သဘက်ကြီးကြောင့် တရွာလုံး ပျက်သွားရတဲ့ အဖြစ် (အထက်အညာဒေသက ဖြစ်ရပ်မှန်တခု)

မြန်မာနိုင်ငံအလယ်ပိုင်း၊ မြစ်ဝကျွန်းပေါ်ဒေသရှိ ဒလက်ဝကျေးရွာလေးတွင် ဦးဘမောင် နှင့် မြေး မမြနှစ်တို့နေထိုင်ကြလေသည်။ ဦးဘမောင်ငယ်စဉ်က ပုဂ္ဂလိကပိုင် သင်္ဘောမောင်းခဲ့သူတစ်ယောက်ဖြစ်လေသည်။

”အဘိုးထမင်းစားပြီးပြီလားဟင်” ” မစားရသေးပါဘူးကွယ် သမီးကိုစောင့်နေတာ ” ” သမီးလဲ ယာထဲမှာအလုပ်ရှုပ်နေတာနဲ့ ပြန်မလာဖြစ်သေးတာပါ အဘိုး” ” အေးပါသမီးရယ် ” ” အဘိုးဘာတွေစဉ်းစားနေတာလဲ ” ” အော် အဘိုးငယ်စဉ်က အကြောင်းလေးတွေ စဉ်းစားနေတာပါ သမီးရယ် ”

‘ သူများတွေကပြောကျတယ် အဘိုးငယ် ငယ်က အရမ်းဆိုးတာပဲဆို ဟုတ်လားဟင် ” ဟုတ်တယ် သမီးရဲ့ ” ” အဘိုးရဲ့ အမေက အလိုလိုက်ခဲ့တယ်။ အဘိုးလိုချင်တာရှိရင် နှစ်ခါမပူစာရဘူးလေ အဲဒါကြောင့် အရမ်းဆိုးတာပေါ့ကွယ် ကျောင်းကို လဲတစ်ဝက်တစ်ပျက်နဲ့ထွက်ခဲ့တယ် ပြီးတော့ ထန်းရည်လေးတမြမြ ကြက်ကလေးတသသနဲ့ပေါ့ကွယ် အဘိုးက ကြက်တိုက်တာ အရမ်းဝါသနာ ကြီးတယ်”

”ကြက်ဝိုင်းသွားဖို့ ပိုက်ဆံ အိမ်က ပေးရင်ပေး မပေးရင် ရှိတဲ့ပစ္စည်းခိုးရောင်း တော့တာပဲ ” ”နောက်တော့ မိဘတွေက ခြေငြိမ်အောင် အိမ်ထောင်ချပေး လိုက်တာပေါ့ကွယ်” ”သမီးတို့ အဘွားနဲ့ အိမ်ထောင်ကျ ပြီးခြေငြိမ်သွားတယ် နောက်တော့ ရန်ကုန်ကနေအထက်ပိုင်းကိုတက်မဲ့ သင်္ဘောမှာ သင်္ဘောသားအဖြစ် အဘိုး လိုက်ခဲ့တယ် ”

” အထက် အညာဖက်ကို အဘိုး သွားလာဖူးတာပေါ့နော်” ” ဒါပေါ့ကွယ် အဲဒီအချိန်က ရေကြောင်းခရီးသွားလာခြင်းက သိပ်မတွင်ကျယ်သေးဘူးလေ ” ” အဘိုးအထက်အညာဖက်က စုန်း အောက်လမ်း တို့ပေါတယ်ဆို ဟုတ်လားဟင် ” ” ဟိုအရင် ဆိုးရိုးစကားရှိတယ် သမီးရဲ့ ရွာတစ်ရွာမှာပညာသည် ၄ ယောက် အနည်းဆုံးရှိတယ်တဲ့ အထက်ဘက်မှာမှ ပေါတာ မဟုတ်ပါဘူး ဒေသအသီးသီး မှာရှိပါတယ် အခုချိန်မှာတော့ အဲဒီအယူတွေ မရှိသလောက်ကို ဖြစ်သွားပါပြီကွယ် ”

” အဘိုးသရဲ တစ္ဆေတွေမြင်ဖူး လားဟင် ” ” မမြင်ဖူးပေမဲ့ အဘိုးရဲ့ဆရာတစ်ယောက် ပြောပြဖူးတယ်” ” အဲဒီအကြောင်း သမီးကိုပြောပြ ပါလားဟင် ” ” အေးအေး နားထောင်နော် ”

ကိုဘမောင်တစ်ယောက် မမြမေနှင့်အိမ်ထောင်ကျပြီးနောက် အထက်နှင့်အောက် စုန်ဆန်ဆင်းသည့် ပုဂ္ဂလိက သင်္ဘောတစင်းတွင် သင်္ဘောသား အဖြစ်လိုက်ပါခဲ့လေသည်

သင်္ဘောဆလင်မှာ အသက်၅၀ခန့် ရှိ၍ အရပ်အမောင်းကောင်း၍ ခန့်ညားသောဥပဓိရုပ်ရှိပြီး စိတ်သဘော ထားကောင်းမွန်လေသည် ” အဘ ဒီသင်္ဘောမှာဆလင်ဖြစ်တာ ကြာပြီလားဗျ” ” အနှစ် ၂၀ ရှိပြီကွဲ့ ” ”သင်္ဘောသားတွေပြောတာကြားတာ အဘက ဆေးဆရာတစ်ယောက်ဆို ဟုတ်လားအဘ ”

” အင်း ဟုတ်ပါတယ် ” ” အဘက ပယောဂလည်း ကုတယ်ဆို’ ” ဟုတ်တယ်ကွဲ့” ” အဲဒီအဖြစ်အပျက်ကလေးတွေပြောပြပါ လားအဘ ” ” ငါ့ကိုတစ်ခါတုန်းက ညအချိန်မတော်ကြီးရွာက ပယောဂကုဖို့လာပင့်တယ်ကွဲ့ ငါလဲလိုက်သွားတာပေါ့ တပည့် တယောက်နဲ့၊ ဟိုရောက်တော့ လူနာက ပူလိုက်တာ ပူလိုက်တာလို့ အော်ပြီး ဟိုလှိမ့် ဒီလှိမ့်ဖြစ်နေတယ် ကြည့်လိုက်တော့ သူ့ကိုယ်မှာ အနီရောင်ကြိုးနဲ့ လုပ်ထားတဲ့ ပိုက်ကွန်တစ်ခုကရစ်ပတ်ထားတယ် ”

” ငါလဲပုံမှန်မဟုတ်ဘူးဆိုတာသိလိုက် တယ် အဲဒါကြောင့် အထက်ဆရာ တွေသုံးတဲ့ ဆေးကတ်ကြေးနဲ့ကိုက်ဖြတ် လိုက်တယ် ” ” ပိုက်ကွန်တွေ အကုန်ဖြတ်လိုက်တော့မှ လူနာလဲ ငြိမ်ကျသွားတယ် ” ”ရွာသူကြီးကငါ့ကိုပြောတယ် သူတို့ဘယ်သူတွေလဲ ဆိုတာသိလား မေးတယ် ” ”ငါလဲနဲနဲတော့ရိပ်မိပါတယ်ဆိုပြီးဖြေ လိုက်တယ် ”

”သူတို့က ဘယ်သူတွေမို့လို့လဲအဘ ” ”ပရလောကသားတွေပေါ့ကွယ် ” ”ရွာသူကြီးကပြောပြတယ် သူတို့က ‘ဝေမာနိက ပြိတ္တာဘုံသားတွေဖြစ်ကြောင်း ပေါ့ကွယ် တစ်ကယ်တော့သူတို့တွေကလဲ ”ငရဲ၊ တိရိစ္ဆာန်၊ ပြိတ္တာ၊အသူရကာယ် ဆိုတဲ့ အပါယ် ၄ဘုံသား ထဲမှာပါတဲ့ နေ့စံညခံရတဲ့ ပြိတ္တာတွေပေါ့ကွယ် ”

” အော် ဟုတ်လား ” ” သန်းခေါင်မတိုင်ခင်မှာ ငါတို့ကို နေရပ်လိုက်ပို့ပေးတယ်လေ ကျေးဇူးဆပ်တဲ့အနေနဲ့ ငွေဒင်္ဂါးတွေတောင် ကန်တော့လိုက် သေးတယ် သူတို့ကတော့ ဝဋ်ကြွေးပေးဆပ်ဖို့သွားရတယ်လေ” ” စိတ်ဝင်စားစရာပါပဲအဘရယ်” ” နောက်ထပ် တစ္ဆေနဲ့ပတ်သက် ပြီးတော့အကြောင်းအရာလေး ရှိရင်ပြောပြပေးပါလားအဘ”

”အင်း ငါဆေးပညာတွေ မတတ်ခင်တုန်းက ကြုံခဲ့ရတာလေး ပြောပြမယ်” ”တစ်နေ့ရွာတစ်ရွာကို နွားဖိုးငွေတောင်းရအောင် ငါတစ်ယောက်ထဲသွားခဲ့တယ် ခရီးကလဲဝေးတယ်လေ တစ်ညအိပ်ပြီး နောက်တစ်နေ့ ညနေပိုင်းမှ ငါပြန်လာ ခဲ့တယ်”

”မှောင်ရီသမ်းတဲ့ အချိန်ရောက်တော့ ရွာတစ်ရွာကို လှမ်းမြင်လိုက်ရတယ် ငါလဲ ရေတောင်းသောက်ဖို့ ကြံပြီး ရွာဆီ အရောက်သွားတာပေါ့ ” ”ရွာထိပ်ရောက်တော့ မီးဖိုတစ်ဖိုဖိုပြီး ဘေးနားမှာလူတစ်ယောက်ကိုတွေ့ရ တယ် ငါလဲအနားကပ်သွားတာပေါ့”

”မြင်လိုက်ရတာကတော့ နားရွက်ကားကား၊ မျက်လုံးပြူးပြူး၊ လျှာကြီးကအပြင်ထွက်ပြီး အစွယ်တွေနဲ့ သဘက်ကြီးတစ်ကောင်လေ မီးဖိုဘေးမှာ ထိုင်နေတာတွေ့တယ် ” ” ငါလဲအမှတ်တမဲ့ဆိုတော့ လန့်သွားတာပေါ့ လန့်သွားတာနဲ့ ပါးစပ်ကလဲဘုရားစာရွတ်မိတယ် ”

”ဣိပိတော ဘဂဝါလို့ဆိုတော့ သူက မဖြုံဘူး ” ” ငါလဲနောက်ဆုံးကြံရာမရတဲ့အဆုံး သမ္ဗုဒ္ဒေဂါထာရွတ်လိုက်မိတယ် အဲဒီမှာသဘက်ကြီးက လက်ကာပြတယ် ငါလဲဆက်ရွတ်တာပေါ့ နောက်တော့ သူကရွာထဲကိုဝင်ပြေးတယ် ငါလဲဆက်လိုက်တာပေါ့ နောက်ဆုံး ဘုန်းကြီးကျောင်းထဲဝင်ပြေးတယ် ငါလဲပါးစပ်ကရွတ်ရင်းလိုက်ဝင်သွားတယ် နောက်ဆုံးတော့သူလဲ မခံနိုင်တော့ ဘူး ထင်တယ် ရွာအပြင်ကိုထွက်ပြေး သွားတယ်။

ရွာထဲမှာလဲတိတ်ဆိတ်နေတာပဲ ရွာအဆက်နားက တဲစုလေး လေးငါးအိမ်မှာမီးရောင်တွေ့လို့ ဝင်ကြည့်မှပဲ အကြောင်းစုံသိရတယ် အဲဒီရွာက အရင်ကအရမ်းကို စည်ကားတဲ့ရွာကြီးတစ်ရွာဖြစ်ခဲ့တယ် ကျောင်းထိုင်ဘုန်းကြီးပျံလွန်တော်မူပြီး ဘုန်းကြီးကျောင်းမှာ သဘက်ကြီး ဖြစ်နေခဲ့တယ်တဲ့

နောက်တော့ ရွာထဲမှာလဲ ဝမ်းရောဂါ ပုလိပ်ရောဂါတွေဖြစ်ပြီး လူတွေအသေအပျောက်များလာတော့ တစ်ချို့လဲ ပြောင်းပြေးကျတယ်၊ တစ်ချို့လဲမိသားစုလိုက်သေကျတယ် လူတွေလဲကြောက်ကြောက်နဲ့ပြေးကျတော့ တစ်ချို့ဆို အလောင်းတောင်မြုပ် ချိန်မရဘူးတဲ့နောက်တော့ ရွာပျက်သွား တဲ့အထိကိုဖြစ်သွားတယ်

ရွာထဲမှာ နေတဲ့သူဆိုလို့ သူတို့အိမ်စုလောက်ပဲ့ ကျန်ခဲ့တယ်သူတို့ရွာသားတွေက ဘာသာခြားတွေများတယ်လေ သူတို့လဲ ရွာပျက်သွားပြီး နောက်ပိုင်း ညဘက်ဆို သရဲ တစ္ဆေတွေလျှောက်သွားနေကျတယ် လို့သူတို့ကပြောတယ်

သူတို့ ကပြောသေးတယ် သူတို့ရွာပျက်ရတာ သဘက်ကြီးကစားလို့ ပျက်ရတယ် ဆိုတဲ့အကြောင်းပြောတယ် သူတို့တွေမှာလဲ့ တစ်ရပ်တစ်ရွာပြောင်းပြေးဖို့အဆင်မပြေ သေးလို့မပြောင်းရသေးကြောင်းပြောပြ တယ် ငါ့ကိုလဲရွာကိုဘာလာလုပ် တာလဲဆိုတဲ့အကြောင်းမေးတယ်လေ” ” ငါလဲအကြောင်းစုံပြောပြလိုက်တယ်”

‘သူတို့ဆိုသဘက်ကြီးရန်ကိုကြောက်လို့ ညဘက်မထွက်ရဲကြောင်းပြောတယ်လေ ငါ့ကတော့မကြောက်ကြောင်း ပြောတော့ သူတို့က ဘာလို့မကြောက်တာလဲလို့မေးတယ် လေ ငါလဲပြောပြလိုက်တာပေါ့ အဲဒီမှာပဲ သူတို့လဲ သမ္ဗုဒ္ဒေဂါထာ တန်ခိုးကြီးမားကြောင်း ငါတို့ဗုဒ္ဓသာသည်သာကိုးကွယ်ရာ အစစ်အမှန်ဖြစ်ကြောင်းသိသွားခဲ့တယ်

နောက်နေ့ မနက်မှာတော့ သူတို့လဲ ငါတို့ ဗုဒ္ဓဘာသာကိုကူးပြောင်းသွားတယ် ငါလဲ သမ္ဗုဒ္ဒေဂါထာရဲ့တန်ခိုးကြီးမား ပုံကိုသိသွားခဲ့တယ် ” ” ငါလဲအဲဒီရွာမှာတစ်ညအိပ်ပြီး နောက်နေ့ကျတော့ တစ်ရွာလုံးကို သမ္ဗုဒ္ဒေဂါထာပတ်ရွတ် ရေမန်းတွေဖျန်း ပေး ပရိတ်ကြိုးတွေ လုပ်ပေးပြီးတော့ မှပဲရွာပြန်ဖြစ်ခဲ့တယ်လေ ” ”အဲဒါပဲသမီးရေ ” ”စိတ်ဝင်စားစရာကောင်းပါတယ် အဘိုးရယ် ” ” အေးပါ ငါ့မြေးရယ် ”

Thin Thin Mon

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page