လောကမှာ လူလိမ္မာထက် လူမိုက်က ပိုများရတဲ့အကြောင်းရင်း (ပါချုပ်ဆရာတော်ဘုရားကြီး ဟောကြားချက်)
ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးအား CAE မှ တက္ကသိုလ် ဝင်တန်းကျောင်းသူလေးတစ်ယောက်မှ မေးတဲ့ မေးခွန်းလေးကို သိပ်သဘောကျလို့ ပြန်ပြီး မျှဝေ ပေးပါရစေ
အမေး.. လောကမှာ လူလိမ္မာနဲ့ လူမိုက်ဆိုရင်.. ဘာကြောင့် လူမိုက်က ပိုပြီး များပြားနေရတာပါလဲ.. ဘာကြောင့် လူမိုက်ကို ရှောင်ရှားသင့်ပါသလဲ အရှင်ဘုရား..
အဖြေ.. လောကမှာ လူမိုက်တွေက လူလိမ္မာတွေ ထက် ဘာကြောင့်ပိုပြီး များပြားနေရသလဲ ဘာကြောင့် လူမိုက်ကို ရှောင်ရှားသင့်ပါသလဲဆိုတာကို ဥပမာ တစ်ခုနဲ့ ဘုန်းဘုန်းပြောပြမယ်..
ဥပမာ သရက်သီး ၁၀လုံးမှာ ၁လုံးက..ပိုးကိုက်နေတယ် အဲဒီ ပိုးကိုက်နေတဲ့ သရက်သီးကို.. အလယ်မှာ ထားပြီး ပိုးမကိုက်တဲ့ သရက်သီး. ၉လုံးကို ဘေးကနေ ဝန်းရံထားမယ်ဆိုရင်.. အဲဒီပိုးကိုက်နေတဲ့ သရက်သီးကို ပိုးမကိုက်တော့အောင် ပကတိ ပြန်လည်ကောင်းမွန်လာအောင် ကျန်တဲ့ ၉လုံးက မကုစားပေးနိုင်ဘူး.. ကျန်တဲ့ ၉လုံးကပဲ ပိုးကိုက်ခံရပြီး ပျက်စီးသွားတတ်တယ်
အဲဒီလိုပဲ..လူကောင်း ၉ယောက်က.. လူမိုက် ၁ယောက်ကို ကောင်းအောင်ပြုပြင်ပေးဖို့ဆိုတာ.. မတတ်နိုင်ဘူး ခက်ခဲလွန်းတယ်.. မကောင်းတဲ့ လူမိုက်ကြောင့်ပဲ..လူကောင်း ၉ယောက်ဟာ..ပျက်စီးခြင်းသို့ရောက်နိုင်တယ်.
အဖွဲ့အစည်း တစ်ခုမှာ နေရာတစ်ခုမှာ လူမိုက်တစ်ယောက်ပါရင် အဲဒီအဖွဲ့အစည်း အသိုင်းအဝိုင်း ဟာ.. ပျက်စီး သွားကြတာများတယ်.. ပုထုဇဉ်ဆိုတဲ့ သဘောအရ..ကောင်းတာနဲ့ မကောင်းတာဆို.မကောင်းတဲ့ဘက်မှာ သာယာကြတာများတယ် ထို့ကြောင့် လူမိုက်တွေဟာ လူကောင်းတွေထက် ပိုပြီး.. များပြားလာရတယ်
ဗုဒ္ဓဘာသာဝင်အများစု သိကြတဲ့ မဂ်လာတရား ၃၈ ပါး.တရားတော်ထဲမှာ. အရေးကြီးဆုံး အချက် ဖြစ်လို့ မြတ်စွာဘုရားက လူမိုက်ဆိုရင် ရှောင်သွေလွဲလို့ မမှီဝဲနဲ့ ကင်းအောင်နေဆိုပြီး ပထမဆုံး အချက်မှာ ထည့်သွင်းမိန့်ကြားခဲ့တာ ဖြစ်တယ်
လူမိုက်တစ်ယောက်ကြောင့် ပျက်စီးသွားတဲ့.. လူလိမ္မာ များစွာရှိတယ်.. ဒါကြောင့် လူမိုက်ကို ရှောင်ရှားသင့်တယ်လို့.. မြတ်စွာ.ဘုရားက ဟောကြားတော်မူခဲ့ပါတယ်..
ဟမ်စိုင်း-ဆေး/မန်း