မဖြေတဲ့သူနဲ့ ဆုံးတဲ့သူပဲ မအောင်မယ့် စကစရဲ့ ၃ လပြတ် ဆယ်တန်းစာမေးပွဲ အချိန်စာရင်း ထွက်လာပါပြီ
စကစရဲ့ ၃ လပြတ်သင် တက္ကသိုလ်ဝင်တန်း စာမေးပွဲအား၂၀၂၂ မတ်လ ၃၁ ရက်နေ့မှစတင် စစ်ဆေးသွားမယ်လို့ သိရပါတယ်။
၂၀၂၂ ခုနှစ် စကစရဲ့ တက္ကသိုလ်ဝင်စာမေးပွဲအချိန်စာရင်းကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ယနေ့မှာ ကြေညာလိုက်တာ ဖြစ်ပါတယ်။
မတ်လ ၃၁ ရက် နေ့မှ စကာ ဧပြီလ၉ရက်နေ့ အထိ ပြုလုပ်ကျင်းပသွားမယ်လို့ ကြေညာချက်အရ သိရပါတယ်။
၃၁-၃-၂၀၂၂ ရက်နေ့မှာ မြန်မာစာ၊ ၁-၄-၂၀၂၂ ရက်နေ့မှာ အင်္ဂလိပ်စာ၊ ၂-၄-၂၀၂၂ ရက်နေ့မှာ သင်္ချာ၊ ၄-၄-၂၀၂၂ ရက်နေ့မှာ ဓာတုဗေဒ၊ ၅-၄-၂၀၂၂ ရက်နေ့မှာ ရူပဗေဒ၊ ၆-၄-၂၀၂၂ ရက်နေ့မှာ ဇီဝဗေဒနဲ့ ဘောဂဗေဒ၊ ၇-၄-၂၀၂၂ ရက်နေ့မှာ ပထဝီဝင်၊ ၈-၄-၂၀၂၂ ရက်နေ့မှာ သမိုင်း၊ ၉-၄-၂၀၂၂ ရက်နေ့မှာ စိတ်ကြိုက်မြန်မာစာတို့ ဖြေဆိုရမှာ ဖြစ်ပါတယ်။
စာမေးပွဲ အချိန်ကတော့ မနက် ၉ နာရီကနေ နေ့လည် ၁၂ နာရီအထိ လို့ ကြေညာထားပါတယ်။
လက်ရှိအချိန်ထိ စကစ လက်အောက်မှာ ဖွင့်လှစ်ထားတဲ့ အထက်တန်းကျောင်းတွေမှာ ကျောင်းတက်သူ ၂၀ ရာခိုင်နှုန်းခန့်သာ ရှိသေးပြီး တချို့ကျောင်းတွေမှာ သင်ကြားမှု စတင်နိုင်ခြင်းပင် မရှိသေးတာကို တွေ့ရပါတယ်။
ကျောင်းသားတွေ အတွက် စာတွေ များပြား ခက်ခဲလှတဲ့ တက္ကသိုလ်ဝင်တန်းတွေမှာ လအနည်းငယ်နဲ့ စာမေးပွဲ ဖြေခိုင်းတာကြောင့် ကလေးတွေ ပြင်ဆင်ချိန် မရဘဲနဲ့ စာမကြေမှာကို စိုးရိမ်ကြောင်း ကျောင်းသား မိဘတချို့က ပြောပါတယ်။