တနေ့လုံးမှ ကျပ် (၂၀၀) ဖိုးပဲ ရောင်းရတဲ့ အသက် (၇၀) နိဗ္ဗာန်ဈေးသည် အဖိုး

(၂)သောင်း ပြန်သွားဆပ်မယ်…သံသရာမှာ အကြွေးမပါတော့ဘူး

အဖိုး အသက် (၇၀)နှစ်၊ ဘုရားစောင်းတန်းမှာ…ပုတီးလေးတွေ ပန်းအိုးလေးတွေ ရောင်းတယ်၊ ဆိုင်ခန်းခ တလ (၄)သောင်းခွဲ ပေးရတယ်…အဲ့ဆိုင်လေးမှာပဲ နေတယ်။

အဖိုးရေ… ပုတီးလေးတွေ ဘယ်လိုရောင်းတုန်း၊ ပုတီးအကြီးက ကြိုက်တာယူ (၁၅၀၀)ကျပ်ပါ။ (၂၇) လုံး အသေးက ကြိုက်တာယူ (၁၀၀၀) ကျပ်ပါ။ အဖိုးရေ…အသေးတည်းက (၁၀)ကုံးလောက်ယူမယ်။ ဝမ်းသာလိုက်တာ…ကျေးဇူးတင်ပါတယ် သားရယ်…မနက်တည်းက ထီး (၁)ချောင်း (၂၀၀)ပဲ ရောင်းရသေးတယ်။

ဟုတ် အဖိုး…ဒါဆို ခု ညနေထိ (၂၀၀)ဖိုးပဲ ရောင်းရတာပေါ့ ဟုတ်လား။ ဟုတ်တယ် သား…ဒီမှာ ကြည့်လေ အကြွေလေးပဲ ရှိတာ။ ဟုတ် အဖိုး…ဒါဆို (၁၀)ခု နော်…သားတို့ ရွေးမယ်နော်။

ရွေးပါ သားရယ်…သားတို့က အများဆုံး အားပေးတာပဲ… ဟုတ်လား အဖိုး…ကျနော်တို့ ဝယ်တာ အများဆုံးပဲ ပေါ့။ ဟုတ်တယ်သား…ကျေးဇူးတင်ပါတယ်။ ဟုတ် အဖိုး…ရပါတယ် ဒီမှာ (၁၀)ခုနော် အဖိုး

အဖိုးကို ပေး…အိတ်လေးနဲ့ ထည့်ပေးမယ်။ အဖိုး ရော့…. ၆၀၀၀၀ ကျပ်၊ ဟာ…အများကြီးပဲ သား…တသောင်းပဲ ကျတာလေ။ ပိုနေတာ အဖိုးကို ကန်တော့တာပါ…လိုရာသုံးပါနော်

ဝမ်းသာလိုက်တာ…အဖိုး နေမကောင်းတုန်းက ဆေးခန်းပြဖို့ ယူထားတဲ့ အကြွေးတွေ ရှိတယ်။အကြွေး (၂) သောင်း သွားဆပ်မယ်…အဖိုး သံသရာ အကြွေးမပါတော့ဘူး သားရယ်…ကျေးဇူးတင်ပါတယ်။ ဟုတ် အဖိုး…ကျန်းမာရေး ဂရုစိုက်နော်။

သားတို့ ရောက်လာတာ အဖိုး ခေါင်းကိုက်နေတာတောင် ပျောက်ပြီ ပိုတောင်နေလို့ကောင်းလာတယ်…ကျေးဇူးတင်ပါတယ် သားနဲ့သမီးရယ်

(ကျနော်တို့နှင့်အတူ ပူးပေါင်းပါဝင်လှူဒါန်းပေးကြသော (၇)ရက်သားသမီးများအား အဖိုးကိုယ်စား ကျေးဇူးတင်ပါတယ်ဗျ)

ဪ… ကျနော်တို့အတွက် (၂) သောင်းက သူငယ်ချင်းတွေ ဆိုင်ထိုင်စားရင် ကုန်ကျသလောက်ဆိုပေမယ့် သက်ကြီးရွယ်အို အဖိုးအဖွားများအတွက်ကျ အတော့်ကို ရှာရခက်တဲ့ ပမာဏ ဖြစ်နေပါလား

ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက
ကိုပူတူးနှင့်ဘော်ဒါများ

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page