ဦးဇော်ဇော် (ခ) ကိုတင်ဆန်း မြန်မာပြည်ရဲ့ အချမ်းသာဆုံး ခရိုနီ ဖြစ်လာတဲ့ နောက်ကွယ်က အကြောင်းရင်း

ဦးဇော်ဇော် ဆိုလိုက်တာနဲ ပြေးမြင်ကြမှာက ဧရာဝတီဘဏ် နဲ မြန်မာ့ ဘောလုံးလောကပါ။ သူဟာ မြန်မာခရိုနီတွေ ကြားထဲမှာ အသက်အငယ်ဆုံး ဖြစ်တလို အများချီးကျူးဝေဖန်နေကြတဲ့ သူ ဖြစ်တလို နိင်ငံတကာကပါလေးစားခံနေရတဲ့ သူတစ်ယောက်လို့ ပြောရင်လည်း မမှားပါဖူး။

ခရိုနီတွေထဲမှာလည်း အပေါင်းအသင်းအဆန့်ဆုံးလိုဆို့ရမှာပါ၊ သူဟာ အစီုးရအာဏာရှင်များနဲသာမက ထောင်ကျနိင်ငံရေး သမားတွေ လူမှုရေး စီးပွားရေးနယ်ပါယ်အသီးသီးက ထိပ်သီး အဆင့်ဖြစ်စေ အောက်ခြေဖြစ်စေ သိကျွမ်းဝင်သူ တစ်ဦး ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ မြန်မာပြည်ရဲ့ အချမ်းသာဆုံးနေရာကို ရောက်ရှိလာခဲ့ပေမယ့် ဦးဇော်ဇော်ရဲ့ ငယ်စဉ်ဘဝဟာလည်း ဖယောင်းလမ်းလို ပျော့ပြောင်းနေတာ မဟုက်ခဲ့ပါ။ အခက်အခဲတွေ ရုန်းကန်းမူတွေ ကျော်ဖြတ်လာပြီးမှ သူဌေးဆိုတဲ့ ဂုဏ်ဘွဲ့ကို ရရှိခဲ့တာ ဖြစ်တလို ယခင်အာဏာရှင်တွေနဲ ပေါင်းစားသူဆိုပြီးလည်း ဝိုင်းသမုက်ခံနေရပေမယ့် သူဟာ ၈၈အရေးတော်ပုံကာလက တက်ကြွသောကျောင်းသားတစ်ဦးဆိုတာ လူသိနည်းပါတယ်။

ဘဝဆိုတာ အမြဲ လက်ရှိအခြေအနေတိုင်း ဖြစ်မနေဖူးဆိုတာ ဦးဇော်ဇော်ဘဝက သက်သေပြနေပါတယ်။ သူငယ်စဉ်ဘဝ အတော်များများကို ရှာမရ ဖြစ်တာမို့ သိရတလောက်ကို ပြန်ဝေမျှ ပါရစေ။

ဦးဇော်ဇော် ဟာ ဧရာဝတီမြစ်ဝကျွန်း ပေါ် ရေ ကြည် နယ် သား ပါ ။ အဖေက အစိုးရ ဝန်ထမ်း ၊ အမေ က အိမ်ဆိုင်လေး ဖွင့်ထားပီးတစ်ဘက်တစ်လမ်း အိမ်ဝင်ငွေရှာခဲ့ရတဲ့ မွေးချင်း ၆ ယောက် အ နက် သူ က အ ငယ် ဆုံး သား တစ် ဦး ဖြစ် ပါ တယ်။

၁၉၈၈မှာ အရေးအခင်းဖြစ်တော့ သူ က ‘ရန်ကုန်တက္ကသိုလ် နောက်ဆုံးနှစ်မှာပါ။ စစ်တပ်အာဏာသိမ်းပြီး နောက် အရေးအခင်းမှာ ပါဝင်လှုပ်ရှားသူတွေကို စစ်အစိုးရလိုက်လံဖမ်းတော့ သူလည်း ၄ လ လောက် ပြည်တွင်းမှာ ပုန်းရှောင် နေရသေးတဲ့ အချိန်မှာ သူအသက်ဟာ (၂၀)ဝန်းကျင်သာ ရှိပါသေးတယ်။

အဲဒီနောက် ဆွေမျိုးဝမ်းကွဲ အကူအညီနဲ့ စင်ကာပူ ကို ( ဒေါ်လာ ၈၀ ပဲ အိတ်ထဲ ပါလာ ) ထွက်လာပြီး၊ သင်္ဘောသား လုပ်ခဲ့တာ ၆ နှစ်ကြာ ပြည်ပထွက် အလုပ်လုပ်ခြင်း စွန့်စားရမှုရဲ့ အစ ဦးပိုင်း အခြေအနေပါပဲ ။ ပြည်ပကို အကြောက် တရားရှိနေတဲ့ စစ်အစိုးရရဲ့ အထီးကျန်ကာလတွေ မှာ ဦးဇော်ဇော်တစ်ယောက် တစ်လမှ ဒေါ် လာ ၂၀၀ ရဖို့အရေး သင်္ဘောကုန်းပတ်ပေါ်မှာ တစ်နေ့နာရီ(၂၀)ကြာ သင်္ဘောသားလုပ်နေရင်းနဲ့ ၊ ဩစတေးလျ – ဟောင်ကောင် – တိုင်ဝမ် – အီရန် – ဂျပန် -အာဖရိက စသည် နေရာတွေကို သူလည်း အစုံ ရောက်ဖူးသွားပြီး ၊ အင်္ဂလိပ်စာကို လေ့လာခွင့်ရခဲ့သလို ၊ တစ်ဖက်မှာ သူများနိုင်ငံတွေ ဖွံးဖြိုးတိုးတက်တာ တွေမြင်ရတော့ သူ့ဘဝသူ ၊သူရဲ့ဆင်းရဲမှု ၊ အနှိမ်ခံရမှု တွေ အပေါ် ရှက်စိတ်တွေနဲ့သာ ရှင်သန်နေထိုင်လာခဲ့ပါတယ်။

တလကို ဒေါ်လာ (၂၀၀)နဲ ခြောက်နှစ်ကျော် အလုပ်လုပ်ခဲ့ပေမယ့် အဆင်မပြေတဲ့အတွက် သူဘဝကို အပြောင်းအလဲ ဖြစ်သွားစေမယ့် အဖြေ တခု သူလုပ်ခဲ့ပါတယ်။ ဒါကတော့ သူလုပ်နေတဲ့ သင်္ဘော ဂျပန်မှာ ဆိုက်ကပ်စဉ် နေကျန်ခဲ့တာပဲ၊ တချို့က သူထွက်ပြေးခဲ့တာလို့ ဆိုကြပါတယ်။

ဒီလိုနဲ့ ၁၉၉၁ (တချို့က ၁၉၉၂လို့ ဆို) မှာ လက်ကျန်ငွေ ၆၅၀ နဲ့ ဂျပန်ကို ရောက်ရ ပြန်ပါတယ်။ တိုကျိုမှာ ‘ ထမင်းချက် – ပန်းကန်ဆေး – စားပွဲထိုး ‘ အလုပ် ၃ မျိုးလုပ်ပြီး ၊ တစ်ဖက်မှာ ဂျပန်စာကို သင်ယူလေ့လာခွင့် ရပါတယ် ။ ဒီလိုနဲ့ yellow pages နဲ့ cold-calling က တစ်ဆင့် ကားဟောင်း ရောင်းဝယ်တဲ့ ဗျံကျ အလုပ်ကလေး စလုပ် ဖြစ်ပါတယ် ။ အဲဒီမှာ Max Trading Co လို့ အမည်စပေး ဖြစ်သွားတာပါ ။

ကားဟောင်းရောင်းသူဌေး နဲ့ မိတ်ဆွေ ဖြစ်လာပြီး ၊ အဲဒီက နစ်ဆန်းဆီဒင် ၂ စီး ကို ဝယ် ဖြစ် ၊ အခြားမိတ်ဆွေ ကို ပြန်ရောင်းဖြစ် ၊ ဒီကစပြီး Max Myanmar Group ဖြစ်တည်လာတာ မြန်မာ နဲ့ အခြား နိုင်ငံတွေဆီ ကားဟောင်းတွေ တင် ပို့ ရောင်းချဖြစ်ပါတယ် ။

ဦးဇော်ဇော်ဟာ သူရရှိခဲ့တဲ့ အဆက်အသွယ်များနဲ့ ၁၉၉၅ ခုနှစ်မှာ ရန်ကုန်ကို ပြန်ရောက်ခဲ့ပါတယ်။ အဲအချိန်မှာ ဦးဇော်ဇော်အသက်ဟာ (၂၉)နှစ် ရှိပါပြီ။ ဘဝမလှပခဲ့တဲ့ ၈၈ ကျောင်းသားစာရင်း ပေါက်နေတဲ့ ကိုတင်ဆန်းအမည်ကို ပြည်ဖုံးကားချပြီး ယနေ့နာမည်ကြီး နေတဲ့ ဇော်ဇော်အမည်နဲ့ စစ်အစိုးရကို ကန်ထရိုက်ဝင်လုပ်ပါတယ်။ မြန်မာနိုင်ငံသား တစ်ယောက်ကို ကား ၁ စီးသွင်းခွင့်ရှိတဲ့ အဲဒီခေတ်လုပ်ထုံးလုပ်နည်း အရ ဒေါ်လာ ၅၀၀ လောက် ပေါက်တဲ့ ကားပါမစ်တွေကို သူက ချုပ်ကိုင်ထားရပါတယ် ။

သူ့ရဲ့ ဇနီးလောင်း ဖြစ်မည့်သူဟာ သူမကိုယ်တိုင်လည်း ဂျပန်မှာ အလုပ်လုပ်နေချိန် ၊ သူထံကားလာဝယ်ရင်း နဲ့ ဖူးစာဆုံခဲ့တာ လို့ သိရပြီး ၁၉၉၅ ခုနှစ်မှာပဲ လက်ထက်ဖြစ်ကြတယ် လို့ သိရပါတယ်။ လက်ရှိအချိန်မှာတော့ သမီးတစ်ဦး သားတစ်ဦး ရှိတဲ့ မိသားစုဖြစ်နေပါပြီ။

ဦးဇော်ဇော်ဟာ ဂျပန်က သူဌေးတစ်ယောက် မွေးစားတာ ခံရပြီး အရင်းအနှီးရရှိကာ မြန်မာပြည်ပြန်လာ စီးပွားပြန်လုပ်ရင်း ချမ်းသာလာတာလို့လည်း ပြောကြပါတယ်။ ဘာပဲ ဖြစ်ဖြစ် အဲအချိန်တုန်းက ဂျပန်ဟာ ခောတ်မီအတိုးတက်ဆုံး နိင်ငံမို့ သူအတွက် အတွေ့အကြုံကောင်းတွေ အများကြီး ရရှိခဲ့မှာ အမှန်ပါ။

ရန်ကုန်သို့ ၁၉၉၅ တွင် ပြန်ရောက်လာခဲ့ကာ ၁၉၉၆ ကျောင်းသား အရေးအခင်းမှာ ပါဝင်ခြင်းမရှိတော့ဘဲ လုပ်ဖော်ကိုင် ဖက်နိုင်ငံရေးသမားများ အဝေဖန်ခံကာ စီးပွားရေးလောကသို့ ခြေစုံပစ်ဝင်ရောက်ခဲ့တယ် လို့ သိရပါတယ်။ မြန်မာပြည် အတူပြန်လာတော့လည်း ဒီကားဟောင်းသွင်းတဲ့ အလုပ်ကိုပဲ ဆက်လုပ်ပါ တယ် ။

နောက်ပိုင်းမှာ အကြီးစား ဆောက်လုပ်ရေး ယန္တရား ပစ္စည်းတွေ၊အစီုးရ ပရောဂျက်တွေ လုပ်ကိုင်ရင်းနဲ ယခင် အစီုးရအုပ်ချူပ်ရေးပိုင်းက လူတွေနဲ ပိုသိလာကာ၂၀၀၅ ခုနှစ်မှာ ဆောက်လုပ်ရေးကုမ္ပဏီ ထူထောင်ပြီး နေပြည်တော် အမြန်လမ်းတွေ ဟိုတယ်တွေ ဘော်လုံးကွင်းတွေ တည်ဆောက်ပေးတဲ့ အထိ နေရာ ရလာခဲ့ပါတယ်။ ယခင်စစ်အစီုးရနဲ ပူးပေါင်းဆောင်ရွှက်ခဲ့တယ် ဆိုပြီး ၂၀၀၈ ခုနှစ်မှာ အမေရိကန်က စီးပွားရေးပိက်ဆို့မှုတွေ ပြုလုပ်တာ ခံခဲ့ရပါတယ်။မြန်မာပြည်မှာ အချမ်းသာဆုံး ဖြစ်လာတဲ့ အချိန်မှာ သူအသက်ဟာ(၄၂) သာ ရှိပါသေးတယ်။

ဦးဇော်ဇော်ရဲ့ စီးပွားရေး အအောင်မြင်ဆုံးကာလတွေကတော့ ၂၀၁၁ခုနှစ် နောက်ပိုင်း ကာလတွေ ဖြစ်ပြီး လက်ရှိအခြေအနေအရ မြန်မာနိင်ငံရဲ့ အချမ်းသာဆုံးသူဌေးလို့ သက်မှတ်နေမှုတွေ ရှိပြီး အသက် အငယ်ဆုံး ခရိုနီလို့လည်း ပြောကြပါတယ်။

ဦးဇော်ဇော်ဟာ စီးပွားရေးလုပ်ငန်းမှာသာမက မြန်မာဘောလုံးလောကမှာလည်း ထင်ရှားသူ တစ်ဦး ဖြစ်ပြီး လက်ရှိအချိန် ထိ ဘော်လုံးအဖွဲ့ချူပ်ရဲ့ ဥက္ကဌ ဖြစ်သလို MNL ကိုလည်း ဦးဆောင်ဖန်တီးခဲ့သူ တစ်ဦး ဖြစ်ပါတယ်။ MFF ဥက္ကဋ္ဌ ဦးဇော်ဇော်သည် အာဆီယံ ဘောလုံး အဖွဲ့ချုပ် (AFF) ဒုတိယ ဥက္ကဋ္ဌလည်း ဖြစ်ပြီး AFF Football Development Committee ဥက္ကဋ္ဌ အဖြစ်လည်း တာဝန်ယူထားပါတယ်။

ဦးဇော်ဇော် ဘောလုံးအဖွဲ့ချူပ်ကို ရောက်ရှိလာတာကလည်း ယခင်စစ်အစိုးရ လက်ထက် လုပ်ငန်းရှင်တွေကို အားကစားအဖွဲ့တွေမှာ ပါဝင်ခိုင်းတာနဲ့ ခရီုနီများ အုပ်စုလိုက် အဖွဲ့အသီးသီးစီ ရောက်ရှိကြတာဖြစ်ပါတယ်။

ဒါပေမယ့် ဦးဇော်ဇော်ဟာ ကိုယ်ပိုင်ငွေကြေးအများအပြား စိုက်ထုက်ကာ ကြိုးပမ်းဆောင်ရွှက်မှုတွေကြောင့် ဘောလုံးပရိသတ် တွေကြားမှာလည်း နာမည်ကြီးသူတစ်ဦး ဖြစ်တလို အာရှဘောလုံးအဖွဲ့ချူပ်မှာလည်း အတွင်းရေးမှုး နေရာ ယူထားပါသေးတယ်။ ပြည်တွင်းမှာလည်း ဘောလုံးအကယ်ဒမီကျောင်းကို ထူထောင်ဖွင့်လှစ်ပေးနိင်ခဲ့ပြီး ကမ္ဘာ ဘောလုံအဖွဲ့ချူပ်ရဲ့ အသိအမှတ်ပြုမှုကို ရယူနိင်ခဲ့ပါတယ်။

အထက်ပါ ဖော်ပြချက်များသည် ဦးဇော်ဇော်ကို သာမန် အရပ်သား တယောက်ကနေ မြန်မာပြည်ရဲ့ အချမ်းသာဆုံး သူဌေးကြီး အဖြစ်သို့ ရောက်ရှိစေခဲ့တဲ့ ဖော်ပြ ချက်များ ဖြစ်ပါတယ်။

စစ်တပ်မှ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် အာဏာသိမ်းပြီးနောက်ပိုင်းတွင် ဦးဇော်ဇော်သည် ပျောက်ချင်းမလှ ပျောက်သွားခဲ့ပြီး ၂၆-၁၂-၂၀၂၁ ရက်နေ့တွင် မင်းအောင်လှိုင်ကို အရိုအသေပေးနေတဲ့ ပုံနဲ့အတူ လူတွေကြားမှာ ပြန်ပေါ်လာတာကို တွေ့ရပါတယ်။

တနိုင်ငံလုံးက ချဉ်နေကြတဲ့ မင်းအောင်လှိုင်နဲ့ တတန်းတည်း တွေ့ရတဲ့ ဦးဇော်ဇော်ကို ပြည်သူအများက ဝိုင်းဝန်း ဝေဖန်လျက် ရှိပါတယ်။ ဥစ္စာစည်းစိမ် မည်မျှပင် ချမ်းသာပါစေ ပြည်သူနဲ့ အတူမရှိတဲ့ ဘယ်သူပဲ ဖြစ်ဖြစ် နာမည်ဆိုးရပြီး တိတ်တဆိတ် ပျောက်ကွယ်သွားရမှာကတော့ အသေအချာပဲ ဆိုတာ ဦးဇော်ဇော် သတိမမူဘဲ ဖြစ်နေတာလား ဆိုတာကတော့….

Leave a Reply

Your email address will not be published.

x

You cannot copy content of this page