ကမ္ဘာကျော် သူဌေးကြီး ဘီလ်ဂိတ်ထက် ပိုချမ်းသာတဲ့ သတင်းစာရောင်းသမား
ဘီလ်ဂိတ်ကို အင်တာဗျူး တခုမှာ လူတစ်ယောက်က သူ့ကိုထပြီးမေးပါတယ်။ “ခင်ဗျားထက် ချမ်းသာတဲ့သူ ဒီကမ္ဘာပေါ်မှာ ရှိသေးလား” ဘီလ်ဂိတ်က ပြန်ဖြေပါတယ်..
“ဟုတ်ကဲ့ကျနော့်ထက် ချမ်းသာတဲ့သူ ရှိခဲ့ဖူးပါတယ်” “အဲ့ဒီအချိန်တုန်းက ကျနော်က အရမ်း နာမည်ကြီးပြီးချမ်းသာနေတဲ့သူ မဖြစ်သေးပါဘူး..တနေ့ ကျွန်တော်က နယူးယော့လေဆိပ်ကိုရောက်တော့ သတင်းစာရောင်းနေတဲ့ သူတယောက်ကို တွေ့ပါတယ်။ ကျွန်တော်က သူ့ဆီက သတင်းစာတစောင် ဝယ်ပါတယ်။
ဒါပေမယ့် ကျွန်တော့် ပိုက်ဆံအိတ်ထဲမှာအကြွေ ရှိမနေဘူး..အဲ့ဒါနဲ့ ကျွန်တော်က သတင်းစာကို မဝယ်ဖြစ်တော့ပဲ သူ့ကို ပြန်ပေးလိုက်ပါတယ်.. ကျွန်တော် သူ့ကိုပြောလိုက်တယ်.. ကျွန်တော့်မှာ သတင်းစာဝယ်ဖို့ အကြွေ မရှိဘူးဆိုတဲ့အကြောင်း‘’
အဲ့ဒီအခါမှာ သတင်းစာရောင်းသူက “မင်းကို ဒီသတင်းစာတစောင် အလကားပေးပါတယ်” ဆိုပြီး ပြန်ပြောပါတယ်.. အဲ့ဒါနဲ့ ကျွန်တော် သူ့ဆီက သတင်းစာတစောင်ကို အလကားယူခဲ့ပါတယ်။
ဒီလိုနဲ့ နောက်ထပ် ၂ လ ၃ လကြာတော့ … အဲ့ဒီ နယူးယော့ လေဆိပ်ကို ထပ်ရောက်ဖို့ အကြောင်းကြုံလာပြန်တယ်… အဲ့ဒီ သတင်းစာရောင်းတဲ့သူကို ကျွန်တော် ထပ်ဆုံပြန်ပါတယ်… တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော် ပိုက်ဆံအိတ်ထဲမှာ သတင်းစာဝယ်ဖို့ အကြွေက လုံလောက် ရှိမနေပြန်ပါဘူး…
သတင်းစာရောင်းတဲ့သူက ကျွန်တော့်ကို သတင်းစာတစောင် အလကား ထပ်ပေးပါတယ်။ ကျွန်တော်က ဒီနေ့လည်း အကြွေမရှိလို့ ထပ်ပြီး အလကား ယူရမယ်ဆိုတာကို ငြင်းဆန်လိုက်ပါတယ်..
အဲ့ဒီအခါမှာ သတင်းစာရောင်းတဲ့သူက “မင်းယူသွားနိုင်ပါတယ်။ ငါမင်းကို ပေးတယ်ဆိုတာက ငါ့ရဲ့အကျိုးမြတ်ထဲက ပေးတာပါ။ ငါ အများကြီး ဆုံးရှုံးမသွားပါဘူး ‘’ ဆိုပြီး ပြန်ပြောပါတယ်
သူပေးတဲ့ သတင်းစာတစောင်ကို ကျွန်တော် ထပ်ပြီး အလကားယူလာခဲ့ပါတယ်။ ဒီလိုနဲ့ ၁၉ နှစ်လောက်ကြာတော့ ကျွန်တော်ဟာ ချမ်းသာလာပြီး လူသိထင်ရှားလာပါတယ်… တနေ့ ကျွန်တော်ဟာ မထင်မှတ်ပဲ သတင်းစာရောင်းတဲ့သူကို သွားပြီး သတိရမိပါတယ်။ ကျွန်တော် သူ့ကို ၁ လခွဲလောက် ရှာဖွေမိပါတယ်။ နောက်ဆုံးတော့ ကျွန်တော် သူ့ကို ရှာဖွေတွေ့ရှိသွားပါတယ်။ ကျွန်တော်သူ့ကို မေးလိုက်ပါတယ်…
ဘီလ်ဂိတ် – “ခင်ဗျားကျွန်တော့်ကိုသိရဲ့လား”၊ သတင်းစာရောင်းတဲ့သူ – “သိတာပေါ့ ခင်ဗျားက ဘီလ်ဂိတ်ပဲလေ”
ဘီလ်ဂိတ် – “ခင်ဗျား မှတ်မိသေးလား၊ ကျွန်တော့်ကို သတင်းစာ အလကားပေးခဲ့တုန်းက”၊ သတင်းစာရောင်းတဲ့သူ – “မှတ်မိတာပေါ့…၂ ကြိမ်တောင် ပေးခဲ့တာပဲ”
ဘီလ်ဂိတ် – “အဲ့ဒီအချိန်တုန်းက ခင်ဗျား ကျွန်တော့်ကို ကူညီ ခဲ့တယ်.. အဲ့ဒီအတွက် ကျွန်တော်အခု ခင်ဗျားကို ပြန်ပြီး ကူညီပေးချင်ပါတယ်… ခင်ဗျားရဲ့ဘဝမှာဘာလိုချင်လဲ… ဘာလိုအပ်နေလဲ …ဘယ်အရာမဆို ခင်ဗျားပြောလိုက်ပါ… ခင်ဗျားရဲ့ လိုအင်ဆန္ဒကို ကျွန်တော် ဖြည့်ဆည်းပေးပါမယ်..”
အဲ့ဒီအခါမှာ သူကပြန်ပြောပါတယ် “ဆရာဘီလ်ဂိတ်ရေ.. အဲ့ဒီအချိန်တုန်းက ကျွန်တော်က ခင်ဗျားကို ကူညီခဲ့တာနဲ့ အခုခင်ဗျားက ပြန်ပြီးကူညီတာက တူညီတယ်လို့ ထင်နေတာလား” တဲ့…
ဘီလ်ဂိတ် – “တူတယ်လေ… ဘာလို့လဲ”၊ သတင်းစာရောင်းတဲ့သူ – “ကျွန်တော် ခင်ဗျားကို ကူညီခဲ့တဲ့ အချိန်တုန်းက ကျွန်တော်က ဆင်းရဲတဲ့ သတင်းစာရောင်းတဲ့သူ… အခုကျွန်တော့်ကို ပြန်ကူညီပါမယ်လို့ ပြောတဲ့အချိန်မှာ ခင်ဗျားက အရမ်းချမ်းသာနေတဲ့သူ .. ခင်ဗျားအရမ်းချမ်းသာတဲ့ အချိန်ကြမှ ကူညီတာနဲ့ ကျွန်တော် ဆင်းရဲတဲ့ အချိန်မှာ ခင်ဗျားကို ကူညီခဲ့တာက ဘယ်လိုလုပ်ပြီး တူညီနိုင်မလဲ”
အဲ့ဒီနေ့မှာပဲ ကျွန်တော်ဟာ သဘောပေါက်သွားပါတယ်… သတင်းစာရောင်းတဲ့သူဟာ ကျွန်တော့်ထက်ချမ်းသာတဲ့လူပဲ ဆိုတာပေါ့… ဘာလို့လဲဆိုတော့ သူဟာလူတွေကို ကူညီဖို့အတွက်သူချမ်းသာတဲ့အထိ စောင့်မနေခဲ့ဘူး…
ဘီလ်ဂိတ်ကို အင်တာဗျူး ထားတဲ့ ဗီဒီယိုလေးတခုကိုကြည့်မိပြီး သဘောကျလို့ ဆီလျော်အောင် ဘာသာပြန်ထားတာပါ။
အလင်းအိမ်နှင်