ဘုရားဆင်းတုတော်တောင်မှ လက် (၃) ချောင်းထောင်ခွင့် မရတဲ့ခေတ် (ဗုဒ္ဓလည်း ဒုက္ခနဲ့ပါပဲလား)
ဒိုက်ဦး မြို့နယ်က အို နာ သေ လက္ခဏာ ၃ ပါးကို သတိပေး တော်မူသည့် လက်တော် ၃ ချောင်း ထောင်ထားသော(အနေကဇာတင်) ဆင်းတုတော်တစ်ဆူကို လက်၄ ချောင်း ထောင် သည့် ပုံစံ အဖြစ် ပြုပြင် လိုက်ကြောင်း သိရပါတယ်။ ဗုဒ္ဓ လည်း ဒုက္ခ (Maung Kyi)
လက် (၃) ချောင်းထောင်ထားသည့် မုဒြာပုံစံသည် ဗျာချာနမုဒြာပုံစံဖြစ်ပြီး တရားဓမ္မဆွေးနွေးသည့် ပုံစံ ဖြစ်ပါတယ်။
လက် (၄) ချောင်းထောင်ထားသည့် မုဒြာပုံစံကတော့ မုဒြာပုံစံများတွင် မပါရှိကြောင်း တတ်သိနားလည်သူများက ပြောကြားပါတယ်။
ဘုရားဆင်းတုတော်များ၊ ရုပ်ပွားတော်များကို ပြုပြင်မည်ဆိုလျှင် တတ်ကျွမ်းနားလည်သည့် ဆရာတော်၊ သံဃာတော်၊ လူပုဂ္ဂိုလ်များကို မေးမြန်းပြီးမှ ပြုလုပ်သင့်ကြောင်း၊ ထင်ရာ မလုပ်သင့်ကြောင်း လူကြီးသူမများက မှတ်ချက်ပြုလျက် ရှိပါတယ်။