မြန်မာ့ အထည်ချုပ်လောကရဲ့ ဇာတ်သိမ်းခန်း (လုပ်သားတွေ ဘဝ အာမခံချက် ဘယ်သူပေးမှာလဲ)

မကြာသေးခင်ကပဲ ကမ္ဘာကျော် အဝတ်အထည် ထုတ်လုပ်နေတဲ့ ကုမ္ပဏီ ၂၀ ကျော် ဟာ မြန်မာနိုင်ငံမှာ အထည်ချုပ်လုပ်ငန်း အပ်နှံနေတာတွေကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ISP-Myanmarက ထုတ်ပြန်ပါတယ်။

အဲဒီကုမ္ပဏီ၂၀ကျော်ထဲမှာ ဆွီဒင်နိုင်ငံက H&M၊ စပိန်နိုင်ငံက Inditexနဲ့ ဗြိတိန်နိုင်ငံက Primark တို့ပါဝင်တယ် လို့သိရပါတယ်။

အဲဒီဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံထားတဲ့ အထည်ချုပ်စက်ရုံတွေအတွက် အကြီးမားဆုံးထိုးနှက်ချက်ဖြစ်ပြီး မြို့ပြလုပ်သားတွေအတွက် အလုပ်လက်မဲ့ဦးရေကို သိသာစွာမြင့်တက် လာစေတယ်လို့ စက်ရုံတည်ဆောက်ရေးလုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။

မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံထားကြတဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတချို့ အာဏာသိမ်းပြီး နောက်ပိုင်း ပြန်လည်ထွက်ခွာသွားကြတာဟာ လုပ်ငန်းပေါင်း ၂၁ ခုအထိ ရှိလာပြီ ဖြစ်ပြီး ထွက်ခွာသွားတဲ့ လုပ်ငန်းတွေအနက် ရင်းနှီးမြှုပ်နှံမှု ပမာဏ အများဆုံးကတော့ အခြေခံ အဆောက်အဦကဏ္ဍ ဖြစ်တယ်လို့ သိရပါတယ်။

အွန်လိုင်းစနစ်နဲ့ ဆောင်ရွက်ရတဲ့ ကုမ္ပဏီ မှတ်ပုံတင် အရေအတွက်လည်း ဆက်လက် ကျဆင်းနေပြီး သြဂုတ်မှာ မှတ်ပုံတင်တဲ့ ကုမ္ပဏီ အရေအတွက် ၃၆၀ သာ ရှိတာကြောင့် ဇူလိုင်နဲ့ နှိုင်းယှဉ်ရင် ၇၃ ခု လျော့ကျသွားတယ်လို့သိရပါတယ်။

အာဏာမသိမ်းခင် ဇန်နဝါရီနဲ့ နှိုင်းယှဉ်ရင် သြဂုတ်မှာ ကုမ္ပဏီ မှတ်ပုံတင် အရေအတွက် လေးဆနီးပါး ကျဆင်းသွားခဲ့တယ်လို့သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page