ဖိုက်တာကြီး အောင်လအန်ဆန်ရဲ့ လေးစားဖွယ်ရာ အလှူ (ပြည်သူတွေနဲ့ အမြဲတသားတည်းပါပဲ)
ကချင်မဟာမိတ်အဖွဲ့မှ ကြီးမှူးကျင်းပသည့် ဖိုက်တာကြီး အောင်လအန်ဆန်ရဲ့ ကိုယ်ပိုင်အသုံးအဆောင်ပစ္စည်း လေလံတင်ရောင်းချပွဲမှ အမေရိကန်ဒေါ်လာ (၄၅၀၀၀) ရရှိခဲ့ကြောင်း သိရပါတယ်။
အဆိုပါလေလံပွဲမှ ရရှိတဲ့ အလှူငွေ အားလုံးကို တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် တစ်ဝိုက်တွင်ရှိသည့် စစ်ဘေးရှောင်ပြည်သူများနှင့် အရေးပေါ် လိုအပ်နေသည့် နေရာများတွင် ကူညီပေးသွားမည်ဟုလည်း သိရပါတယ်။
အောင်လအန်ဆန် ချန်ပီယံဖြစ်တုန်းက ဝတ်ဆင်ခဲ့တဲ့ ဘောင်းဘီ (၂) ထည်နှင့် လက်အိတ်ကို လေလံတင် ရောင်းချခဲ့ခြင်းဖြစ်ပြီး ပစ္စည်းတစ်ခုစီအတွက် ကြမ်းခင်းဈေးနှုန်း အမေရိကန် ဒေါ်လာ တစ်သောင်းမှ စတင်လေလံတင်ခဲ့ခြင်းဖြစ်ကာ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့အိန်ဂျယ်လစ်မြို့တွင် ကျင်းပခဲ့ခြင်း ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ် မတ်လကလည်း အောင်လအန်ဆန်ရဲ့ ကိုယ်ပိုင်ပစ္စည်း အသုံးအဆောင် လေလံတင် ရောင်းချပွဲအား ရန်ကုန်မြို့တွင် ကျင်းပခဲ့ပြီး လေလံပွဲမှ ရရှိခဲ့သည့် ကျပ်သိန်း (၅၀) ကျော်အား ကချင်ပြည်နယ်က စစ်ဘေးရှောင်များနှင့် ရန်ကုန်မြို့က မိဘမဲ့ဂေဟာများတွင် လှူဒါန်းမှုများ ပြုလုပ်ခဲ့ပါတယ်။