ကျူးကျော်ရပ်ကွက်က လူ (၁၀၀၀) နီးပါးကို နေ့လည်စာ အဝကျွေးလိုက်တဲ့ ကိုပူတူးနဲ့ ဘော်ဒါများ
ဟေး…ဒီနေ့ ကိုပူတူးအဖွဲ့ လာမှာ…ဗိုက် ခွေးနမ်းပြီ ဟေ့
(၈)ရက်သားသမီး အလှူ အဖြစ် ကိုစစ်မင်းနိုင်မှ လူအယောက်(၅၀၀)စာ၊ မစောနန္ဒာထွန်း အသက်(၄၃)နှစ်ပြည့် မွေးနေ့အလှူအဖြစ် လူအယောက်(၂၀၀)စာ၊ မခင်စောထွေး အသက်(၃၀)နှစ်ပြည့် မွေးနေ့အလှူအဖြစ်
လူအယောက်(၁၀၀)စာ တို့အား
စားဝတ်နေရေးခက်ခဲနေသော ကျူးကျော်ရပ်ကွက်မှ လူ အယောက် (၈၀၀)စာတို့ကို အားရပါးရ ဝဝလင်လင် ကျွေးမွေးခဲ့ပါတယ်
အပျော်ဆုံးကတော့… ဒီနေ့ ထမင်းမချက်ရတော့ဘူး…ကိုပူတူးတို့အဖွဲ့ လာမှာဆိုတော့…ဗိုက်ကို ခွေး နမ်းပြီဟေ့ဆိုတဲ့စကားကတော့ အရမ်း ဝမ်းသာ ကျေနပ်တယ်
ကျေးဇူးတင်ပါတယ်…လှူဒါန်းပေးကြသော အလှူရှင် တယောက်စီတိုင်းကို အထူး ကျေးဇူးတင်ရှိပါတယ်
ဪ…ဒီနေ့ တနေ့အတွက် လူ(၁၀၀၀)နီးပါး…တနေ့စာ အရသာရှိရှိဖြင့် စိတ်အေးလက်အေး စားရတာကို အရမ်းပီတိဖြစ်မိပါတယ်
ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက
ကိုပူတူးနှင့်ဘော်ဒါများ