ဘိုထိုင်အိမ်သာကို ရေအများကြီး မကုန်စေတဲ့ ချွေတာရေးနည်းလမ်း (အခုအချိန်နဲ့တော့ ကွက်တိပါပဲ)
ဘိုထိုင်အိမ်သာရေ ချွေတာနည်း
ဘိုထိုင်အိမ်သာဆိုတာ ရေ အင်မတန် ကုန်ပါတယ်။ ရေ တစ်ခါ ဆွဲချရင် အနည်းဆုံး ရေ ခြောက်လီတာ ကုန်တယ်။ တကယ်တော့ ရေ ခြောက်လီတာ ကုန်ဖို့ မလိုဘူး။ လေးလီတာ ဆိုရင် လုံလောက်တယ်။ ရေ တစ်ခါ ဆွဲချရင် ရေ ခြောက်လီတာ သုံးမယ့် အစား လေးလီတာပဲ ကုန်အောင် လုပ်လို့ ရတယ်။
၁။ တစ်လီတာ၀င် ရေသန့်ဗူးဟောင်း နှစ်ဗူးထဲကို ရေ အပြည့် ဖြည့်ပြီး အဖုံး ပြန်ပိတ်ထား။ ၂။ ဘိုအိုင်အိမ်သာ ရေကန် အဖုံးကို ဖွင့်ပြီး ရေ အပြည့်ဖြည့်ထားတဲ့ တစ်လီတာ၀င် ရေသန့်ဗူးဟောင်း နှစ်ဗူးကို ထည့်။
၃။ ပြီးရင် ဘိုအိုင်အိမ်သာ ရေကန် အဖုံးကို သေသေချာချာ ပြန်ပိတ်။ ၄။ ရေ တစ်ခါဆွဲချတိုင်း ရေ နှစ်လီတာ သက်သာပါမယ်။ ၅။ ရေ သယံဇာတကို ထိန်းသိမ်းပြီးသား ဖြစ်သလို ရေကိုလည်း ချွေတာပြီး သုံးနိုင်မှာဖြစ်ပါတယ်။
မကုန်သင့်တဲ့နေရာမှာ အကုန်မခံခြင်းဖြင့် မိသားစုစီးပွားရေး အဆင်ပြေနိုင်ကြပါစေ
အောင်ကျော်ကျော်