တအိတ် သုံးသောင်းတန် မြေကြီးဆေးဆိုး ဓာတ်မြေဩဇာအတုအကြောင်း အကုန် ဖော်လိုက်ပြီ

လက်ရှိ စျေးကွက်ထဲပြန့်နေပြီး လယ်သမားအများစု စျေးချိုချိုနဲ့ ဝယ်သုံးမိနေတဲ့ ဓာတ်မြေ ဩဇာအတုတွေကို ဓာတ်ခွဲစမ်းသပ်ထားတဲ့ အဖြေထွက်ရှိလာပြီး ဒီမြေဩဇာအတုတွေထဲမှာ NPK ပါဝင်မှု ပမာဏရာခိုင်နှုန်း အနည်းငယ်သာရှိတယ်လို့ သိရပါတယ်။

“တောင်သူတစ်ယောက် အသုံးပြုချင်လို့ ဝယ်လာတဲ့ တစ်အိတ် သုံးသောင်းကျပ်တန် မြေလုံးဆေးဆိုး ဓာတ်မြေဩဇာအတုကို စိုက်ပျိုးရေးဉီးစီးဌာန အရာရှိတွေက စိုက်ပျိုးရေးသုတေသနကို နမူနာပေးပို့ စစ်ဆေးခိုင်းရာမှ ရရှိလာတဲ့ အဖြေများ ဖြစ်ပါတယ်။ ဓာတ်ခွဲစစ်ဆေးလို့ ရရှိလာတဲ့ NPK ပါဝင်မှု ပမာဏ % နှမ်းစေ့လောက် ဟာလည်း အတုလုပ်သူများက ထည့်သွင်းထားတာမဟုတ်ဘဲ ကုန်ကြမ်း လုပ်တဲ့ မူလမြေကြီးမှာပါဝင်တဲ့ ပမာဏရာခိုင်နှုန်းများသာ ဖြစ်ပါလိမ့်မယ်။ ခေတ်အခြေအနေ အရပ် ရပ်ကြောင့် မသုံးနိုင်တာ ရှက်စရာမဟုတ်ပါ။အလိမ်ခံရ ‘အ’ ရာရောက်တာက ရှက်စရာဖြစ်ပါတယ်”လို့ ဓာတ်ခွဲအဖြေလွှာနဲ့အတူ စိုက်ပျိုးရေးပညာရှင်တစ်ဦးက အသိပေးထားပါတယ်။

ဓာတ်မြေဩဇာမှာ ပါတဲ့ NPK ဆိုတာကတော့ အပင်တွေမှာ အသုံးပြုတဲ့ မက်ခရိုအာဟာရသုံးမျိုးရဲ့ တန်ဖိုးကို အတိုချုံးကိုယ်စားပြုထားတာဖြစ်ပြီး ဒီဓာတ်တွေကတော့ နိုက်ထရိုဂျင် (N)၊ ဖော့စဖရပ် (P) နဲ့ ပိုတက်စီယမ် (K) တို့ပဲဖြစ်ပါတယ်။ အခု စစ်ဆေးထားတဲ့ ဓာတ်မြေဩဇာအတုထဲမှာဆိုရင် နိုက်ထ ရိုဂျင် ၀ ဒသမ ၅ ရာခိုင်နှုန်းနဲ့ အစိုဓာတ် ၂ ဒသမ ၈ ရာခိုင်နှုန်းသာ ပါဝင်တာကို တွေ့ရပါတယ်။ ကျန်တဲ့ အပင်အာဟာရဖြစ်စေတဲ့ ဓာတ်အားလုံး လုံးဝမပါဝင်တဲ့အခြေအနေဖြစ်ပါတယ်။

“အဲဒီပမာဏလောက်ကတော့ စိုက်ပျိုးနေတဲ့ မြေကြီးတိုင်းမှာ ပါဝင်ပါတယ်”လို့ ဓာတ်မြေဩဇာအတု အကြောင်း မျှဝေထားတဲ့ စိုက်ပျိုးရေးပညာရှင်က ဆိုပါတယ်။ လက်ရှိမှာ အရည်အသွေးကောင်းတဲ့ ဓာတ်မြေဩဇာအများစုက တစ်အိတ်ကို ကျပ် ၁ သိန်းကျော်ဝန်း ကျင်အထိ ရှိလာတဲ့အတွက် တောင်သူလယ်သမားအများစုဟာ စျေးနှုန်းချိုသာတဲ့ ဓာတ်မြေဩဇာ တွေကိုသာ ဝယ်သုံးရာကနေ အခုဆိုရင် မြွေပါလည်းဆုံး၊ သားလည်းဆုံးနေတဲ့ အခြေအနေဖြစ်တယ် လို့ ဆိုပါတယ်။

“ဝယ်သုံးလိုက်တဲ့ မြေဩဇာက ဝါနေတဲ့ အပင်တွေလည်းမစိမ်းဘူး။ အချိန်ကြာကြာစောင့်ကြည့် လည်း ဒီအတိုင်းပဲ ပိုဝါလာတယ်။ အပင်လည်း မပွားဘူး။ မြေဩဇာဖြန်းလို့ အရည်ပျော်သွားတဲ့အချိန် ဆို ရွှံ့တွေအတိုင်းပဲ။ မြွေပါ လည်းဆုံး၊ သားလည်းဆုံး အခြေအနေဖြစ်နေပြီ။ တောင်သူတွေကိုမှ လုပ် ရက်ကြတယ်။ တောင်သူတွေ မအကြဖို့ပဲ အရေးကြီးတယ်။ အခုချိန်က ခေတ်ကြီးက မကောင်းတော့ အရေးယူဖို့လည်း မဖြစ်နိုင်ဘူးလေ”လို့ ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်မှ လယ်သမားတစ်ဦး က ပြောပါတယ်။

ဒီလိုမျိုး မြေကြီးဆေးဆိုးရောင်းတဲ့ ဓာတ်မြေဩဇာအတုတွေကို အလွယ်ဝယ်မသုံးဘဲ အာမခံချက်ရှိ ပြီး အရည်အသွေးပြည့်မီတဲ့ ဓာတ်မြေဩဇာတွေကိုပဲ စပ်တူဝယ် အသုံးပြုကြဖို့၊ ပုလဲနဲ့ နွားချေး၊ ပဲ ဖတ်၊ နှမ်းဖတ်၊ ဖွဲပြာ စတဲ့ ကိုယ့်ဝန်းကျင်မှာ ရနိုင်တဲ့ အရာတွေကို ရောနှောအသုံးပြုကြဖို့ စိုက်ပျိုး ရေးပညာရှင်တွေက အကြုံပြုထားပါတယ်။

အဆိုပါ မြေကြီးဆေးဆိုး ဓာတ်မြေဩဇာ အတုများကို ပြည်တွင်းမှာပဲ ထုတ်လုပ်နေတာလား၊ တဖက် နိုင်ငံက သွင်းလာတာလား ဆိုတာ သဲသဲကွဲကွဲ မသိရသေးဘဲ တခြား ဓာတ်မြေဩဇာများနဲ့ ယှဉ်ရင် ဈေးနှုန်း သုံးချိုး တချိုး သက်သာတာကြောင့် တောင်သူလယ်သမားများအနေနဲ့ အများအပြား ဝယ်ယူသုံးစွဲနေကြတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page