင်းထားကြပါတယ် mask ကလဲတပ်ထားတော့ မျက်နှာသေချာ မမြင်ရအောင်ပါ၊
ဒါက လှည်းတန်းတစ်နေရာတည်းပဲ ရှိပါသေးတယ် တခြားနေရာတွေမှာလဲ မနဲလှပါဘူး ခေတ်အခြေအနေအရ မိမိပါသာ ကြည့်ရှောင်ပီး သတိထားကြပါ ကိုယ့်ရှေ့တွေ့ခဲ့ရင်လဲ တတ်နိုင်သလောက် အသိပေး ကူညီကြပါ၊ ဒီနေ့ ကိုယ့်ရှေ့မှာဖြစ်နေတာတော့ တတ်နိုင်သလောက် အသိပေး ကူညီပေးခဲ့ပါတယ်။
Myo Zaw Aung