မြန်မာတနိုင်ငံလုံး သုံးဖို့ ပိုက်ဆံတွေ ထုတ်တဲ့ ဝါဇီစက်ရုံ (စစ်တပ်က အလုံးစုံ ထိန်းချုပ်ထားပါတယ်)

မကွေးတိုင်း ချောက်မြို့ ဧရာဝတီမြစ်တစ်ဖက်ကမ်းရှိ ဆိပ်ဖြူရွာ၏ မြောက်ဘက် လမ်းရွာ၏အနောက် ဘက်ရှိ တန့်ကြည့်တောင်တန်း၏ တောင်ဘက်အစွန်းဆုံး ပေ ၁၀၀၀ခန့် မြင့်သောတောင်ကုန်းပေါ်တွင် တည်ရှိသည်။

စက်ရုံ တောင်ဘက်တွင်ယောချောင်း၊ အနောက်ဘက် နှင့်မြောက်ဘက်တွင် တောင်တန်းများ အရှေ့ဘက်တွင် လမ်းရွာ၊ ကျေးရွာ နှင့် ဧရာဝတီမြစ်တို့တည်ရှိပါသည်။ စက်ရုံမိုင်၂၀ ပတ်လည်တွင်မည်သည့် လူနေအိမ်ခြေ အဆောက်အအုံမျှမရှိပေ။

ဝါဇီစက်ရုံသို့သွားမည်ဆိုပါက ချောက်မြို့မှ လမ်းရွာကျေးရွာသို့ စက်လှေဖြင့်သွားရပါသည်။ ချောက်မြို့အထက် ၁၀မိုင် ခန့်တွင် ကားသယ်နိုင် သော စက်ရေယာဉ်များရှိသည်။ စက်ရုံအဝင်လမ်းသည်လမ်းရွာကျေးရွာနှင့်ဧရာဝတီမြစ်ကို ဖြတ်လျှက်တည်ရှိသည်။ စက်ရုံ အဝင်လမ်းနှင့်အထွက် လမ်းမှာတစ်လမ်းထဲဖြစ်သည်။

စက်ရုံရှိ အလုပ်သမား နှင့် ပညာရှင်များမှာ စစ်တပ်မှ ဖြစ်သည်။ အရပ်သားလုံးဝမရှိပေ။ စက်ရုံတွင်အလုပ်လုပ်သော စစ်သားများ နှင့်၎င်းတို့၏မိသားစုဝင်များမှအပ မည်သူမှဝင်ထွက်သွားလာခွင့်မရှိပေ။

စက်ရုံသို့ သွားရာလမ်းတွင် စစ်ဆေးရေး ဂိတ်၃ခု ရှိပါသည်။ လမ်းရွာကျေးရွာမှ စထွက်သည်နှင့်လက်နက်ကိုင်လုံခြုံရေး စောင့်ကြပ်နေသော ပထမစစ်ဆေးရေးဂိတ်ကြီးကိုရောက်သည်။ ၎င်းမှ တောင်တက်လမ်းအတိုင်းဆက်တက်၍ ၁၅မိုင်ခန့်အကွာတွင် ဒုတိယစစ်ဆေးရေးဂိတ်ကိုရောက်ရှိသည်။

ထိုမှတစ်ဆင့် နောက် ၁၅ မိုင်ခန့်ရောက်ပါက တတိယစစ်ဆေးရေးဂိတ်သို့ ရောက်ပါသည်။ ထို့နောက်ဝါဇီစက်ရုံသို့ရောက်ရှိပါသည်။ လမ်းရွာကျေးရွာမှ စက်ရုံထိ မိုင် ၃၀ ခန့်ဝေးပါသည်။ စစ်ဆေးရေးဂိတ်တိုင်း၌ လုံခြုံရေးတင်းကြပ်ပြီး လက်နက်ကိုင်တပ်သားများ ထားရှိပါသည်။

စက်ရုံတွင်းရောက်သည်နှင့် အရွယ်တူပုံစံတူ လူနေတိုက်ခန်းများကို တွေ့ရပါသည်။ စက်ရုံဝန်ထမ်းနှင့် မိသားစုများ နေထိုင်ကြပါသည်။ ထိုမှအနည်းငယ် ဆက်တက်ပါက ပင်မစက်ရုံသို့ရောက်ရှိပါသည်။ ပင်မစက်ရုံထဲသို့ ဝန်ထမ်းများနှင့် တာဝန်ရှိသူများသာ သွားလာနိုင်သည်။

စက်ရုံမှ ပြည်တွင်းသုံးငွေစက္ကူများ၊ စာပို့စနစ်တံဆိပ်ခေါင်းများ၊ အောင်ဘာလေထီလက်မှတ်များ၊ လုံခြုံရေး နှင့်ဆိုင်သောစာရွက်စာတမ်းမျိုးစုံ တို့ကို ရိုက်နှိပ်ထုတ်ဝေလျှက်ရှိပါသည်။

ငွေစက္ကူများကို ဝါဂွမ်းချည်၄၀ %နှင့်လုံခြုံရေးကြိုး ပါသော စက္ကူသားများဖြင့်ရိုက်နှိပ်ရပါသည်။ ရေနီစက္ကူစက်ရုံမှ ထွက်သော ရိုးရိုးစက္ကူများဖြင့် ရိုက်နှိပ်၍ မရသည်ကတစ်ကြောင်း ပြည်တွင်း၌ မထုတ်လုပ်နိုင်သဖြင့်ဝါဂွမ်းချည် ၄၀%နှင့် လုံခြုံရေးကြိုးပါသေ ာစက္ကူကို အိန္ဒိယနိုင်ငံ မှတင်သွင်းရသည်။

အစိုးရအဆက်ဆက်သည် ဗဟိုဘဏ်မှငွေစက္ကူရိုက်နှိပ်ဖို့လိုလာသည်ဟု တင်ပြလာပါက စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီး ဌာနမှ တစ်ဆင့် တပ်မတော်ကာကွယ်ရေးဝန်ကြီးဌာန ထိုမှတစ်ဆင့်စက်ရုံသို့အဆင့်ဆင့်အကြောင်းကြားပြီးမှ စက်ရုံကရိုက်နှိပ်ရပါသည်။

စက်ရုံမှရိုက်နှိပ်သော ငွေစက္ကူများကို သုံးစွဲ၍ မရသေးပါ။ နံပါတ်စဉ်မတပ်ရသေး၍ဖြစ်သည်။ စက်ရုံမှရိုက်နှိပ်ပြီးစီးသော ငွေစက္ကူများကို အစောင့်အကြပ် အပြည့်အစုံ နှင့်နိုင်ငံတော်ဗဟိုဘဏ်သို့ ပို့ဆောင်ရပါသည်။ ဗဟိုဘဏ်မှငွေစက္ကူများကို နံပါတ်စဉ်ရိုက်နှိပ်ရပါသည် ဝါဇီစက်ရုံ၌ရိုက်နှိပ်၍မရပါ။

ဗဟိုဘဏ်မှ ထိုငွေစက္ကူများကို နိုင်ငံ့ဝန်ထမ်းများအားလစာပေးရာတွင်အသုံးပြုသည်။ ထိုသို့အဆင့်ဆင့်ဖြတ်သန်းပြီးသောအခါ မြန်မာပြည်အတွင်း၌ သုံးစွဲနေသော ငွေကြေးအဖြစ်သို့ ရောက်ရှိလာကြောင်းရေးသားဖော်ပြအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page