ကိုယ်ခံအားကို ချက်ချင်းမြင့်တက်စေတဲ့ ကြက်သွန်နီသံပုရာသီးဆမ်း (အခုအချိန်မှာ အလွန်အသုံးဝင်ပါတယ်)

ကိုယ်ခံအားကို မြင့်တက်စေတဲ့ ကြက်သွန်နီ သံပုရာဆမ်းနဲ့ ပတ်သက်ပြီး ကောင်းကျိုးလေးတွေကို ဖော်ပြပေးချင်ပါတယ်။

ကြက်သွန်နီ သံပုရာဆမ်း အချဉ်ကို ထမင်းနဲ့ စားစား ဘာနဲ့ စားစား များများစာပေးခြင်းဟာ ခန္ဓာကိုယ်အတွက် အကျိုးများစေပါတယ်။ အလွန်ရိုးရှင်းပြီး လုပ်ရ လွယ်ကူတဲ့ မီးဖိုချောင်ထဲက ဆေးနည်း တမျိုးဖြစ်တဲ့ ကြက်သွန်နီ သံပုရာ ဆမ်း ပြုလုပ်ပုံလေးကတော့..

၁။ ကြက်သွန်နီကို ဖင်ဖြတ်၊ ခေါင်းဖြတ်၊ အခွံခွါပါ။ ၂။ ပုံထဲက အတိုင်း အကွင်းလိုက် လှီးထားပါ။ ရေမဆေး ပါနဲ့။ ၃။ ကြက်သွန်နီပေါ်ကို သံပုရာသီး ညှစ်ထည့် ပါ။ ၄။ ချိုတဲ့ အရသာ ပေါ်လာပါမည် ။ မွန်တဲ့ အနံ့များ ပျောက် သွားမည်။ ၅။ ၎င်းကြက်သွန်နီ သံပုရာ ဆမ်းကို မကြာခဏ စားပေးပါ။

ထမင်းနှင့် သော် ၎င်း၊ အခြား အစားအစာများနှင့် သော်၎င်း တွဲစားနိုင် ပါသည်။ ဒီနည်းကတော့ ထမင်းစားခါနီး ၂ မိနစ်အတွင်း အလွယ်တကူ ပြုလုပ်၍ စားသုံးနိုင်တဲ့ အလွယ်နည်း ဖြစ်ပါတယ်။

ဒီထက် ပိုအချိန်ပေးပြီး လုပ်နိုင်ပါက ကြက်သွန်နီကို ပါးပါးလှီး၍ သံပုရာသီးညှစ်ထည့်၊ ဆား၊ ငရုတ်သီးစိမ်းတို့ကို အနည်းငယ်စီထည့်၍ ကြက်သွန်နီသုပ်ကို လုပ်၍ စားသုံးနိုင်ပါသည်။

ကျန်းမာရေးကောင်းမွန်ပြီး ချမ်းသာသုခ ရရှိနိုင်ကြပါစေ။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page