လာမယ့် ၄၈ နာရီအတွင်း မိုးကြီးပြီး အအေးပိုမယ့် ဒေသတွေကို ဆရာမလေး စုစုစံ ပြောလိုက်ပြီ

၂၀၂၂ ဖေဖော်ဝါရီလ ၅ ရက်နေ့ ၆ ရက်နေ့တို့တွင် ၁၈၀၀၀ပေ အမြင့်ပေမှ လေအေးထုဖြတ်သန်းမှာဖြစ်ပါသောကြောင့် မိုးနဲ့အအေးပိုပါလိမ့်မယ်။ မိုးကြီးနိုင်တဲ့ဒေသတွေကို ရက်ကြိုခန့်မှန်းပေးပြီးလည်းဖြစ်ပါတယ်။ (ခန့်မှန်းချိန် ၂-၂-၂၀၂၂ ရက်နေ့ မနက် ၁၀ နာရီ ၂၂ မိနစ်)

ချင်းပြည်နယ်ကြီးမိုးသတိ၊ ၂၀၂၂ဖေဖော်ဝါရီလ ၅ရက်နေ့ ၆ရက်နေ့ ချင်းပြည်နယ်တစ်ခုလုံး မိုးများစွာရွာသွန်းနိုင်ပြီး အအေးပိုနိုင်ပါတယ် (ခန့်မှန်းချိန် ၂-၂-၂၀၂၂ ရက်နေ့ မနက်၁၀ နာရီ ၃၈ မိနစ်)

၂၀၂၂ ဖေဖော်ဝါရီလ ၅ ရက်နေ့ ၆ ရက်နေ့ ဧရာဝတီတိုင်း ရန်ကုန်တိုင်း ပဲခူးတိုင်းတွေမှာ မိုးများရွာသွန်းနိုင်ပါတယ်။ (ခန့်မှန်းချိန် ၂-၂-၂၀၂၂ ရက်နေ့ နေ့လည် ၁ နာရီ ၄၀ မိနစ်)

၂၀၂၂ ဖေဖော်ဝါရီလ ၅ ရက်နေ့ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ဆားလုပ်ငန်းလုပ်ကိုင်နေကြသော စက်စဲ ပင ဝဲကလောင် ဒေသတွေမှာ ၀.၅ လက်မခန့် မိုးရွာနိုင်ပါတယ်။ (ခန့်မှန်းချိန် ၃-၂-၂၀၂၂ ရက်နေ့ နေ့လည် ၃ နာရီ ၄၅ မိနစ်)

Su Su San (Senior Meteorologist, Advanced Weather Forecaster & Meteorological Intelligence Officer)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page