ပြိုကျကာနီး ဝါးကျောင်းလေးကြောင့် ရာသီဥတု ချမ်းအေးတဲ့ ဒဏ်ခံနေရတဲ့ (၈၂) နှစ် ဆရာလေး
ဝမ်းသာလိုက်တာ…ဆရာလေး နွေးနွေးထွေးထွေး နေရတော့မှာပေါ့နော်
ဆရာလေး အသက် (၈၂)နှစ်၊ ပြိုကျခံနီး ဝါးကျောင်းလေးမှာ…တပါးတည်း သီတင်းသုံးပါတယ်။ ကျန်းမာရေး မကောင်းတုန်းက ဆက်သွယ်လာသဖြင့်… အာဟာရဖြစ်မယ့် အစားစားများ/ Ensure များ သွားရောက် လှူဒါန်းခဲ့ပြီနောက်…ကျန်းမာရေး ပြန်လည်ကောင်းမွန်လာခဲ့ပါပြီ။
ဒုတိယတခါ သွားရောက်လှူဒါန်းခဲ့တုန်းက…ကျနော်တို့ ဆန်အိတ်တွေ ကျောင်းပေါ် တက်တင်ပေးတုန်း ကျွံ့ကျခဲ့ပါတယ်…
ခုတခါ သွားရောက်လှူဒါန်းတော့…ကျောင်းလေးက အတော့်ကို ယိုယွင်းပျက်စီးနေပါတယ်…အပေါက်တွေ များစွာဖြင့် အတော့်ကို ပျက်စီးနေပါပြီ။
ဆရာလေး…ညဘက်တွေ အိပ်ရတာ အဆင်ပြေရဲ့လား…ရာသီဥတုအေးတော့ အဆင်ပြေရဲ့လား၊ အရမ်းချမ်းတာပဲ သားရယ်…ညကနေ မနက်ထိ အရမ်းအေးတော့ အိပ်မရဘူး…အရမ်းချမ်းတာပဲ။ မိုးတွင်းဆိုလဲ…မိုးယိုလို့ အိပ်မရ၊ ခက်ခဲပါတယ် သားရယ်။
တင်ပါ့ ဆရာလေး…တပည့်တော် ဆရာလေးကို ကျောင်း အသစ်ဆောက်လှူပါ့မယ်။ ဝမ်းသာလိုက်တာ…ဒါဆို ဆရာလေး လုံခြုံနွေးထွေးစွာ နေရတော့မှာပေါ့နော်။ ဒါပေါ့…ဆရာလေး…တပည့်တော် အချိန်တပါတ်အတွင်း ဆရာလေးကို လုံခြုံနွေးထွေးစွာ သီတင်းသုံး အိပ်စက်နိုင်အောင် ကြိုးစားပါ့မယ်….တပါတ်အတွင်း ကျောင်းအသစ်ရပါမယ် ဆရာလေး။
အရမ်းပျော်တာပဲ…အရမ်း ဝမ်းသာတယ်…ဆရာလေးတွက် သား ကူညီပေးတာတွေ အရမ်းများနေပါပြီ။ မဟုတ်တာ… တပည့်တော်က ကုသိုလ်တွေ ရလို့ ဆရာလေးကို ကျေးဇူးတင်နေတာပါ။
ဪ… ဆရာလေး အအေးဒဏ်ခံစားပြီ… ချမ်းခိုက် တုန်နေတာလေးကြည့်ပြီ… ရင်ထဲ အရမ်းဝမ်းနည်းရတယ်။
ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက
ကိုပူတူးနှင့်ဘော်ဒါများ