အသက်ကြီးတဲ့အထိ စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားနေရတဲ့ ပေါက်စီသည် အဘ
အရမ်းပျော်တာပဲ…လိုနေချိန်တိုင်း အဘဆီ ရောက်လာတယ်
အဘရေ…ပေါက်စီ ဘယ်လိုရောင်းတုန်း၊ သားကို မှတ်မိလား၊ ဟာ…မှတ်မိတာပေါ့…သား အဘကို ကူညီခဲ့တာ (၂)ခါရှိပြီ… ဟုတ် အဘ…အသားပေါင်းကော ကျန်သေးလား?
သား အသားပေါင်းက (၃)လုံးပဲ ကျန်တယ်… ပေါက်စီကော…အဘ၊ ပေါက်စီက (၂၄)လုံး ကျန်သေးတယ် သား… ဟုတ် အဘ…ဒါဆို အကုန်ယူမယ်ဗျာ…အကုန်သာ ထည့်တော့
ဟာ…သားက တွေ့တိုင်း အကုန် ဝယ်တာပဲ…အဘကို အားမနာနဲ့နော်…စားနိုင်သလောက်ပဲ ဝယ်နော်၊ မဟုတ်ဘူး အဘ…သားလဲ စားတယ်…တခြား မိတ်ဆွေ ကလေးတွေလဲ ဝေဖြစ်တယ်…ဒါကြောင့်ပါ။
သား ကျန်နေတဲ့ အသားပေါင်း (၃)ခု စားလိုက်တော့မယ်…မရတော့ဘူး ယူစားလိုက်မယ်နော်။ စားပါ သား…အဘ ထည့်ထားပေးမယ်နော်… ဟုတ် အဘ…အားလုံး (၂၄)လုံးနော်
ဟုတ်တယ်သား…(၁)သောင်းပဲ ပေးပါ။ ဟုတ် အဘ…ရော့ ၈၀၀၀၀ ကျပ်။ ဟာ…သား ပိုက်ဆံတွေ အများကြီး ပိုနေတယ်။ ဟုတ် အဘ…ပိုနေတာ အဘကို ကန်တော့တာပါ။
အဘ လိုနေတဲ့အချိန်တိုင်း….သား ရောက်လာတယ်…တကယ် ကျေးဇူးတင်ပါတယ်။ ဟုတ် အဘ…အိမ်ဂရုစိုက်ပြန်ပါနော်။
ပထမတခါ ကိုဗစ်ကာလ ဆန် ဆီ စားစရာလှူရင်း တွေ့တော့ (ကျေးဇူးတင်လိုက်တာ…အဘ အိမ်မှာ ဆန်ဝယ်ဖို့ ခက်ခဲနေတာဆိုပြီ)၊ ဒုတိယတခါ ပေါက်စီ ရောင်းမလို့ ထွက်လာတုန်း အကုန် တခါတည်း ဝယ်ပေးဖူးတယ်။
(ကျနော်တို့နှင့်အတူ ပူးပေါင်းပါဝင်လှူဒါန်းပေးကြသော (၇)ရက်သားသမီးများအား အဘကိုယ်စား ကျေးဇူးတင်ပါတယ်ဗျ)
ဪ …အဘပျော်သွားတာလေး ကြည့်ပြီ…ဝမ်းသာသလို စိတ်လဲ မကောင်းဖြစ်မိတယ်။
ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက
ကိုပူတူးနှင့်ဘော်ဒါများ